မမေလးSeptember 23, 20101min012
လင်မယားနှစ်ယောက်ရှိတယ် တစ်နေ့မှာဈေးကနေ ပန်းသီး ၃ လုံးဝယ်လာတယ် ။ အဲဒါ ကိုဘယ်လို အညီအမျှဝေစားမလဲ ။ ပန်းသီးကို ခြမ်းပြီးမစားရပါဘူး ၊ ည၈နာရီမှာ အိပ်ရာဝင်ပြီးမနက် ၉နာရီ သံပတ်နာရီနှိုးစက်ပေးထားတယ ်။ နှိုးစက်သံကြောင့်မနိုးခင် စုစုပေါင်းဘယ်နှစ်နာရီ အိပ်ရမလဲဖြေပေးပါ။ အဖေ ၂ ယောက် နဲ ့သား ၂ ယောက် ငါးသွားဖမ်းကြတယ် သူတို ့အားလုံးငါးတစ်ကောင်ဆီဖမ်း မိတယ် ဒါပေမဲ့ သူတို ့မှာ ငါးက ၃ ကောင် ပဲရှိနေတယ် အဲ့တာဘာလို ့တုန်းးး ?????? ကုန်သည်တစ်ယောက်က တခြင်းမှာ လိမ္မော်သီး (၅၀)လုံး ပါတဲ့ ခြင်းနှစ်ခြင်းကို ရထားလမ်းခရီးနဲ့ ကုန်ကူးပါတယ်။ သူစထွက်တဲ့မြို့ကနေ သွားချင်တဲ့မြို့ရောက်ဖို့ ကြားမှာ ဘူတာ (၅၀)ခု […]


etoneSeptember 20, 20101min01
မြန်မာ့ရုပ်သံနှင့် မြဝတီရုပ်သံ ဌာနများတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်သံအစီအစဉ်များတွင် ကြော်ငြာရရှိမှု လျော့ကျသွားခြင်းကြောင့် ရုပ်သံမီဒီယာလုပ်ငန်းရှင်များ က ရုပ်သံကြော်ငြာ လိုအပ်ချက် ပြည့်မီစေရန် စီးပွားရေးလုပ်ငန်းရှင်များ အား အခမဲ့ထည့်သွင်း ကြော်ငြာပေးလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် အခမဲ့ထည့်သွင်းပေးသော ကြော်ငြာများကို လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်က ထုတ်လွှင့်ခဲ့သည့် ကြော်ငြာဟောင်းများကို ထည့်သွင်းစေခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမီဒီယာ လုပ်ငန်းရှင်အချို့ကပြောဆိုကြသည်။ “လက်ရှိ ရုပ်သံအစီအစဉ်တွေ မှာ ကြော်ငြာရရှိမှုက လျော့သွားပါတယ်။ အဲဒီလျော့သွားတော့ ပုံမှန်ထည့်သွင်းဖို့လိုတဲ့ ကြော်ငြာပမာဏ မပြည့်မီတဲ့အခါ ရုပ်သံမီဒီယာလုပ်ငန်းတွေက ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းကြော်ငြာတွေကို အခမဲ့ထည့်သွင်းပေးကြ တာ ရှိတယ်။ အဲဒီအခါ စီးပွားရေး လုပ်ငန်းရှင်တွေက အခမဲ့ထည့်သွင်းပေးတဲ့ ကြော်ငြာတွေကို ကြော်ငြာသစ်မသုံးစေဘဲ အဟောင်းကိုပဲပြန်သုံးစေတယ်။ ဒါ့ကြောင့် လက်ရှိရုပ်သံဌာန […]


etoneSeptember 20, 20101min00
ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရာတွင် တိပ်ဖြင့် အလုံးစုံရိုက်ကူးပြီးမှ ဖလင်ပေါ် ပြန်တင်စနစ်ဖြင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုကို လတ်တလောတွင် ရိုက်ကူးခွင့်ပိတ်ထားကြောင်း ရုပ်ရှင်လောကသား များထံမှ သတင်းရရှိပါသည်။ “တိပ်နဲ့ရိုက်ကူးပြီး ဖလင်ပေါ် ပြန်တင်တဲ့စနစ်ကို ထုတ်လုပ်ရေးအများစုက စိတ်ဝင်စားကြပေမယ့် အဲဒီ စနစ်မှာအကောင်း၊ အဆိုးနှစ်မျိုးလုံး ရှိနေတယ်။ လက်ရှိအချိန်ထိကတော့ မြန်မာနိုင်ငံမှာ စမ်းသပ်လုပ်ဆောင် နေပေမယ့် အောင်မြင်မှုရပြီ လို့တော့ပြောလို့မရပါဘူး။ လက်ရှိမှာတော့ အဲဒီစနစ်နဲ့ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖို့စီစဉ်ထားတဲ့ ထုတ်လုပ်သူတွေကို ရိုက်ကူးခွင့်နားထား တယ်လို့သိရပါတယ်”ဟု ဝါရင့်ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးက ပြောပြခဲ့ သည်။ ယင်းစနစ်အား လေ့လာဆောင်ရွက်နေသူ ဒါရိုက်တာတစ်ဦးက “တိပ်ကနေဖလင်ပေါ် ပြန်တင်တဲ့စနစ် က ဒါရိုက်တာစိတ်တိုင်းကျဖန်တီး ရိုက်ကူးနိုင်ပေမယ့် ရုပ်ရှင်လိုအရည် အသွေးရဖို့ကတော့ ခက်ပါတယ်။ နိုင်ငံတကာနည်းတူ ခေတ်မီစက်တွေ၊ နည်းပညာတွေကို သုံးနိုင်ရင်တော့ တစ်မျိုးပေါ့။ အဲဒီစနစ်နဲ့ထုတ်လုပ်ဖို့ […]


etoneSeptember 20, 20101min00
အဆိုတော် ဖြူဖြူကျော်သိန်း ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် အောက်တိုဘာလ ၉ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို Forever Blossoms မှ စီစဉ်ခြင်းဖြစ်ပြီး ဝင်ခွင့်လက်မှတ်များအား ငွေကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းခွဲဖြင့် သတ်မှတ်ထားကြောင်း သိရှိရသည်။ ထို့အပြင် ဖျော်ဖြေပွဲ အစအဆုံးအား ရိုက် ကူးထားမည်ဖြစ်ပြီး MRTV 4 မှ ပြန်လည်ထုတ်လွှင့် ပြသသွားရန်စီစဉ်ထားသည်ဟု သိရှိရသည်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် Cobra H တီးဝိုင်းမှ တီးခတ်ပေးမည်ဖြစ်ပြီး ဂီတမိတ်၊ တယောဦးတင်ရီအဖွဲ့၊ ယူရေနီယမ်အက အဖွဲ့တို့ကလည်း ဖျော်ဖြေပွဲတွင် အားဖြည့်ပါဝင်သွား မည်ဟု သိရသည်။


BayoteSeptember 20, 20101min04
http://www.shwemandalay.net/index.php?option=com_content&view=article&id=302:-skypark—–&catid=73:music&Itemid=169 စင်ကာပူ Skypark မှ သင်ဇာဝင့်ကျော် နှင့် အမျိုးသားတစ်ဦး ကိုရီးယား ရုပ်မြင်သံကြားမှထုတ်လွှင့်။ http://www.youtube.com/watch?v=CFpQ_eCQ2IM&feature=player_embedded Movie ဖိုင်ကြည့်လိုပါက အထက် လင့်ကို နှိပ်ပါ။


မမေလးSeptember 17, 20101min02
 မေခလာရဲ့ Waka Waka အရမ်းရောင်းရတယ်ထင်တယ် ။ လွန်ခဲ့တဲ့ တစ်ပတ်က သွားမေးတော့ . ကုန်နေတယ် ။ မနက်ဖြန်ရမယ်တဲ့ . နောက်နေ့ထပ်သွားမေးတော့ ကုန်နေပြီတဲ့ . တစ်ခြားဆိုင်တွေ သွားမေးတော့ လည်း လေး ဆိုင်လောက်ကို တစ်ဆိုင်မှာမှ မရှိဘူး . . . ပျော်စရာကြီးဆိုတဲ့ ခွေကလည်း VCD ထွက်ပြီဆိုပြီးတော့ MTV ကြီးဖြစ်နေတယ်တဲ့ . . . ရိုက်စားလုပ်လိုက်တာပေါ့လေ . . .