ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FiFa) နှင့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) တို့သည် တောင်အာဖရိကနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် ၄ နှစ်လျှင် တစ်ကြိမ်သာပြုလုပ်သည့် ၂၀၁ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင် လ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပယ်နယ်တီကန်သွင်းမှုနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းအသစ်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
