သတိုးကြီးမိုက် ဘုရင်ဖြစ်လာတော့ လူယုံတော်ကြီးမောင်ကျောက် ကို ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်တော်မူခဲ့ပါတယ်…။ ရနောင်မောင်မောင်ကျောက် ဆိုတဲ့ ဘွဲ့အမည်နဲ့ ရနောင်မြို့ကို စားစေခဲ့ပါတယ်…။ အဲဒီ ရနောင်မောင်မောင်ကျောက် က မ ဆိုရင် ရင်မတောင်မသမ်းဖူးသေးတဲ့ လူပျိုသိုးကြီးတဲ့ဗျာ…။ သတိုးကြီးမိုက် ဘာကြိုက်လို့ ဘာလုပ်ချင်တယ်ဆိုတာကိုလည်း မောင်ကျောက် က အလိုက် သိ တယ်တဲ့…။ (သတိုးကြီးမိုက်ကြီး ဘာကြိုက်တတ်တယ်ဆိုတာ မောင်ကျောက် နဲ့ တွေ့ရင်မေးသာကြည့်ကြ ကိုကိုတို့ရေ…။) သတိုးကြီးမိုက်ကလည်း မောင်ကျောက် မဟုတ်တာလုပ်နေပါစေဦးတော့…။ (မောင်ကျောက် ဘယ်လို မဟုတ်တာတွေ လုပ်နေသလဲဆိုတာ သတိုးကြီးမိုက်ကြီးနဲ့ တွေ့ရင် မေးကြည့်…။) မသိချင်ယောင်ဆောင်ပြီး အလိုလိုက်ထားတယ်တဲ့…။ အတွဲညီကြလေတဲ့ ဆရာတပည့်တွေပေါ့ကွယ်…။ အခုလည်းကြည့်…။ သူခိုး ငအံစာပြား ကို ရွှေတိုက်စိုးရာထူးခန့်အပ်လိုက်တော့… လက်ရှိ ရွှေတိုက်စိုးကြီး ဗညားအောင်တိုက် တစ်ယောက် တက်တစ်ခေါက်ခေါက်နဲ့ […]
