maungmoenyoJune 3, 20101min00
(အပိုင်း-၃) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယောရေးနှင့်ဖွဲံ့ဖြိုးရေးကောင်စီခေတ် ၁၉၈၈-၈၉ ကာလတွင်အာဏာရယူခဲ့သော ဗိုလ်ချုပ်ကြီးစောမောင်မှာလည်း ‘ကျွန်တော်တို့စစ်သားတွေရွေးကောက်ပွဲပြီး ယင်စစ်တန်းလျားပြန်မယ်’ဟူသောကတိစကားကြောင့်၊အာဏာဆက်လက်ကိုင်စွဲလိုသူဗိုလ်ချုပ်ကြီးများကသူ့ကိုအာဏာမှဖယ်ရှားပြီး (၁၉၉၀) ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုအာဏာလွှဲမပေးဘဲ ခတ်တည်တည်နှင့်မသိကျိုးကျွံပြုခဲ့သည်မှာယနေ့အထိဖြစ်သည်။ ထိုနောက်ပိုင်းဗိုလ်ချုပ်ကြီးသန်းရွှေတက်လာခဲ့သည်။ ယနေ့မြန်မာပြည်သူဆို့၏အဓိကရေးကြီးဆုံး လိုအပ်ချက်ကား ‘ထမင်းနပ်မှန်ရေး’ပင်ဖြစ်သည်။ နိုင်ငံတကာ (အရှေ့တောင်အာရှနိုင်ငံများတွင်ပင်)ဖွံ့ဖြိုးတိုးတက်မှုများရှိ နေချိန်တွင်မြန်မာနို်င်ငံတွင်ကားအခြေခံအကျဆုံးစားဝတ်နေရေး အတွက်ပြည်သူသန်း(၆၀)နီးပါးကားနေ့တဓူဝရုန်ကန်ကြရဆဲပင်မဟုတ်ပါလား။ သင့်တင့်လျောက်ပတ်သောလူနေမှု စနစ်ဖြစ်ရန်နေနေသာသာ၊ထမင်းနပ်မှန် ရေးကိုလုံးပမ်းရသော လူဦးရေကားတနေ့တခြားကြီးထွားလာပါသည်။ ယင်းအခြေနေမှန်ကိုမသိကျိုးကျွန်ပြုလျက် (၁၉၉၃)မှစတင်၍ပြည်သူတရပ် လုံးကိုအခြေခံဥပဒေသည်မရှိမဖြစ်ဟူ သောလမ်းကြောင်းလွဲမှုနည်းဖြင့်အခြေခံဥပဒေကိုရေးဆွဲအချိန်ဆွဲခဲ့သည်မှာ (၂၀၀၈)ခုနှစ်အထိ (၁၅)နှစ်တိုင်အောင်ပင်။ ဆိုရလျင်ကမ္ဘာပေါ်တွင်နှစ်သက်အကြာဆုံးအခြေခံဥပဒေရေးဆွဲမှု ကိုပြပါဟုဆိုလျင်ဤအခြေခံဥပဒေ ကိုပြရမည် ဖြစ်ပါသည်။ ရန်ကုန်တွင်မူလအခြေစိုက်ထားသောအစိုးရဌာန အဆောက်အအုံများကို (၂၀၀၇)ခုနှစ်လယ်ပိုင်းမှစ၍ အမိန့်အာဏာသုံးကာပြောင်းရွှေ့ခဲ့ပါသည်။ သိရသလောက် ဦးနေဝင်းလက်ထက်ကပင်စစ်ရုံးချုပ်ကိုပျဉ်းမနားသို့ပြောင်း ရွှေ့ရန်အစီအစဉ်ရှိခဲ့သော်လည်းမူလအစီအစဉ်ထက်ပိုမိုထိ ရောက်သော အစီအစဉ်အဖြစ်အစိုးရအဖွဲ့အစည်းနှင့် စစ်ရုံးချုပ်ကိုပါပြောင်းရွှေ့ခဲ့ပါသည်။ အရေးအခင်းနှင့်နိုင်ငံမတည်ငြိမ်မှုမကြာခနဖြစ်တတ်သောရန်ကုန် မြို့ ကိုတစပြင်အဖြစ်ပစ်ထားခဲ့ပါသည်။ ယင်းပြောင်းရွှေ့သွားသောရုံးအားလုံးကိုလူနေအပေါက်အရောက်နဲယုံ မကစစ်ရေးအရအသာစီးရမည့်တည်နေရာဖြစ်သော တောင်ကြားချိုင့်ဝှမ်းနေရာကိုရွေးချယ်ကာအဆောက် အဦးများအခိုင်အခံ့ဆောက်လုပ်နေရာချခဲ့ပါသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါကအုပ်ချုပ်ရေးနှင့်စစ်ရေး […]


maungmoenyoJune 3, 20101min02
(အပိုင်း-၂) တော်လှန်ရေးကောင်စီခေတ် တော်လှန်ရေးကောင်စီအာဏာသိမ်းယူပြီးမကြာမှီ (ဧပြီ ၃၀၊ ၁၉၆၃)တွင်’မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ကိုထူထောင်မည် ဟုကြေငြာခဲ့ပါသည်။ ယင်းအမြုတေပါတီကိုလည်းပြည်သူ့ပါတီအဖြစ်အသွင်ပြောင်း၍ (မတ် ၂၊ ၁၉၇၄)တွင်’မူလပိုင်ရှင် ဖြစ်သောပြည်သူ့ထံသို့အာဏာလွဲသည်’ဟူသောစကားလုံးကိုသုံးကာမူလဘောင်းဘီဝတ်စစ်ဗိုလ်များကဘောင်းဘီချွတ် လဲပြီးနိုင်ငံရေးဇာတ်ခုံပေါ်တိုက်ပုံပုဆိုးဝတ်တို့ဖြင့်ပြန်တက်လာခဲ့ကြပါသည်။ (၁၉၇၂)ခုနှစ်မှစ၍ပြည်သူလူထုထံ (၃)ကြိမ်(၃)ခါတိုင်တိုင်ဆန္ဒခံခဲ့ပြီး(၉၀.၁၉ရာနှုန်း)ဖြင့်အတည်ပြုခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကိုထိုုစဉ်ကကော်မီရှင်ဥက္ကဌလည်းဖြစ်နောင်အခါနိုင်ငံတော်ကောင်စီဝင်ပင်ဖြစ်ခဲ့သူ ဦးဒိန်ရတန်ကယင်းအခြေခံဥပဒေတွင်ပြည်သူတို့၏ဆန္ဒအမှန် တကယ်ပါသည်ဟုမဆိုနိုင်ကြောင်း(၁၉၈၈)အရေးအခင်းကာလတွင်ဖွင့်ဟဝန်ခံခဲ့ပါသည်။ ထိုစဉ်ကမြို့နှင့်နယ်အရပ်ရပ် တွင်ပါတီနှင့်ကောင်စီအဖွဲ့အစည်းအဆင့်ဆင့်တို့၏အာဏာချုပ်ကိုင်မှု၊အလွဲသုံးစားမှုတို့ကို မကြေနပ်သူတို့တွင်စစ်တပ်က လဲပါခဲ့သည်မှာထင်ရှားလှပါသည်။ သို့သော်မကြေနပ်ပုံချင်းတော့ကွာပါသည်။ ပြည်သူတွေကမတရားဖိနှိပ်ချယ်လှယ်ခံရ၍မကြေနပ်ကြသော်လဲ။အခွင့်ရေးခွဲတမ်းလုပ်ရာတွင်ပါတီ၊ကောင်စီပြီးမှအကြွင်းအကျန်ကိုသာရသောနယ်ခံစစ်တပ်တို့ကမနာလိုဖြစ်ကြသည်မှာမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်ခဲ့ရကြောင်း(၁၉၈၈) ’နိုင်ငံတော်ငြိမ်ဝပ်ပ်ပြားမှုတည်ဆောက်ရေးအဖွဲ့’ အမည်ခံ’နဝတ’တက်လာမှမြင်တွေ့ရပါသည်။ အထူးသဖြင့် နယ်ဖက်တွင်ပိုမိုသိသာထင်ရှားစွာတွေ့လာရပါသည်။ ရန်ကုန်(အင်းစိန်)ကြို့ကုန်းစက်မှုတက္ကသိုလ်လဘက်ရေဆိုင်တွင် ကျောင်းသားများသီချင်းအကြိုက်ရွေးကြယင်းစကားများရန်ဖြစ်ရာကစခဲ့ရသောရန်ပွဲအသေးအမွှားကိစ္စမှဖြစ်ပွားခဲ့သော ‘ရှစ်လေးလုံးအရေးတော်ပုံ’ မှပါတီနှင့်အုပ်ချုပ်ရေးအာဏာပိုင်အဆောက်အအုံကြီးဘုန်းဘုန်းပြိုလဲသွားရသည့် အဖြစ်ကားယုံလောက်ဘွယ်ပင်မရှိပါ။ ပြည်သူတရပ်လုံ၏အနှစ်နှစ်အလလကချုတ်တီးလာခဲ့သောဒေါသသည် ထိမ်းမနိုင်သိမ်းမရပေါက်ကွဲထွက်လာခဲ့ပါသည်။ အနယ်နက်အရပ်ရပ်တွင်ပေါ်ပေါက်ခဲ့သောဆူပူအကြမ်းဖက်မှုများသည် ခေါင်းဖြတ်သတ်မှုများအဖြစ်တမဟုတ်ချင်းပြောင်းသွားကာမြန်မာနိုင်ငံကဲ့သို့သောဗုဒ္ဓဘာသာနိုင်ငံတွင်မယုံနိုင်လောက် အောင်ပင်ပြန့်နှံသွာခဲ့ပါသည်။ သမိုင်းစာမျက်နှာတွင်ရှက်ဖွယ်ရာအမဲကွက်ကြီးအဖြစ်စွန်းထင်ကျန်ရစ်သည် မှာဝမ်းနဲဘွယ်မဟုတ်ပါလား။ ထိုစဉ်ကနိုင်ငံအာဏာကိုကိုင်စွဲခဲ့သောဦးနေဝင်းအားလက်အောက်ငယ်သားတို့က နိုင်ငံအတွင်းဖြစ်ပျက်ခဲ့သောအထွေထွေယို့ယွင်းမှုအဖြစ်မှန်များကိုတင်ပြခြင်းမရှိဘဲထိမ်ချန်မှုများရှိခဲ့ခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ ပါတီနှင့်ကောင်စီအဆင့်ဆင့်၏လဘ်စားအကျင့်ပျက်မှုများမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်လာပြီး၊ ပြည်(ပေါက်ခေါင်း)မြို့နေဦးနေဝင်းအမျိုးများအပေါ်ပင်မတရားမှုများပြုလာကြောင်းအမျိုးများကဦးနေဝင်းအားအတင်းဝင် တိုင်ကြားရာမှဒေါသပေါက်ကွဲသည်အထိဖြစ်လာရပါသည်။ (ဇူလိုင် ၂၃၊၁၉၈၈)တွင်ကျင်းပသောပါတီအရေးပေါ်ညီလာခံ တွင်ပါတီအထွေထွေအတွင်ရေးမှူးဦးအေးကိုမှတင်သွင်းရန်ရှိသောဈေးကွက်စီးပွားရေးစနစ်ထူထောင်ရေးစီမံကိန်းကိုပင် တင်သွင်းခွင့်မပြုတော့ဘဲ‘ပါတီစုံစနစ်ကိုကြိုက်လား၊ပါတီစုံစနစ်ကိုကြိုက်လား၊ တပါတီစနစ်ဖြင့်သွားရန်သဘောတူ လျင်သူအပါအဝင်ပါတီခေါင်းဆောင်ပိုင်းနိုင်ငံရေးလောကမှအနားယူမည်’ဟုကြွေးကျော်ကာသူနှင့်အတူထိပ်တန်းပါတီ ခေါင်းဆောင်တော်တော်များများကိုခေါ်ယူသွားကာနိုင်ငံရေးဇာတ်ခုံမှအနားယူခဲ့ပါသည်။ နောင်တွင်စစ်တပ်ကမိုးပေါ် ထောင်၍မပြစ်ဘဲတည့်တည့်ပစ်မည်ဖြစ်ကြောင်းခြိမ်းခြောက်စကားပြောသွားပါသည်။ ဦးနေဝင်းမြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဌတာဝန်ယူစဉ်ကယခုလက်ရှိအာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကားဧရာဝတီတိုင်းတိုင်မှူးနှင့်ဒေသပါတီဥက္ကဌအဆင့်မှဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာသူဖြစ်ခဲ့ပါသည်။ […]


maungmoenyoJune 3, 20101min00
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၁) တော်လှန်ရေးကောင်စီမတိုင်မှီ’ဖဆပလအစိုးရခေတ် ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနုှက သူ့ထံမှအာဏာကို သူအတော်ယုံကြည်ရသောဗိုလ်ချုပ်နေဝင်းမှ (၁၉၆၂) မတ်လတွင်သိမ်းယူလိုက်သောအခါ သူမည်မျှအထိခံစားခဲ့ရကြောင်း “တာတေစနေသား”တွင်ဖွင့်ဟဝန်ခံခဲ့သည်။ နီးစပ်သောအစိုးရအဖွဲ့ဝင်တို့ကကြိုတင်သတိပေးခဲ့သော်လည်း သူ့အပေါ်ဗိုလ်နေဝင်းမည်မျှသစ္စာရှိကြောင်းကြွားဝါခဲ့ပုံများ ကိုဖေါ်ပြထားခဲ့သည်။ အာဏာသိမ်းပြီးကာလအထိမ်းအသိမ်းခံနေရစဉ်အတွင်းပင်ဗိုလ်နေဝင်းကသူ့ကိုကြိမ်းသေလာ ကယ်ထုတ် လိမ့်မည်ဟုမှားယွင်းစွာတွက်ချက်မိခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုကျော်လောက်မှာပင် စစ်ဗိုလ်များကြီးစိုး သောအာဏာရှင်စနစ်မွေးဖွားလာခဲ့သည်။ ပင်လုံစာချုပ်ကမွေးဖွားသန့်စင်ပေးလိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကပေးထားသည့်အခွင့်အရေးကိုအသုံးပြုလျက်ရှမ်းစော်ဘွားများကဖက်ဒရယ်မူကို တောင်းဆိုလာမည်ကိုစိုးရိမ်သည်ကတကြောင်း၊ ယင်းမူတောင်းဆိုချက်နှင့်အတူကူးစက်လာနိုင်သောအင်ဒိုချိုင်းနားအရေး ကိုစိုးရိမ်မိသည်ကတကြောင်း နှင့်ထိုစဉ်အခါက ဆန်းသစ်လာသော ဆိုရှယ်လစ်စနစ်ကိုထူထောင်ရန်စိတ်အားသန်သူ နိုင်ငံရေးသမားများကကြီးစိုးလာ သည်တို့ကတကြောင်းတို့ကြောင့် (၁၉၆၂)ခုမတ်(၂)ရက်နေ့တွင်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အဏာကိုသိမ်းယူခဲ့ပါသည်။ နိုင်ငံ၏အခြေအနေမှာလည်း ‘ရန်ကုန်အစိုး၇’ ဟုခေါ်ရလောက်အောင် ပင်ဗဟိုအစိုးရအုပ်ချုပ်မှု အာဏာမှာအင်အားချည့်နဲခဲ့ရပါသည်။ ထိုစဉ်အခါကပြည်သူအပေါင်းတွင် ဘဝအာမခံချက် ကိုပေးနိုင်မည့် “ဗိုလ်ချုပ်အစိုး၇” ဟုမျှော်လင့်ချက်ပြင်းပြခဲ့သည်မှာအမှန်ပင်။ (၁၉၆၃) ဇူလိုင်လ(၇)ရက်တွင် ဖြစ်ပွာခဲ့သောကျောင်းသားအရေးအခင်းမှစ၍ လက်နက်အားကိုးနှင့်အုပ်ချုပ်လိုသောစစ်အစိုးရ၏ သရုပ်မှန်ကိုပြည်သူ အပေါင်းကမျက်ဝါးထင်ထင်မြင်လိုက်ရသည်မှစ၍စစ်တပ်အပေါ်ယုံကြည်အားကိုးမှုမှာ တရိပ်ရိပ်ကျဆင်းလာခဲ့ပါသည်။  သမိုင်းဆရာတို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ချုပ်ဆိုပေးခဲ့သောပင်လုံစာချုပ်၏ […]


SayagyiMay 29, 20101min010
ကြည့်ပါ၊ အစိုးရနဲ့ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ ့အစည်းတွေ၊ သူတို ့ရဲ ့ပြည်သူတွေကို ကောင်းကောင်း စောင့်ရှောက်နိုင်တယ်၊ သူတို ့ရဲ ့ဒေသမှာလွတ်လွတ်လပ်လပ် စီးပွားရေး လုပ်နိုင် တယ်၊ အစိုးရနဲ ့ လည်းသူတို ့လိုချင်တာတွေကို ဆွေးနွေးနိုင်တယ်၊ အဲဒီခေါင်းဆောင်တွေကို သူတို့လူမျိုးစုတွေကထောက်ခံကြတယ်။ ကျန်တဲ့အစိုးရနဲ ့ငြိမ်းချမ်းရေးမယူတဲ့ဒေသ ကပြည်သူတွေဆိုရင် ဘယ်လောက် ထိဒုက္ခရောက်ကြလဲ ဆိုတာသိကြပါလိမ့်မယ်၊ အထူးပြောပြနေစရာလို မယ်မထင်ပါ။ အခုလည်း ငြိမ်း ချမ်းရေးယူထားတဲ့ အဖွဲ ့အစည်းတွေ အစိုးရနဲ ့ပြဿနာတက်နေတာပဲဆိုပြီးစောဒကတက်လို ့တော့ရ တာပေါ့၊ အဲဒါကလည်း အစိုးရနဲ ့သူတို့ လွန်ဆွဲ ကြတာပဲ။ သူတို ့လိုချင်တာရအောင် လုပ်ယူကြ တာလေ။ သူတို ့ကနှစ်ပေါင်း၄ဝ ကျော်အစိုးရနဲ ့တိုက်လာတာဆိုတော့ အနှစ်၄ဝ ကျော်ဘာမှမဖြစ်ဘူး ဆိုတော့ သူတို […]


SayagyiMay 29, 20101min04
အောက်ကဆွေးနွေးချက်များသည် မြန်မာနိုင်ငံရဲ ့လက်ရှိအခြေနေကို ရိုးရိုးရှင်းရှင်းသုံးသပ်ထားတဲ့ ကျွန်တော်ရဲ့အမြင်များသာဖြစ်ပါတယ်၊ လွတ်လပ်စွာ သဘောထား ကွဲနိုင်ပါတယ်။ ကျွန်တော်က စာရေးမကောင်းတဲ့အတွက် သည်းခံပြီးဖတ်စေချင်ပါတယ်။ ကျွန်တော်တို ့မြန်မာနိုင်ငံ ရဲ ့လက်ရှိ အခြေအနေ ကိုကြည့်မယ်ဆိုရင် အစိုးရက ရွေးကောက်ပွဲကိုလုပ်ပေးမယ်ဆိုတဲ့အတွက် ရွေးကောက်ပွဲ ဝင်မဲ့ပါတီတွေက ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်တာတွေလုပ်နေကြပြီး၊ ရွေးကောက်ပွဲကို ဆန် ့ကျင်တဲ့သူတွေကျတော့လဲ ဆန် ့ကျင်ရမယ့်နည်းလမ်း တွေရှာကြံနေကြတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့အောက်ကမေးခွန်း ၃ ခုထွက်လာပါတယ်။ ၁) အစိုးရကဘာလို ့ရွေးကောက်ပွဲလုပ်ပေးတာလဲ ၂) NLD နဲ ့တချို ့တွေက ရွေးကောက်ပွဲကိုဘာလို ့ဆန် ့ကျင်ကြတာလဲ ၃) တချို ့တွေကျတော့ ရွေးကောက်ပွဲကိုဘာလို ့ဝင်ကြတာလဲ နံပါတ်(၁) မေးခွန်းရဲ ့အဖြေကတော့ရှင်းပါတယ်။ အစိုးရကသူတို ့ပြောပြောနေတဲ့ ROAD MAP […]


KyaemonMay 28, 20103min00
CLICK VIDEO LINK BELOW: YouTube – Vatican Goes Into Damage Control Mode Over Abuse http://www.youtube.com/watch?v=KOadl-Gvddk&feature=PlayList&p=1A889C04FD077E87&playnext_from=PL&playnext=1&index=28 April 14, 2010 — The Vatican has gone into full-fledged damage control mode in the priest sex abuse scandal ahead of Pope Benedict XVI’s first foreign trip since it erupted.


KyaemonMay 28, 20108min01
Buddhist monk charged with battery – Chicago Breaking News http://www.chicagobreakingnews.com/2010/03/buddhist-monk-gets-charged-with-battery.html A Buddhist monk from Thailand has been charged with battery after he “inappropriately” touched an adult parishioner in a meditation center in Willowbrook, officials say. Chaliaw Chetawan, 27, has been charged with battery, a misdemeanor, according to the DuPage County sheriff’s office. The incident happened […]


KyaemonMay 28, 201016min00
PER VINAYA, MONKS ARE BARRED FROM LAY PEOPLE’S AFFAIRS. ONLY STUDY AND TEACH DHAMMA. NO HANDLING MONEY. NO TRADING. NO LYING, NO CHEATING. MUST MAINTAIN HARMONY AMONG MONKS AND SOCIETY. WHAT HAPPENED WHEN MONKS DO POLITICS AND INTERFERE IN LAY PEOPLE’S MANAGEMENT AFFAIRS? GREED! LUST FOR POWER AND WEALTH. ALWAYS! Sri Lanka scandalized by monk’s […]


KyaemonMay 28, 20107min00
SOURCE: THE ORDINATION PROCEDURE SOME VINAYA RULES / Chanmyay Sayadaw / ordinate.htm http://web.ukonline.co.uk/buddhism/ordinate.htm#parajika 2. Koseyya Vagga 6. Should a bhikkhu receive or make someone else receive gold, silver or any form of money or take delight at gold etc. placed for him, it entails a Nissaggiya Pacittiya offence (4-2-8). N.B.: Should a bhikkhu receive something […]


KyaemonMay 28, 201011min00
SOURCE: THE ORDINATION PROCEDURE SOME VINAYA RULES / Chanmyay Sayadaw / ordinate.htm http://web.ukonline.co.uk/buddhism/ordinate.htm#parajika 1. Four Parajika Rules Parajika is the name of the offence, and it also refers to the first four rules of Vinaya. It means “defeater” because it defeats a bhikkhu who breaks one of the most important four rules in the disciplinary […]


badbabylay09@gmail.comMay 27, 20101min03
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘဝကိုစွန့်ကာ မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့ အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နို်င်အောင် ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ အမျိုုုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့ မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ […]


Nay MgMay 27, 20101min01
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၁) တော်လှန်ရေးကောင်စီမတိုင်မှီ’ဖဆပလအစိုးရခေတ် ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနုှက သူ့ထံမှအာဏာကို သူအတော်ယုံကြည်ရသောဗိုလ်ချုပ်နေဝင်းမှ (၁၉၆၂) မတ်လတွင်သိမ်းယူလိုက်သောအခါ သူမည်မျှအထိခံစားခဲ့ရကြောင်း “တာတေစနေသား”တွင်ဖွင့်ဟဝန်ခံခဲ့သည်။ နီးစပ်သောအစိုးရအဖွဲ့ဝင်တို့ကကြိုတင်သတိပေးခဲ့သော်လည်း သူ့အပေါ်ဗိုလ်နေဝင်းမည်မျှသစ္စာရှိကြောင်းကြွားဝါခဲ့ပုံများ ကိုဖေါ်ပြထားခဲ့သည်။ အာဏာသိမ်းပြီးကာလအထိမ်းအသိမ်းခံနေရစဉ်အတွင်းပင်ဗိုလ်နေဝင်းကသူ့ကိုကြိမ်းသေလာ ကယ်ထုတ် လိမ့်မည်ဟုမှားယွင်းစွာတွက်ချက်မိခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုကျော်လောက်မှာပင် စစ်ဗိုလ်များကြီးစိုး သောအာဏာရှင်စနစ်မွေးဖွားလာခဲ့သည်။ ပင်လုံစာချုပ်ကမွေးဖွားသန့်စင်ပေးလိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကပေးထားသည့်အခွင့်အရေးကိုအသုံးပြုလျက်ရှမ်းစော်ဘွားများကဖက်ဒရယ်မူကို တောင်းဆိုလာမည်ကိုစိုးရိမ်သည်ကတကြောင်း၊ ယင်းမူတောင်းဆိုချက်နှင့်အတူကူးစက်လာနိုင်သောအင်ဒိုချိုင်းနားအရေး ကိုစိုးရိမ်မိသည်ကတကြောင်း နှင့်ထိုစဉ်အခါက ဆန်းသစ်လာသော ဆိုရှယ်လစ်စနစ်ကိုထူထောင်ရန်စိတ်အားသန်သူ နိုင်ငံရေးသမားများကကြီးစိုးလာ သည်တို့ကတကြောင်းတို့ကြောင့် (၁၉၆၂)ခုမတ်(၂)ရက်နေ့တွင်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အဏာကိုသိမ်းယူခဲ့ပါသည်။ နိုင်ငံ၏အခြေအနေမှာလည်း ‘ရန်ကုန်အစိုး၇’ ဟုခေါ်ရလောက်အောင် ပင်ဗဟိုအစိုးရအုပ်ချုပ်မှု အာဏာမှာအင်အားချည့်နဲခဲ့ရပါသည်။ ထိုစဉ်အခါကပြည်သူအပေါင်းတွင် ဘဝအာမခံချက် ကိုပေးနိုင်မည့် “ဗိုလ်ချုပ်အစိုး၇” ဟုမျှော်လင့်ချက်ပြင်းပြခဲ့သည်မှာအမှန်ပင်။ (၁၉၆၃) ဇူလိုင်လ(၇)ရက်တွင် ဖြစ်ပွာခဲ့သောကျောင်းသားအရေးအခင်းမှစ၍ လက်နက်အားကိုးနှင့်အုပ်ချုပ်လိုသောစစ်အစိုးရ၏ သရုပ်မှန်ကိုပြည်သူ အပေါင်းကမျက်ဝါးထင်ထင်မြင်လိုက်ရသည်မှစ၍စစ်တပ်အပေါ်ယုံကြည်အားကိုးမှုမှာ တရိပ်ရိပ်ကျဆင်းလာခဲ့ပါသည်။  သမိုင်းဆရာတို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ချုပ်ဆိုပေးခဲ့သောပင်လုံစာချုပ်၏ […]