ခုတလော ရောဂါထနေတာတော့… အိမ်တွင်းစိုက်ပျိုးလို့ရတဲ့… စိုက်သင့်တဲ့… စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး 😛 အိမ်တွင်း အိပ်ခန်းတွင်း ရေချိုးခန်းတွင်း မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ … နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။ စပြီ။ ၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။ ၁) Aloe Vera မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ […]
