လွန်ခဲ့တဲ့ တပါတ်ကျော်လောက်က စပြီးတော့ ကုသိုလ် ပညာ ဥစ္စာ တစ်ခုမှ မရတဲ့ ပိုစ်များ တက်လာတာကို သတိထားမိကြပါသလား ..။အဲဒီ့ပိုစ်တွေကို ဖတ်လိုက်ရလို့ ဘာတစ်ခုမှ အကျိုးအပြစ် မဖြစ်တဲ့အပြင် ဒေါသတွေ တလိပ်လိပ် တက်ရတာကိုရော သတိထားမိပါသလား ..။ဒေါသတွေ တလိပ်လိပ်တက်လာတာနဲ့ အတူ ရွာသူားတွေ လက်လွန်ခြေလွန် ကွန်မန်းတွေမှာ ပြစ်ပြစ်နှစ်နှစ် ရွတ်ဖတ်ကြပေမယ့် ပိုစ်ပိုင်ရှင်ကတော့ အေးအေးဆေးဆေး လေအေးကလေးနဲ့ တုန့်ပြန်တတ်တဲ့ ပိုစ်ဆိုရင်ကော သိပါသလား…။ ဟုတ်ပါတယ် ကိုဘုန်းကျော်ရေးသားတဲ့ ပိုစ်များကို ပြောတာပါ ..။ဒါလေးတွေနဲ့ ပါတ်သက်ပြီး နဲနဲလောက်ပြောချင်ပါတယ် ..။ မန်းဂေဇက်ဟာ လွပ်လပ်စွာရေးသားနှိုင်တဲ့ ဆိုက်တစ်ခု အဖြစ် ထင်ရှားပါတယ်..။ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ မတစ်ထောင် သားသမီးများ ကိုယ်ပိုင်အမြင်တွေနဲ့ လွပ်လပ်စွာ ရေးသားကြပြီဆိုတော့ […]
