မောင်ဝါဝါနှင့် ပေးဆပ်သူတို့ နှလုံးသား – သူရဿဝါ – လူသားတွေဟာ ပတ်ဝန်းကျင်နဲ့ အခြား လူသားတွေနဲ့ အပြန်အလှန် ကူးလူး ဆက်ဆံ နေထိုင် ကြရတာ ဖြစ်လို့ အပေး အယူ ကိစ္စတွေနဲ့ သိပ်ပြီး မကင်းလှ ပါဘူး။ မောင်ဝါဝါတို့ ငယ်ငယ် တုန်းကတော့ ကိုယ့်ရဲ့ အသက်အရွယ် အနေအထား အရ လောကကြီးကို ဘာမှ သိပ်ပြီး ပေးနိုင်တာ မရှိခဲ့ တာမို့ ကိုယ်ကပဲ “ပေး” ဆိုတဲ့ စကားလုံးကို ရဲရဲဝံ့ဝံ့ သုံးစွဲ ခဲ့ဖူးပါတယ်။ “အဖေ .. မုန့်ဖိုးပေး”၊ “အမေ .. မုန့်ဖိုးပေး” စတဲ့ စကားတွေ ထဲမှာ “ပေး” ဆိုတဲ့ စကားလုံး ပါပေမယ့် […]
