ရေးသူ – ဆလိုင်း ဟံသာစန်း နယူးဒေလီ (မဇ္ဈိမ) ။ ။ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား AFC President’s Cup 2010 အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်က ဆီမီးနှင့် ဗိုလ်လုပွဲများ ကျင်းပခွင့်ပြုကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ထံ ယခုလ ၂ ရက်နေ့တွင် ဦးစွာအကြောင်းကြားလာကာ ခွင့်ပြုသည့် စာကိုမူ ၄ ရက်နေ့တွင် လက်ခံရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုုပ်ထံမှ စုံစမ်းသိရှိရခြင်း ဖြစ်သည်။ “ကုန်ကျစရိတ်ကို အဖွဲ့ချုပ်က အဓိကကျခံမှာပါ။ ဘယ်လောက်ကုန်မလဲ မသိသေးပါဘူး။ အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ကူညီထောက်ပံ့ပါတယ်။ Main Sponsor ကတော့ Blue Mountain ကုမ္ပဏီပါ” […]
