lu ta loneJuly 5, 20101min02
ကဲ သူငယ်ချင်းတွေပျင်းနေမှာစိုးလို့ အကောင်းဆုံးဗဟုသုတလေးပေးမယ် ကိုယ်ဘယ်ထဲပါလဲစဉ်းစားနော်. ၁။ ယဉ်ကျေးသူ ………………..အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟုပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟုပြောတတ်သူ။ > > ၂။ မရိုးသားသူ………………….ကိုယ်ကအီးပေါက်သော်လည်း ဝန်မခံပဲ “ကျွန်တော့်ခွေးလက်ချက်ပေါ့” ဟုလွှဲချတတ်သူ။ ၃။ မိုက်မဲသူ…………………….အီးပေါက်ချင်သော်လည်း မပေါက်ပဲ အံတင်းကြိတ်မှိတ် အောင့်ထားသူ။ > > ၄။ ဗဟုသုတကြွယ်ဝသူ………ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။ > > ၅။ ဒုက္ခသည်…………………..အီးအလွန်ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ပဲ အားမလိုအားမရ ဖြစ်နေသူ။ > > ၆။ အုံ့ပုန်း………………………လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း ဘယ်သူမှမသိအောင် အီးပေါက်သူ။ > > ၇။ ဝါကြွားသူ………………….အီးကျယ်ကျယ်ပေါက်ရခြင်း၌ ဂုဏ်ယူတတ်သူ။ > > ၈။ […]


PareByokeJuly 4, 20109min00
4th of July – Mount Rushmore Singers http://www.youtube.com/watch?v=klQtI_rVeTM Picture of Mount Rushmore with the four presidents animated to sing…. in answer to the most frequently asked questions (1) the song is “Sing a Song/I’d Like to Teach the World to Sing” by the Gaither Vocal Band from their “Acapella” album. (2) Voice animation was done […]


True FaithJuly 2, 20101min03
“ဆင်ဖြူမရှင် ကြွက်ပြေး နေပြည်တော် မင်းတြားကြီး ” ရေးသူ – ရန်ကုန်သား တာတေ “မင်းကြီးများ …” “ဘုရား …” “မင်းလေးများ” “…..” “သိုက်နန်းရှင် … ဘိုးတော် … ကိုကြီးကျော်၊ မနှဲလေး၊ ဗျတ်ဝိ၊ ဗျတ္တ … ရှိရှိသမျှကို ငါကိုယ် တော်မြတ် မေးတော်မူမယ်” “ဟိုဒင်း … အရှင်မင်းမြတ် … မှားတော်မူမယ်လေ … ဒီမှာ ထိုင်နေကြတာ နတ်မပါဘူး။ လူတွေ ချည်းပဲဘုရာ့” “လျှာမရှည်နဲ့ … ငါကိုယ်တော်မြတ် ယောင်သွားလို့။ မောင်မင်း သိန်းဂိန် … ဖြေတော်မူစမ်းကွဲ့” “မှန်လှပါ ဘုန်းတော်ကြောင့် ဘာဖြေရမှန်း မသိကြောင်းပါ” စစ်ဝတ်စစ်စား အပြည့်အစုံနှင့် ခေါင်းတွင် စက္ကူနှင့် […]


lu ta loneJune 30, 20102min00
မိန်းမတွေများပြောတယ် လုပ်ငန်းခွင်ထဲက လူတစ်ဦးကို သူ့မိန်းမက အိမ်ကနေ တယ်လီဖုန်း လှမ်းဆက်လိုက်ပါတယ်။ “ကျွန်မ ထီပေါက်ပြီရှင့်၊ ရှင့်အဝတ်အစားတွေ အသင့်ပြင်ထား” “ဟန်ကျတာပဲ၊ ဘယ်အဝတ်အစားတွေပြင်ရမှာလဲ၊ နွေရာသီအပန်းဖြေအဝတ်အစားတွေလား၊ ဆောင်းရာသီအပန်းဖြေ အဝတ်အစားတွေလား။” “မဟုတ်ဘူး၊ ကိုယ့်အထုပ်ကိုယ်ပြင်ပြီး၊ အိမ်ပေါ်က ဆင်းတော့” ကျောက်ရုပ်တောင် ဖြစ်သွားမယ် စတိုးဆိုင်ကြီးတစ်ခုရဲ့ ဖောင်တိန်ပင်အရောင်းကောင်တာမှာ လူတစ်ယောက်က ဖောင်တိန်ပင် တစ်ချောင်းရွေးယူလိုက်ပြီး၊ အရောင်းစာရေးမကို ပြောလိုက်ပါတယ်။ “ဒါ၊ ကျွန်တော့်မိန်းမကို အကြီးအကျယ် အံ့အားသင့်သွားစေမယ့်လက်ဆောင်ပဲ” “အကြီးအကျယ် အံ့အားသင့်သွားစေမယ့်လက်ဆောင် ဟုတ်လား၊ ဒါလေးက ဘယ်လောက်ကောင်းနေလို့တုန်း” “ဒီနေ့ သူ့မွေးနေ့လေ၊ သူက ကားလေးတစ်စီးဝယ်ပေးမယ် မျှော်လင့်နေတာ” အမိကိုဖမ်းရမှာ ဆံပင်ရွှေဝါရောင်လေးနဲ့ အရပ်မြင့်မြင့် ခပ်ချောချော အမျိုးသမီးလေးဖိနပ်စတိုးဆိုင်ကြီးထဲမှာ ခွာနိမ့် ဖိနပ် ရွေးချယ် ရှာဖွေနေတဲ့အတွက် အရောင်းစာရေးမလေးက မေးကြည့်ပါတယ်။ “ဘာနဲ့လိုက်ဖက်အောင် […]


True FaithJune 29, 20101min02
“စိမ်း … သရဖူစိမ်း” ရေးသူ – ရန်ကုန်သား တာတေ “ပန်း ….. နွယ် …. က ….. စိမ်း … အိမ်အိန်း … စိမ်း … အိန်းအိန်း … စိမ်း” သွားလေသူ နာမည်ကျော် မြန်မာသံ အဆိုရှင်ကြီး တွံတေး သိန်းတန်၏ အလွန် ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ သီချင်းသံနှင့် အတူ အသံချဲ့စက် ၂ လုံး ချိတ်ဆွဲ ထားသော ထီလှည်း တလှည်း တရွေ့ရွေ့ဖြင့် လှမ်းလာနေသည်။ မြန်မာပြည်သို့ ဗီဇာလျှောက်စရာ မလိုဘဲ ဝင်ချင်သလိုဝင် … ထွက်ချင်သလို ထွက်နေနိုင်သော ချင်းမိုင်က ဦးရုက္ခစိုး၊ ရူးချင်ယောင်ဆောင်ကာ အပေါ်လမ်းမှ တမျိုး … […]


yannaingechJune 28, 20101min00
ပန်းနဲ့ပန်းချင်းတူသော်လည်းကွယ်… ဆယ်ကျော်သက်မြေးမလေးကအပြင်မှာ ချိန်းတွေ့ဖို့ အလွန်တရာ သေးငယ်ပါးလျားသည့် လက်ပြတ်အင်္ကျီနှင့် အတွင်းခံမပါထွက်လာသည်ကိုတွေ့တော့ သူ့အဖွားက သည်လိုအပြင်အဆင်နှင့် အပြင်မထွက်သင့်ကြောင်းပြောသည်။ ဆယ်ကျော်သက်လေးက “တော်ပါတော့အဖွားရာ။ ခေတ်ကြီးက ပြောင်းလဲနေပါပြီ။ ကိုယ့်မှာရှိတဲ့ နှင်းဆီဖူးလေးတွေ ကိုယ်တိုင်ပွဲထုတ်သင့်တာပေါ့”။ ပြောပြီးထွက်သွားတော့သည်။ နောက်နေ့တွင် ဆယ်ကျော်သက်လေးအပြင်ထွက်လာသောအခါ သူမအဖွားကို အပေါ်ပိုင်းဗလာကျင်းလျှက်တွေ့ရသည်။ ဆယ်ကျော်သက်လေးမှာ သေချင်စော်နံသွားသည်။ သူ့အဖွားကို သူ့အပေါင်းအသင်းတွေ လာနေကြောင်းနှင့် ဒီလိုနေတာ မသင့်တော်ကြောင်း ရှင်းပြရသည်…


yannaingechJune 26, 20101min00
လူတိုင်းသိတယ်… မြို့ငယ်လေးတစ်မြို့တွင် လွန်စွာစပ်စုပြီး အတင်းပြောတတ်သော အမျိုးသမီး တစ်ဦးရှိသည်။ လူအများက သူမကို မနှစ်မြို့သော်လည်း သူမပါးစပ်ဖျားတွင် ရေပန်းစားသွားမည်စိုးသဖြင့် သိပ်မပြောရဲကြပေ။ တစ်နေ့တွင် အမျိုးသားတစ်ဦးကို သူမက အရက်စွဲနေသူ၊ အရက်ဂျိုးကြီးဟုပုတ်ခတ်ပြောဆိုသည်။ အကြောင်းပြချက်မှာ မြို့ငယ်လေး၏ တစ်ခုတည်းသော အရက်ဘားရှေ့တွင် သူ့ကားကို တစ်နေ့ခင်းလုံးရပ်ထားတာတွေ့လို့ဟုဆိုသည်။ လူအများရှေ့တွင် သူမက သူ့ကို “အဲဒီနေရာမှာအဲဒီကားရပ်ထားတာတွေ့တဲ့လူတိုင်း သူဘာလုပ်နေလဲဆိုတာသိနိုင်တယ်” ဟုဆိုသေး၏။ စကားနည်းသူထိုအမျိုးသားက သူမကိုခဏစိုက်ကြည့်နေပြီး ဘာမှမပြောဘဲလှည့်ထွက်သွား၏။ ရှင်းမပြ။ ကာကွယ်ပြောဆိုခြင်း၊ငြင်းဆန်ခြင်းမပြု။ ဘာဆိုဘာမှပြောမသွားပါ။


yannaingechJune 26, 20101min00
ပရိုဂရမ်မာတစ်ယောက်နှင့် အင်ဂျင်နီယာတစ်ယောက်တို့သည် လော့စ်အိန်ဂျယ်လီစ်မှ နယူးယောက်သို့ ပျံသန်းသည့် လေယာဉ်ခရီးရှည်ကြီးပေါ်တွင် ဘေးချင်းကပ် လိုက်ပါလာကြသည်။ ပရိုဂရမ်မာက အင်ဂျင်နီယာဘက်လှည့်ပြီး စိတ်ပြေလက်ပျောက် ဂိမ်းကစားကြမလားဟုမေးသည်။ အင်ဂျင်နီယာက တရေးတမောအိပ်လိုသဖြင့် ယဉ်ကျေးစွာငြင်းပယ်ပြီး ပြတင်းပေါက်ဖက်သို့လှည့်သွားသည်။ ပရိုဂရမ်မာကဇွဲမလျှော့ဘဲ ဒီဂိမ်းက ပျော်စရာကောင်းပြီး ကစားရတာလွယ်ကြောင်းပြောနေသည်။ “ကျွန်တော်က ခင်ဗျားကိုမေးခွန်းတစ်ခုမေးမယ်။ ခင်ဗျာမဖြေနိုင်ရင်ကျွန်တော့်ကို ၅ ဒေါ်လာပေး။ ပြီးရင်ခင်ဗျားက ပြန်မေး။ ကျွန်တော်မဖြေနိုင်ရင် ၅ ဒေါ်လာပေးမယ်” အင်ဂျင်နီယာက ထပ်မံ၍ ယဉ်ကျေးစွာငြင်းပယ်ပြီး အိပ်ပျော်ရန်ကြိုးစားသည်။ ယခုတစ်ကြိမ်တွင် ပရိုဂရမ်မာက အနည်းငယ် ကျွဲမြီးတိုသွားသည်။ “ကောင်းပြီဗျာ၊ ခင်ဗျားမဖြေနိုင်ရင် ၅ ဒေါ်လာပဲပေး။ ကျွန်တော်မဖြေနိုင်ရင်တော့ ဒေါ်လာ ၁၀ဝ ပေးမယ်ဗျာ” ဒီတစ်ကြိမ်မှာတော့ အင်ဂျင်နီယာက စိတ်ဝင်စားသွားသည်။ သူမကစားလျှင်လည်း ဒီဇာတ်လမ်းက ဆုံးမှာမဟုတ်နိုင်တော့ ကစားဖို့ သဘောတူလိုက်သည်။ ပရိုဂရမ်မာကအရင်မေးသည်“ […]


yannaingechJune 26, 20101min00
ကောင်းကင်ဘုံရောက် ကြောင်ကလေး… ကြောင်တစ်ကောင်သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားလေသည်။ ဘုရားသခင်က သူ့ကို ကောင်းကင်ဘုံတံခါးဝတွင် တွေ့ဆုံပြီး “မင်းဟာတကယ်လိမ္မာတဲ့ကြောင်လေးပါ။ မင်းတောင်းသမျှဆု ပြည့်ဝစေရမယ်။ ကဲ…ဆုတောင်းပေတော့” ကြောင်လေးက “ကောင်းပါပြီ၊ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဆင်းရဲတဲ့လယ်သမားမိသားစုအိမ်မှာနေရပြီး သစ်သားကြမ်းပြင်မာမာကြီးပေါ်မှာပဲ အိပ်ခဲ့ရပါတယ်” ထိုအခါ ဘုရားသခင်က “ပြည့်ဝစေ” ဟုဆုပေးလိုက်သည့်ခဏ လွန်စွာနူးညံ့ပျော့ပြောင်းလှသည့် ခေါင်းအုံးတစ်လုံး ပေါ်လာ၏။ နောက်ရက်အနည်းငယ်အကြာတွင် ကြွက် ၆ ကောင်သေဆုံးပြီး ကောင်းကင်ဘုံသို့ ရောက်လာလေသည်။ ဘုရားသခင်က သူ့တို့်ကို ကောင်းကင်ဘုံတံခါးဝတွင် တွေ့ဆုံပြီး လိုရာဆုကို တောင်းစေသည်။ ကြွက်ကလေးများက “ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ တစ်ချိန်လုံး ထွက်ပြေးနေရပါတယ်။ ခွေးတွေ၊ ကြောင်တွေတင်မကဘူး၊ မိန်းမတွေကပါ တံမြက်စည်းနဲ့လိုက်ပါတယ်။ ကျွန်တော်တို့မှာ စကိတ်တစ်စုံစီသာရှိမယ်ဆိုရင် ဒီထက်ပိုပြေးစရာ လိုမှာမဟုတ်တော့ပါဘူး”။ ထိုအခါ ဘုရားသခင်က “ပြည့်ဝစေ” ဟုဆုပေးလိုက်သည့်ခဏ […]