ကျွန်တော် ငယ်ငယ်က သရဲ အလွန်ကြောက်တတ်ခဲ့သည်။ လူကြီးများကလည်း ခြောက်ကြသည်။ သရဲဆိုတာ အရပ်ကြီးက ထန်းပင်လောက်ကြီး၊ မျက်လုံးကြီးတွေကလည်း သပိတ်လောက်ကြီး၊ အမွှေးတွေကလည်း နီစုပ်စုပ်နဲ့ …. စသည်ဖြင့် ခြောက်လှန့်ထားကြသည်။ ဒါကြောင့် ညဆိုရင် အိမ်အပြင် မပြောနှင့်၊ အိမ်အပေါ်ထပ်ပင် မတက်ရဲခဲ့။ အခုအချိန်မှ ကျွန်တော် ပြန်တွေးမိသည်မှာ ဒီလောက် အရပ်မြင့်တဲ့ သရဲ အိမ်ထဲ ဘယ်လိုလုပ် ရှိနိုင်မှာလဲ ဟူ၍ ဖြစ်ပါသည်။ ထိုသို့ ငယ်စဉ်က သရဲကြောက်တတ်ခဲ့သော်လည်း သရဲဆိုသည်ကို မကြုံတွေ့ခဲ့ဖူးပါ။ သို့ပေမယ့် ကျွန်တော် ၁၂ နှစ်သား အရွယ်လောက်မှာတော့ ကြပ်တစ္ဆေ ကို ကြုံတွေ့ခဲ့ရပါတော့သည်။ ကြပ်တစ္ဆေ ဟူသည်မှာ အုပ်စုလိုက် ခြောက်သော သရဲတစ်မျိုးဟု အလွယ်မှတ်လို့ ရပါသည်။ ကျွန်တော်တို့ အညာဒေသ […]
