စတီရီယိုတေးဆိုတဲ့ ဂီတထဲမှာလည်း ကိုယ်ပိုင်သံစဉ် ရယ် ကော်ပီရယ်ဆိုပြီးလိုင်းကွဲ ကြပါသေးတယ်။ တစ်ချို့ကတေ့ာ ကော်ပီသက်သက် တစ်ချို့ကတော့ နှစ်မျိုးလုံး တစ်ချို့ကတော့ ကိုယ်ပိုင်သံစဉ်ကလွဲရင် နိုးပါပေါ့၊ ဒီအထဲမှာမှ တစ်ချို့ကတော့ စတီရီယိုရော မိုနို်ရောပါ အကုန်နှစ်မျုိုးလုံး ဆိုနို်င်တဲ့သူတွေပေါ့။ ဒီကော်ပီဆိုတာနဲ့ပြောစရာလေးတစ်ခုကတော့ “မြဝတီမင်းကြီး ဦးစ “တို့ ” ပြင်စည်မင်းသား”တို့လို မြန်မာသီချင်းကြီး အစကနဦးက လူတွေရေးတဲ့သီချင်းမှာလဲ ” ယိုးဒယား ဖိန်းချားသီချင်း”ဆိုတဲ့ သံစဉ်အလိုက်တို့ “ခရစ်ယာန်ဓမ္မတေး “အလိုက်တွေကိုယူလို့ သုံးဘူးပါတယ်။ နောက် စစ်ပြီးခေတ်မှာရော လွတ်လပ်ရေးရပြီးခေတ်မှာရော သီချင်းတွေမှာလဲ ကော်ပီသီချင်းတွေကိုတွေ့ရပါတယ်။ ဥပမာပြောရရင် “ပန်းမြိုင်လယ် ယိုးဒယား ” ၊” မြပန်းခွေ” ၊” စကားတက္ကသို်လ်”၊ ” တစ်နေဝင်သော်” ၊ ” လွမ်းငွေ့ဝေဝေ(ရွှေပြည်အေး)”၊ပယင်းရောင် ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး […]
