မင်္ဂလာပါ ခင်ဗျ… ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်… တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ […]
