ဖြစ်သော ဆင်းရဲ ၊ အိုမင်းသော ဆင်းရဲ မချစ်သောသူနှင့်တကွ နေသော ဆင်းရဲ ၊ချစ်သောသူနှင့်ကွေကွင်းသော ဆင်းရဲ ၊လို၍မရသော ဆင်းရဲ …………………….။ ညီမလေးရေ သိင်္ဃသူ့ သမီး ကျောက်စာပါ စာသားတွေကို အကိုပြန်တွေးမိပါတယ်။ ချစ်သောသူနှင့်ကွေကွင်းသော ဆင်းရဲ…တဲ့ ဝေးကွာခြင်းဆိုတဲ့ နိပ်စက်ချက်အောက်မှာ နှလုံးသားတွေကြွေကျလို့ ပူဆွေးသောကတွေကို ညီမလေး တွေးကြည့်ဖူးလား။ တစ်ယောက်နဲ့ တစ်ယောက် မမြင်မတွေ့နိုင်လောက်အောင် အဝေးကြီးဝေးသူတွေရဲ့ လွမ်းစိတ်၊ မြင်ချင်တွေ့ချင်လွန်းတဲ့ ဆန္ဒတွေ ဟာ ပူလောင်လွန်းလှပါတယ်ကွယ်။ ချစ်သူကရက်စက်လို့ ၊ ချစ်သူက ဖြတ်လိုက်လို့ အသစ်တစ်ယောက်တွဲ ပြီးနေတာကိုတွေကို ကြားသိရတဲ့ အစွန့်ပစ်ခံ ချစ်သူဟာ ကြေကွဲမူနဲ့ အတူ နာကြည်းခြင်း ဖြစ်လို့ နောက်တော့ အသွင်ပြောင်းပြီးဒေါသကနေ လက်စားခြေ လိုစိတ်တွေ ဖြစ်ခဲ့ကြတယ်။ ညီမလေးရေ […]
