အာဂApril 9, 20111min06
ထူးတော့ထူးဆန်းတယ်ဗျ..။ ကွန်ပြူတာကို မြန်မာပြည်ကလွတ်တော်အမတ်တွေ keyboard မပါပဲ သုံးနိုင်တာလေ.။ ကြည့်ရတာ အဆင့်မြင့်စက်တွေလားမသိဘူး ။ ပါးစပ်နဲ့ထိမ်းချုပ်နိုင်တဲ့ စနစ်တွေများသုံးထားသလားအောက်မှတ်ရတယ်။ ဘီဂိတ်တို့ဘာတို့တောင် နည်းပညာဝယ်မလား တော့မသိဘူး။ အံရော..အံ့ရော… မှတ်ချက်..။ ။ ဓာတ်ပုံက facebook ကယူပါသည်။ ဖောရွီးစာအနည်းငယ်ကို ကိုယ်တိုင်ရေးသည်။

7-winners.jpg

‘နောင်တများဖြင့် ဘဝမှာ မနေနှင့်’ လို့ဆိုကြသည်။ ‘အကယ်၍သာ’ ဆိုတဲ့စကားသည် ကမာ္ဘပေါ်တွင် ဝမ်းနည်းဖို့အကောင်းဆုံး စာလုံးများလို့လည်း ပြောကြသည်။ Michael Kosko သာ ကြုံလိုက်ရတဲ့ ‘အကယ်၍သာ’ အချိန်ပိုင်းလေးကို ကြိုတင်သိခဲ့ရင် ကျန်သေးတဲ့ သူ့ဘဝတလျောက် မပူမပင် နေသွားရနိုင်သည်။ ကော့စ်ကိုသည် တနေ့ကဖွင့်သွားသော ဒေါ်လာ၃၁၉သန်း မီဂါမီလျံထီပေါက်သူများနှင့် တရုံးထဲလုပ်သူဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်များ ၂ဒေါ်လာစီထည့်ပြီး စုပေါင်းစပ်တူထိုးရာတွင် အမြဲတမ်း အရင်အကြိမ်များတွင် ပါဝင်ခဲ့သည်။ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့အတိုင်း ပေါက်မဲ့အချီကြမှ သူ့တွင် ငွေအကြွေ အဆင်သင့်မရှိ၍ ဆက်မကစားပဲ နေလိုက်သည်။ လုပ်ဖော်ကိုင်ဖက်တဦးက စိုက်ပေးမယ်ပြောတာ သူတို့တွေ တွတ်လေးတောင် တခါမှ မပေါက်ဖူးလို့ ဆွမ်းတော်ကြီးပွဲ ဝင်မနွှဲရန် ရွေးလိုက်သည်။ ကျနော့်မှာ တဒေါ်လာတန် နှစ်ရွက်မရှိဘူး၊ ထီ ထိုးတာလည်း လနဲ့ချီရှိနေပေမဲ့ […]


moonpoemMarch 31, 20111min011
ချောစုခင်က ရဲ ့သီချင်းတစ်ပုဒ်က ပြောတယ် ဒါအချစ်လားကွယ် တဲ့။ ထူးအိမ်သင်နဲ ့မေဆွိကလည်း ပြန်ဖြေတယ် ရင်ခုန်ရင်အချစ်ပဲကွယ် တဲ့။ ခက်တာက ချောစုခင်က ပြနြ်ငင်းလိုက်တယ် ရင်ခုန်လိုက်တိုင်းအချစ်မှ မဟုတ်တာ ဆိုတော့ အငဲက အချစ်က ခါး ခါးခါး လွန်းလှပါတယ်တဲ့။ ချမ်းချမ်းက အဲဒီ အဆိုအမိန် ့ကို သဘောမတူဘူး ရန်ဖြစ်လိုက်တယ် တကယ်ဆိုရင် အချစ်ပဲလိုတာတဲ့လေ။ အဲလက်စ်နဲ ့မျိုးကျော့မြိုင်ကတော့ ထောက်ခံတယ်။ တကယ်ချစ်ရင် မာနတွေ ခဝါချပြီး အချစ်ရဲ ့အောက်မှာ ဒူးတွေ ထောက်ကျတယ်ဆိုပြီး အချစ်သီချင်း ဆိုပြန်ရော။ ဘယ်သူတွေ ဘာပြောပြော ရိန်မိုးက အချစ်ဆိုတာဟာ ကောင်းကင်က ငှက်တစ်ကောင်ပါပဲတဲ့။ နောက်ဆုံးတော့ ထွန်းအိန္ဒြာဗိုလ်ကပြောလိုက်တယ် အချစ်ဆိုတာ ဖြေရှင်းမရတဲ့ပုစ္ဆာပါပဲ။ ကျွန်မကတော့ Blach Hole […]


PareByokeMarch 25, 201115min02
YouTube – Miss Tourism Beauty Contest 2011, Yangon, Myanmar http://www.youtube.com/watch?v=wQcZe7G3D4k Exclusive Photos: Miss Tourism 2011 Beauty Contest | Myanmar Celebrities’ Gossip, News, Video, Photo, Fashion and Entertainment http://www.myanmarcelebrity.com/2011/03/exclusive-photos-miss-tourism-2011.html Exclusive Photos: Miss Tourism Beauty Contest 2011, Yangon | Myanmar Model Girls Photos http://model.myanmarcelebrity.com/2011/03/exclusive-photos-miss-tourism-beauty.html Photos of Miss Tourism 2011 Beauty Contest, Yangon, Myanmar | Myanmar Model Girls […]


PareByokeMarch 20, 201138min00
2011 Search results for chinese new year 2011 http://www.flickr.com/search/show/?q=chinese+new+year+2011&w=93012729%40N00&ss=2     YouTube – Lunar New Year in Myanmar http://www.youtube.com/watch?v=fJhrcdbURHg Ethnic Chinese and people in Myanmar celebrate the lunar new year in Yangon. Video – Myanmar Ushers in the Year of the Rabbit – WSJ.com http://online.wsj.com/video/lunar-new-year-in-myanmar/E75BADD0-D52C-4E50-8706-268700DF2CD9.html Chinatown in Yangon turns into new year atmosphere http://news.xinhuanet.com/english2010/indepth/2011-02/01/c_13716103.htm …..At […]


အာဂMarch 16, 20111min02
ကျောင်းသားဘဝ ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဉာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေစာမေးပွဲတွင် ဗမာတစ်ပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဉာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးက စာသင် အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ဝမ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကို အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို (၅)နှစ်သား အရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက်(၈)နှစ် ရောက်မှသာလျှင် ကျောင်းစနေရလေသည်။ ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်(၁၁)နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ […]


အာဂMarch 16, 20111min03
မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သက်ရှိထင်ရှား ရှိမည်ဆိုပါက (၁၃၊၂၊၂၀၁၁)ရက်တွင် (၉၆)နှစ် ပြည့်ပြီ ဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိအကျဉ်းကို တော်တော်များများ ဖတ်ဖူး မှတ်ဖူးကြလိမ့်မည် ထင်ပါသည်။ သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ဖတ်ဖူးမှတ်ဖူးကြသူများ ရှားလိမ့်မည် ထင်ပါသည်။ သို့အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်မှ ဖော်ပြလိုက်ရပေသည်။ သည်စာကို ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ် ဗမာ့တပ်မတော်စစ်ဝန်ကြီးနှင့် စစ်သေနာပတိဘဝတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ သည်စာသည် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာဘာသာဖြင့် ရေးသားခဲ့သည့် ဆောင်းပါးအနည်းငယ်မှ တစ်ခုဖြစ်သည်ကိုလည်း တွေ့ရသည်။ ဇာတိ ဇာတိမြေလတ်ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့်တွင် အပူပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ […]