etoneOctober 5, 20111min024
ဒီနေ့မနက် … အီးမေးလ်ထဲ ဝင်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%   အိမ်ရှင်အမျိုးသမီးက အသက် ၁ဝ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . . စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ […]


နည်ရဲဇော်October 3, 20113min02
ပြိုင်ပွဲဆိုတာ မြင်းတွေအတွက်ပဲ။ အနုပညာသမားတွေအတွက်မဟုတ်ဘူး လို့ဟန်ဂေရီလူမျိုး ဂီတဆရာနှင့်စန္ဒယားဆရာ Bela Bartok ကတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ကျွန်မကတော့သဘောတူတယ်။ နောက်ပြီးဆက်ပြောလိုက်ချင်သေးတယ်။ ပြိုင်ပွဲဆိုတာ ကလေးတွေအတွက်လည်းမဟုတ်ဘူး လို့။ အထူးသဖြင့် အဲဒီပြိုင်ပွဲဟာ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြရတာမျိုးဆိုရင်ပေါ့။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က တီဗွီဖွင့်ကြည့်မိတော့ အသက် ၈ နှစ်သမီးလောက် ကလေးတစ်ယောက် တောက်ပြောင် ဆန်းပြားတဲ့ဒီဇိုင်းနဲ့ အဝတ်အစား၊ မိတ်ကပ်တွေအပျံစားလိမ်းထားတာတွေ့လိုက်သည်။ ကလေးမလေးက အချစ်သီချင်းတစ်ပုဒ်ကို တကယ့်ခံစားမှုအပြည့် ညုတုတု ပုံစံမျိုးနှင့်ဆိုနေသည်။ သူကလေး ကနေပုံကလည်း တကယ့်ဖိတ်ခေါ်သည်အကထက်မလျော့။ အနှီမိန်းကလေးသာ အသက်ဆယ်နှစ်လောက်ပိုကြီးနေပါက (အကယ်၍ကျွန်မသမီးသာဆိုပါက + ၂ဝ နှစ်ပေါ့) လက်ခံနိုင်စရာ အကြောင်းရှိပေမည်။ အခုတော့ အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအတွက် ၎င်းအိုက်တင်များသည် အတော်ပင် စိတ်မချမ်းသာစရာဖြစ်နေတော့သည်။ သူ့အရွယ်ကလေးနှင့်ပင်မလိုက်ချေ။ ၎င်းကား အလားအလာရှိသူ ကြယ်ပွင့်သစ်များကို ရှာဖွေသည်ဆိုသော “talent […]


ဘာရယ်မဟုတ်ပါ။ ဒီနေ့  စက်တင်ဘာ ၃ဝရက်နေ့ ည၁၁နာရီအချိန်မှာ ဓမ္မရံသီဆိုက် ဝင်ကြည့်မိတော့ တရားတော်အသံဖိုင်ပေ့ချ်မှာ ဆရာတော်တပါးချင်းစီရဲ့အမည်နဲ့ တရားနာသူ ပရိသတ်ဦးရေတွေ့လို့ ရွာသားများလည်း သိရအောင် ကူးတင်လိုက်ပါတယ်။ ပရိတ်သတ် အနည်းအများကို ဆိုက်တခုထဲကနေ ဆုံးဖြတ်လို့မရပေမဲ့ တရားနာလေ့ရှိသူများ သဘောကျနှစ်သက်တဲ့ ဆရာတော်များကို ဒေါင်းလုပ်ချတဲ့ ဦးရေအရေအတွက်နဲ့ တိုင်းတာကြည့်ရင် ယေဘူယျ သိနိုင်မယ်ထင်လို့ပါ။ credit: http://www.dhammaransi.com/index.php?option=com_content&view=category&id=50&Itemid=83 ဓမ္မရံသီဆိုက်တွင် အွန်လိုင်းမှတဆင့်အများဆုံးနာယူသူ ပရိတ်သတ် ရရှိသူ ဆရာတော်များ ၁. အရှင်ဇဝန(မေတ္တာရှင်) ရွှေပြည်သာ 19190 ၂. မိုးကုတ်ဆရာတော်ဘုရားကြီး အရှင်ဝိမလ 17070 ၃. ဆရာတော်ဥုးသုမင်္ဂလ (မင်္ဂလရိပ်သာ) 15881 ၄. သီတဂူဆရာတော် အရှင်ဉာဏိဿရ 15366 ၅. တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသ 11505 ၆. […]


thit minSeptember 30, 20111min013
ဆယ်မိနစ်အတွင်း (Stress)စိတ်ဖိစီးမှု ပျောက်နည်း လူတို့သည်အခြေခံစားဝတ်နေရေးပြည့်စုံရန်၊ ပိုမိုတိုးတက်သောဘဝတခုတည်ဆောက်နိုင်ရန် တိုးတက်သောခေတ်နှင့်အမှီလိုက်ရန် ပညာရေး၊ စီးပွါးရေး၊ လူမှုရေးကိတ်စများနှင့် ရှုပ်ထွေးလှစွာအတွေးများ၊ လုပ်ငန်းဆောင်တာများ၊ ရစရာပေးစရာကိတ်စများ၊ ပြဿနာများ၊ အမှုအခင်းများ၊ ဒေါသဖြစ်စရာများ၊  စိတ်အလိုမကျစရာများ၊ ဖြင့်(ရုတ်တရက်ဖြစ်ပေါ်သောစိတ်ခံစားနေရမှုမျိုးမဟုတ်ပဲ )တဖြေးဖြေးအနည်ကျလာသော ပုံစံမျိုးဖြင့် စိတ်ဖိစီးမှုတခုခုရှိလာတတ်ကြသည်။ စိတ်ဖိစီးမှုမပြေပျောက်နိုင်ခြင်းမှာ စိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေခြင်းလဲအကြောင်းရင်းတခုဟု ကျနော်ကိုယ်တွေ့အရပြောဆိုလိုပါသည်။  ကိုယ်ကိုတိုင်လဲများပြားလှသော လုပ်ငန်းတာဝန်များကြားတွင်မကြာခဏဆိုသလိုဒီပရက်ရှင် အဆင့်မရောက်သော်လည်း (စိတ်အားထက်သန်စွာအလုပ်လုပ်လေ့ရှိသော) ကိုယ်ကိုယ်ကိုပြန်”ရှာ”လို့မရအောင်၊ စိတ်ဖိစီးမှုများခံစားရပါသည်။  သို့နှင့်ရီးဒါးဒိုင်ဂျက်စာစောင်(၂၀ဝ၄ဖေဖော်ဝါရီလထုတ်) အဟောင်းလေးတအုပ်ဟိုလှန်ဒီလှန်နှင့် (အများအားဖြင့်တော့ဟာသပဲဖတ်တာပါ ဒီမန်းဂေဇတ်မှာခဏခဏ အဲဒီဟာသတွေ ဘာသာပြန်ရေးခဲ့တာသတိပြုမိကြမယ်ထင်ပါတယ်) ဖတ်ကြည့်ရင်းစာတပုဒ်ကို စိတ်ဝင်စားသွားမိသည်။ ရေးသူက Peter Jaret ဆိုသူ။  “ဆယ်မိနစ်အတွင်းစိတ်ဖိစီးမှု ပျောက်နည်း(Stress Free in 10 Minutes )” တဲ့။  ခုနှစ်ချက်ရှိသည်ဟုဆိုသည်။ လေ့လာကြည့်ကြတာပေါ့ဗျာ။ ကိုယ်နဲ့အသုံးတဲ့ရင်သုံးရတာပေါ့။  သူပေးထားတဲ့ခုနစ်ချက်ပေါ်ကနေ ကျနော်ဆွေးနွေးကြည့်မယ်နော်။  1.ခဏလေးဘာမှမစဉ်းစားပါနဲ့ […]


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒီ်ကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒီ်ဘဝကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။ နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘဝပျက်ကာ ပြည့်တန်ဆာဘဝတွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။ […]


three colorsSeptember 26, 20111min04
ရန်ကုန်မြို့လူထု အများစုဟာ ဘတ်စ်ကားများကို အဓိကအားကိုးပြီး သွားလာကြရသည်။ ဘတ်စ်ကားခများ ၁ကျပ်၊၂ကျပ် မှ စတိုးလာသည်မှာ ယခုအခါ ၂၀၀၊၃၀ဝကျပ် ပင်ရှိနေပေပြီ။ ရွှေပြည်သာ၊အင်းစိန်အောင်ဆန်း၊လုှိင်သာယာစသည့် စသည့်နေရာများမှ မြို့ထဲသို့ နေ့စဉ်လာရသူများအတွက် ၂ဆင့်စီးရလျှင် အသွားအပြန် ကားခ သည် ၈၀၀၊၁၀၀ဝကျပ်ခန့်ရှိသည်၊ (အိမ်နားမှာ အလုပ်ရှာရန်ကလည်း အဆင်မပြေလို့)တလဆိုလျှင် ကားခချည်း မည်မျှကုန်မည်ကိုတွက်ကြည့်နိုင်သည်။ ဘတ်စ်ကားများ CNG ပြောင်းစက ကားခများကိုလျှော့ချပြေးဆွဲမည်ဟုကြားလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ဆီ ၃ ဂါလံနှင့်ညီသော CNG ပမာဏ၏ ထုတ်ဈေးမှာ (၇၀၀)ကျပ်သာရှိသည်ဟုသိရသည်။(မှားလျှင ပြင်ပေးကြပါကုန်)   ထို့ကြောင့်ဓါတ်ဆီ ၁ ဂါလံနှင့်ညီသောပမာဏသည် ကျပ်၂၀ဝသာသာ သာရှိသဖြင့်(၁၀)ဆကျော်သက်သာသည်။ ကားခကို ယခု ၂၀၀၊၃၀ဝကျပ် မှ ၂၀၊၃ဝကျပ် ထိပင်လျှော့ချပေးနိုင်သည်။ အထူးကားဟု အမည်ပေးပြီး ကားခ ပိုယူခဲ့သောကားများသည်လည်း(မထူး) […]


etoneSeptember 23, 20111min021
  ဘယ်ဘဝက အတိတ်ကံမှန်းမသိတဲ့ … အလွဲတွေနဲ့ ခဏခဏ ကြုံခဲ့ရဖူးတယ် …တိုက်ဆိုင်တယ်လို့ ပြောရတာထက်တောင် ပိုတဲ့စကားရှိလျှင် သုံးနှုန်းလိုက်ချင်ပါရဲ့ ….။ တကယ်ပါ ကျွန်မလေ အစိုးရဌာနဆိုင်ရာ အလုပ်တွေနဲ့ တော်ရုံတန်ရုံမပတ်သတ်ချင်ပါဘူး … ကျွန်မတို့ ရုံးတွေမှာ ဆံပင်မွှေးတွေ ထောင်လောက်အောင် အလုပ်လုပ်ကြရပေမဲ့ … တစ်ခါတစ်လေ … ရုံးတွေမှာများ .. ရုံးလာချိန်က မနက်ကိုးနာရီဆိုလျှင် … ဆယ်နာရီလောက်တောင် ခြင်းလေးဆွဲပြီး လာတုန်းပဲ .. ဗိုက်ကြီးသည်တွေဆိုလျှင် ဆယ့်တစ်နာရီထိုးခါနီး … ခြင်းထဲ မုန့်တွေ အပြည့်ထည့်လို့ ဗိုက်ကြီး တကားကားနဲ့ … မပြီးသွားတုန်း … ။ ကဲ .. သူတို့ဘဝ ဘယ်လောက်တောင် ဇိမ်ကျလိုက်သလဲ … ပြီးတော့ .. […]


manawphyulaySeptember 23, 20111min00
နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ ပူးပေါင်းစီစဉ်သော “လူငယ်များရဲ ့ ဧရာဝတီ” အစီအစဉ်အား မနက်ဖြန် စက်တင်ဘာလ (၂၃) ရက်နေ ့ မနက် (၁၀) နာရီမှာ အချိန်မှာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျွန်တော်တို ့ရဲ ့ အသက်သွေးကြော ဧရာဝတီကို ချစ်မြတ်နိုးကြသူများ ပူးပေါင်းပါဝင်ကြဖို ့ အထူးဖိတ်ခေါ်အပ်ပါတယ်။ “လူငယ်များရဲ ့ ဧရာဝတီ” အစီအစဉ် ကျင်းမည့်နေရာကတော့ နာရေးကူညီမှုအသင်း၊ အမှတ် ၁၃ (က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို ့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။ ယခုဖိတ်စာအားလည်း မြစ်ကြီး ဧရာဝတီကို ချစ်မြတ်နိုးသူ မည်သူကိုမဆို လက်ဆင့်ကမ်းဖိတ်ကြားနိုင်ပါတယ်။


ကိုယ်တိုင်ရေး ရာဇဝင် by ဆရာလေး ကိုကြည်နိုင် on Thursday, September 22, 2011 at 5:50am ( ဒီစာကို   အမ မစု က တောင်းဆိုလို ့ရေးသားလိုက်တာပါ….အမ က မန္တလေး ဂေဇက် မှာ  ကျွန်တော်တို ့ လုပ်နေတဲ ့ ကုသိုလ်ဖြစ်  ဆေးခန်းလေး အကြောင်း ရေးသားရာမှ စိတ်ဝင်စားကြတဲ ့သူတွေ ရှိလာတယ်…သူတို ့က အဖွဲ ့လေးအကြောင်း မေးနေကြတယ် ..ရေးပေးပါဦး လို ့ ဆိုလာတော့  ကျွန်တော်ကပဲ အဖွဲ ့သမိုင်းကို တင်ပြပေးဖို ့ တာဝန်ယူလိုက်ပါတယ်…)     ပထမဆုံး အဖွဲ ့လေး စတင်ဖြစ်ပေါ်လာပုံက စပြောပါ့မယ်..၂၀၁ဝ […]


ေမာင္ရိုးSeptember 22, 20111min011
ဟို တ နေ ့ ကပဲ ရွှေဈေးတက်တယ် ကြားပြီး အိမ်ကမဟေသီ ရွှေရောင်းချင် တယ် ဆိုလို ့သူ စုထား တဲ့ အတို အစ လေး သွားရောင်း ပေး ခဲ ့ ရ တယ် ။။ ဝယ် စဉ် တုံး က ခြောက် သောင်း ဈေး ။ အခု ၇၀၀၀၀ဝ ကျော် ဆို တော့ ့နည်း နည်းမြတ် မယ် အထင် နဲ ့ပေါ ့၊ ဒီလို နဲ့ ဆာမိ တို ့နှစ် ယောက် တရုတ် တန်း က ဆိုင် ခွဲ […]


ဗုဒ္ဓဘုရား မြန်မာလူမျိုးဟုတ်မဟုတ်နဲ့ ပတ်သက်လို့ ကျနော်လည်း ပြောချင်တယ်ဗျို့။ အမှန်တော့ ကမာ္ဘဦးအစ ဖိုမဒွိစုံကနေ အားလုံးပေါက်ဖွားလလို့ ဆွေမျိုးစပ်နီးစပ်တယ်ပြောတာ လက်မခံနိုင်စရာ မရှိပါဘူး။ ဗုဒ္ဓဘာသာအယူမှာ ကမာ္ဘဦးအစ ဗြဟ္မာကြီးလေးဦးက ဆင်းသက်တယ် ဆိုထားတော့ မတူတဲ့ မိဘတွေကနေ ပေါက်ဖွားတယ်လို့ ယူဆနိုင်ပြန်လို့ အားလုံးဆွေမျိုးတော်တယ် တထစ်ချယုံကြည်နိုင်ရန်လည်း ခက်ပါတယ်။ စေ့စေ့စပ်စပ် စဉ်းစားရင် မူလအစ တစုံတွဲပဲရှိရှိ၊ နှစ်စုံတွဲပဲရှိရှိ ဘယ်လိုစဖြစ်လာခဲ့သလဲ အဖြေမရှိ သေးပါဘူး။ ကနဦး ဖို၊မ နှစ်ယောက်ပဲရှိတယ်ဆိုရင် ဖိုမ နှစ်ယောက်စီရော အစကထဲက ဘာပြုလို့ မရှိနိုင်ရမှာလဲ။ ဒီတော့ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်လို့ ယူဆပါရစေ။ ပြောလေ့ရှိတဲ့ သာကီမျိုးဟေ့ ဒို့မြန်မာ ဆောင်ပုဒ်အရဆိုရင် ကျနော်တို့သည် ဂေါတမဘုရားနဲ့ ဆွေတော်မျိုးတော်စပ်လို့ ဂုဏ်ယူချင် ဂုဏ်ယူနိုင်ပါတယ်။ အနောက်တိုင်းအယူမှာလည်း ယေရှုသခင်သည် […]


manawphyulaySeptember 19, 20111min06
၂၀၁၁ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ်တွင်းရှိ Excel Treasure Hotel တွင် နေ့လည် ၃ နာရီမှစတင်၍ Mysuboo Fan Club အနေဖြင့် Child Singing Concert, Myanmar Orchestra Concert နှင့့် စုဗုူးအငြိမ့်အဖွဲ့ တို့က ကပြဖျော်ဖြေပြီး ပညာရေး ရန်ပုံငွေပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုပွဲမှ ရရှိလာမည့် ရန်ပုံငွေများအား ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတွင်း ရှိ နွမ်းပါးကလေးငယ်များအတွက် ပညာရေးထူးချွန်သူများကို ထောက်ပံပေးခြင်း၊ စာရေးစာသင်ခုံများနှင့် ကျောင်းဆောင်မရှိလျှင် ကျောင်းဆောင်ရှိလာအောင် ကြိုးစားပြီး ကလေးတွေ ပညာရေးမြှင့်တင်ရန်၊ ပညာရေးသင်ထောက်ကူ စာအုပ်နှင့် ပစ္စည်းများ ထောက်ပံပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ယခုပွဲလေးအား စီစဉ်ထားခြင်းဖြစ်ပါသည်။ Child […]