ကျနော်ရဲ ့ငယ်စဉ်ဘဝကတည်းက စလို့ခုထိမကင်းနိုင်တာလေးကိုပြောပြပါဆိုရင် ကျနော်ကတော့ထမင်းကလွဲရင် သီချင်းလို့ပြောရမှာပါဘဲ။ အခုကျနော်ပြောပြချင်တာလေးကလည်း ကျနော်ငယ်စဉ်ကစလို့ ကြားဘူးခဲ့ ဘဝနဲ့ယှဉ်လို့နှစ်သက်ခဲ့တဲ့သီချင်းမှတ်တမ်းလေးလို့လဲပြောရင်ရပါတယ်။ ကျနော်ပြောပြတဲ့သီချင်းလေးတွေကကောင်းတယ် ကျန်တာတွေမကောင်းဘူးလို့လဲမဆိုလိုပါဘူး။ ကျနော့်ရင်ကိုလာညိတဲ့ ဟတ်ထိလို့မှတ်မိနေတဲ့သီချင်းလေးတွေကို ပြောပြချင်လွန်းလို့ပါ။ ဟိုအရင်နားထောင်စကတော့ သီချင်းနာမယ်တွေရယ် ဘယ်သူဆိုခဲ့တယ်ဆိုတာကိုတော့ဘယ်သိမလဲပေါ့။ ဒါတွေက ကြီးမှ ဘယ်သီချင်းကိုဘယ်သူတွေဆိုတယ်ဆိုတာကို သိလာရတာပါ။ငယ်ငယ်တုန်းကတော့ကြိုက်သာကြိုက်လိုက်တာ သီချင်းနာမယ်လဲမသိ ဘယ်သူဆိုတာလဲမသိ ဘယ်သူရေးတယ်ဆိုတာ ကတော့ပိုဝေးပေါ့ဗျာ။ ပထမဆုံးစပြောမယ်ဆိုရင် စကားမပီ့တစ်ပီပြောတတ်စမှာ စတင်လို့သိတဲ့သီချင်လေး့ကတော့ ” လက်ပန်ပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့အခါ တဝဲဝဲလွင့်လို့လေယာဉ်ပမာ “ဆိုတဲ့စာသားလေးပါတဲ့ ပိုးအိစံရဲ့ဖေဖေ သန်းထွန်းလေးရဲ့” မမေ့သောအညာ “သီချင်းလေးပေါ့။ ကျနော်တို့အိမ်မှာ ESB လို့တံဆိပ်တပ်ထားတဲ့ ရက်ကော်ဒါကြီးတစ်လုံးရှိပါတယ်။ ဒီကောင်ကြီးက အသံလဲဖမ်းလို့ရတယ်လေ။ ” ရက်ပန်ပွင့်တွေ ရေအတိုက်ကြေရိုက်တဲ့အခါ ” လို့ကျနော်ရဲ့ပိုးစားလို့ကျိုးနေတဲ့သွားကျုးိလေးကလေထွက်တဲ့အသံနဲ့သန်းထွန်းလေးရဲ့သီချင်းကိုမပီမသဆိုတာကိုဘဲအိမ်ကလူကြီးတွေက လက်ခုပ်တွေဝိုင်းတီးပေး၊အသံဖမ်းထားပြီးနောက်ပြီးတော့မှ ပြန်ဖွင့်ပြကြ ရီလိုက်ကြနဲ့လုပ်ခဲ့ကြတာလေးကို အခုပြန်တွေးမိတာတောင်စိတ်ထဲမှာကြည်နူးမိပါတယ်။ နောက်ကျနော်သုံးနှစ်သားလောက်မှာအိမ်က အမရပူရလို့လည်းခေါ် ကျနော်တို့မန်းလေးသားတွေကတော့ […]