koyin sithuSeptember 13, 20121min011
ကျွန်တော်တို.ရေကြောင်းပညာသိပ္ပံ ယခု ရေကြောင်းကောလိပ် (လာသမျှ လူကောလွတ် ရသမျှှလိပ်လိုယက်ပြီးယူ) တက်ခဲရစဉ်ကအရမ်းကိုပျော်ဖို.ကောင်းခဲ့ပါတယ်။ အယင်တုန်းကတစ်နှစ် ယခု နှစ်နှစ်ပြီးယင် Cadet သင်တန်းပြီးလို.ကျောင်းဆင်းပွဲ လုပ်ကြပါတယ်။ဒါက နှစ်စဉ် မတ်လလောက်မှာ ပို.ဆောင်ရေးဝန်ကြီး အဆက်ဆက် တက်ရောက်လာပြီး ကျောင်းဆင်းတပ်ခွဲတွေ စစ်ကျောင်းပုံနဲ. ဝန်ကြီးကို ချီတက်အလေးပြုကြပါတယ်။တကယ်ကို ကြည်နူးကျေနပ်စရာကောင်းတဲ့မြင်ကွင်းတွေပါပဲ။ ကျောင်းသားတွေကလည်းမိမိတို.ရဲ့ ဝန်ကြီးကို ဒီလိုစစ်ကျောင်းပုံနဲ.ချီတက်အလေးပြု နိုင်ဖို.အတွက် လနဲ.ချီပြီး စစ်ရေးပြသင်ခန်းစာတွေကို အပင်ပမ်း အဆင်းရဲခံပြီးလေ့ကျင့်ခဲ့ကြတာပါ။ ဒီလိုအရာရှိလောင်းပေါင်းများစွာတို.က လေးစားမှူ.အပြည့်နဲ. အလေးပြုခံရတဲ့ အတွက် လေးစားဂုဏ်ယူမိပါတယ် ဘကြီးအောင်။ အရာရှိလောင်းတွေရဲ့ ဘဝဟာ အခုဆိုပိုပြီး ပြင်းထန် ခက်ခဲလာပါပြီ ဘကြီးအောင်။ ကျောင်းဆိုယင်လည်း အယင်လို တစ်နှစ်ထဲမဟုတ်ပဲ ၂ နှစ်တက်ရတော့ အချိန်ကုန်တယ် ငွေကုန်တယ် လူတွေပိုပြီး ပင်ပမ်းတယ်။ ပြီးတော့သင်္ဘောမှာလည်း လခလေးတွေက နည်းလာတော့ […]


Swal Taw YwetSeptember 11, 20122min033
၆ စက်တင်ဘာ ၂၀၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် (၁၁၀) ပါ ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ “ ပညာဟူသည် မြတ်ရွှေအိုး” ဆိုတဲ့ အခန်းဆက် ဆောင်းပါးထဲမှာ လျှပ်စစ်ဆိုင်ရာ ဗဟုသုတမဲ့မှုကြောင့် မြန်မာနိုင်ငံမှာ ဓါတ်လိုက်လို့ လူတွေသေရတဲ့အကြောင်း ဥပမာပေး High Light လုပ်ထားတာ ဖတ်လိုက်ရတယ်။ စွယ်တော်ရွက် ကိုယ်တိုင်လည်း ဒီလျှပ်စစ်လောကထဲမှာ ကျင်လည်နေရသူ အထူးသဖြင့် သင်ကြားရေးနယ်ပယ်မှာ လှုပ်ရှားနေရသူတစ်ဦးဖြစ်လို့ တာဝန်မကင်းဘူးလို့ ခံစားရလို့ ဒီစာစုလေးတွေ ရေးဖြစ်တာပါ။ ကျနော်တို့ချစ်တဲ့ မန်းဂဇက် ရွာသူရွာသားတွေနဲ့ လာလည်ကြ သူတွေအတွက် ဗဟုသုတအဖြစ် တစ်ခုခုရသွားစေချင်တဲ့စေတနာနဲ့ပါ။ သိပြီးတတ်ပြီးသားသူတွေ ခွင့်လွှတ်ကြပါနော။ လျှပ်စစ်နဲ့ ပါတ်သက်ပြီး ကျနော်နားလည်ထားတာလေးတွေကို အရပ်သားစကားနဲ့ ရိုးရိုးလေး ပြောပြပါရစေ။ ဝိုင်းဝန်းဖြည့်စွက် […]


koyin sithuSeptember 2, 20121min017
ကမာ္ဘပင်လယ်ရေပြင်တွင် သင်္ဘောထမ်းဆောင်မည့် ကုန်းပတ် (Deck) သင်္ဘောသားများအနေဖြင့် Wheel ကျွမ်းကျင်စွာ မောင်းနှင်တတ်ရန် လိုသည်ဟု ကိုရင်မြင်မိသည်။ တချို့လူတွေ ထင်သလို သင်္ဘောသားအလုပ်သည် သံချေးခေါက်၊ဆေးသုတ်အလုပ်များတင် မဟုတ်ပဲ Captain အရာရှိဖြစ်သည်အထိ IMO မှ သတ်မှတ်ထားသော အခြား ရေကြောင်းပညာရပ်များစွာရှိနေသေးသည်။ အောက်ခြေသင်္ဘောသား ဘဝတွင် မိမိတာဝန်ကျရာ အပိုင်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါက မိမိသည်လည်း သင်္ဘောပေါ်တွင် အားထားရသော သင်္ဘောသားတစ်ယောက်ဖြစ်သလို တိုင်းတပါးသား အကြားမှာ မိမိတို့ မြန်မာလူမျိုး သင်္ဘောသားများပါ အလုပ်ကြောင့် ဂုဏ်တက်မည်ဟုထင်မိသည်။ တချိန်က ကားတောင် ဖြောင့်အောင်မမောင်းတတ်သော ကိုရင် အစပထမ အတွေ့အကြုံအနေနဲ့ Wheel ကိုင်ကိုင်ခြင်း လက်တုန်၊ ဒူးတုန်၊ ရင်တုန်နေရသည်။ ကြီးမားသော သင်္ဘောကြီးကို အထက်အရာရှိများ၏ Order အတိုင်း […]


si toneSeptember 1, 20121min019
ကဲ…… သူငယ်ချင်းတို့ အသဲကွဲဖူးကြလား……. Si Tone တော့ အသဲကွဲဖူးပါတယ်…… စိတ်တော့မဆိုးကြနဲ့နော်… Si Tone ရေးတဲ့စာတွေမှာအမှားပါရင်…. Si Tone ကိုခွင့်လွှတ်ကျပါနော်…. အရင်ဦးဆုံးတောင်ဆိုတာပါ….. Si Tone ထင်တယ်…. လူကောင်းတစ်ယောက်ဆိုရင် အသဲတစ်ခါတော့ကွဲဖူးရတယ်…. Si Tone ဆိုလိုတဲ့ သဘောက လူကောင်းဆိုတာ အချစ်နယ်ထဲကိုရောက်ဖူးတဲ့ သူကို ဆိုလိုတာပါ….. အင်…. Si Tone အထင်. ………………………………… ယောင်္ကျာလေးတွေ အများစုက အသဲခွဲနေကြတာများတယ်….. အသဲကွဲဖူးတာနည်းတယ်….. အသဲကွဲပီးဆိုရင်လဲ မိန်းကလေးတွေထက် ပိုဆိုးတယ်…ယောကျင်္ားလေးတွေက အစွဲအလန်းပိုကြီးကြတယ်.. ချစ်ပီးဆိုရင်လဲ သူဘယ်လောက်ပဲ ဆိုးရွာပါစေ နောက်ပြောင်းလဲသွားပါတယ်… တချို ့မိန်းကလေးတွေက ပြောတယ် ယောကျင်္ားတွေကမကောင်းဘူးလို့…. “ဘာလို့လဲလို့” Si Tone မေးရင် မိန်ကလေးတွေကို အသဲခွဲကြလိုဆိုပီး……. […]


နေဠု ၀င်းAugust 28, 20121min013
မန္တလေးနည်းပညာတက္ကသိုလ်။ဒီနာမည်ကြားရင် လူတွေကနှာခေါင်းရှုံ့ချင်ကြတယ်။သူတို့သားသမီးတွေ GTC တက်ချင်တယ်လို့ပြောရင် ကန့်ကွက်ကြတယ်။ဒီကျောင်းတက်ရင်ပျက်စီးကြတယ်လို့ ထင်ကြတယ်။ထင်လည်းထင်ချင်စရာပါပဲ တက္ကသိုလ်ရှိတဲ့နေရာကိုက အိုးဘိုထောင်နားကမြို့ပြင်မှာ။ပတ်ပတ်လည်ကိုကြည့်လိုက် လယ်ကွင်းတွေချည်းပဲ။မြို့ထဲကနေ ၁၅မိနစ်လောက်သွားမှ ကျောင်းရောက်တယ်။ကျောင်းသားတွေ break time ဆင်းရင် ကန်တင်းသွားရင်သွား မသွားရင် beerဆိုင်တွေပဲရောက်နေတယ်။ကျောင်းကနေ ၁ဝမိနစ် လောက်သွားလိုက်ရင် ထန်းတောတွေများပေါမှပေါ။နည်းပညာတက္ကသိုလ်တဲ့ နာမည်နဲ့လိုက်အောင် ဆောက်ထားတဲ့အဆောင်တွေက ကျွံတဲ့ဟာကကျွံ၊အင်ဂျင်နီယာကျောင်းလို့ပြောရမှာတောင်ရှက်တယ်။ဆေးတက္ကသိုလ်ကျတော့ မြိုလယ်ခေါင်မှာ နည်းပညာတက္ကသိုလ်ကျတော့ မြို့ပြင်ထုတ်ထားတယ်။နိုင်ငံတစ်နိုင်ငံမှာဆေးပညာပဲ အရေးပါတာမဟုတ်ပါဘူး။နည်းပညာမရှိရင် ခေတ်နောက်ကျနေမှာ အသေအချာပါပဲ။ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်ဆိုရင် အထင်ကြီးကြတယ်။အထင်ကြီးတာလည်း မပြောနဲ့ ၁ဝတန်းအောင်ပြီးလို့အမှတ်ကောင်းရင် ဘယ်တက္ကသိုလ်တက်မှာလည်း မမေးနဲ့။ဆေးတက္ကသိုလ်လို့ပဲဖြေ မှာသေချာပါတယ်။ဒါကိုကြည့်ရင် လူတော်တွေ ဆေးတက္ကသိုလ်သွားပြီး လူညံ့တွေကို အခြားတက္ကသိုလ်တွေက မျှယူရသလိုဖြစ်နေတယ်။နိုင်ငံတိုးတက်ချင်ရင် အခြေခံကစပြီးပြင်ရမှာပါ။ကျောင်းသားတွေအမှတ်ကောင်းရင် ဆေးကျောင်းသားတွေဖြစ်ကုန်တော့တာပါပဲ။ဝါသနာပါလား၊မပါလားမမေးနဲ့။ရှေ့ကသွားတဲ့လူတွေက မှားရင် နောက်ကလိုက်တဲ့လူကမှားတာ မဆန်းပါဘူး။ဆေးတက္ကသိုလ်မကောင်းကြောင်းရေးတာမဟုတ်ပါဘူး။ကျောင်းသားတွေ၁ဝတန်းအောင်လို့ တက္ကသိုလ်ရွေးရင် ကိုယ်ဝါသနာပါတာကို ရွေးတာအကောင်းဆုံးပါပဲ။အမှတ်ကောင်းလို့ အမှတ်မြင့်တဲ့ တက္ကသိုလ်တက်တယ်ဆိုတာ ရေရှည်ကျရင် နိုင်ငံအတွက်မကောင်းပါဘူး။သားသမီးတွေတက်ချင်တဲ့ တက္ကသိုလ်ကို မိဘတွေက […]


အားလုံးပဲ မင်္ဂလာပါ။ ကျွန်မနယ်ဘက်ကိုရောက်ဖြစ်လို့ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ မသီတို့မိသားစုနဲ့တွေ့ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်ထားဖို့ခေါ်နေပြီမို့ အကြောင်းအရာစုံ စကားတွေအများကြီး ပြောဖြစ် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ သူ့မှာ တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်တဲ့ မောင်လေးတစ်ယောက်ရှိပါတယ်။ ဘာကိုအဓိကလျှောက်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတဲ့အကြောင်း သူ့တို့ရဲ့အဆင်မပြေမှု အခက်အခဲတွေ၊ သူတို့ကြားသမျှ သိသမျှ ပြောပြပြီး ကျွန်မဆီအကြံဉာဏ်တောင်းလာပါတယ်။ သူတို့ပြောတာတွေကိုထောက်ပြီး ကျွန်မလည်း တိကျတဲ့အကြံပြုချက်မပေးခဲ့လိုက်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်ပေါ့ရှင်။ ဒါပေမယ့် ကျွန်မတစ်ခုတော့ သတိရလိုက်မိတာရှိတယ်ရှင့်။ အဲဒါကတော့ မန္တလေးဂေဇက်ပါပဲ။ တက္ကသိုလ်ဝင်ခွင့်လျှောက်တာနဲ့ မန္တလေးဂေဇက်နဲ့ဘာဆိုင်လဲလို့တော့ မထင်လိုက်ပါနဲ့နော်။ ဆိုင်ပါသကောရှင်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ဘာကိစပဲဖြစ်ဖြစ် အကြံဉာဏ်ကောင်းပေးနိုင်တဲ့သူတွေအများကြီးရှိတယ်လေ။ အဲဒါကို အပြည့်အဝယုံကြည်လို့ပါ။ ရွေးချယ်ဆုံးဖြတ်နိုင်အောင် မိမိတို့သိသမျှ ကြားသမျှအားလုံး ကို အကြံပြုရေးသားပေးကြဖို့ တောင်းဆိုပါတယ်ရှင်။ အကြောင်းကတော့ ဒီလိုပါ။ မိဘတွေက တောသူတောင်သားတွေပါ။ ခေတ်ပညာမတတ်ကြပါဘူး။ ဆက်ဆံရေး ဝင်ဆန့်တဲ့အဆက်အသွယ်ကောင်း […]


မန္တလေးဂေဇက်မှာ ကျွန်တော်တို့ ပို့စ်လေး တွေ တင်တဲ့အခါ လူစိတ်ဝင်စားနည်းလို့ ကွန့်မန့်လေးတွေမရတာ..၊ ကိုယ့်ပို့စ် လူအဖတ်နည်းတာဆိုလို့ရှိရင် အတော်လေး စိတ်ပျက်မိကြပါလိမ့်မယ်။ ကျွန်တော့်ပို့စ်တွေမှာ ဆို ကွန်မန့်အများဆုံး ရဖူးတဲ့ ပို့စ်တောင် ကွန်မန့် ၂ဝ မကျော်ပါ။ တော်တော်များများတော့ ဖတ်ကောင်းဖတ်ကြ ပါလိမ့်မည်။သို့သော် ကွန်မန့် မပေးသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ စာဖတ်သူထဲတွင်လည်း ကျွန်တော် လည်း ပါသည်။မပေးရခြင်းမှာလည်း ထွေထွေရာရာ မပြောတတ်ခြင်းနှင့် ကိုယ့်ကွန်မန့်ကြောင့် ပို့စ်ရှင် စိတ် အနှောင့်အယှက် ဖြစ်မှာ စိုးတာလည်းပါသည်။ သို့သော်လည်း ကိုယ်တိုင်ပို့စ်ရေးသူတစ်ယောက်အနေနှင့် ကိုယ့် ပို့စ် တစ်ပုဒ်တွင် ကွန်မန့်ကောင်းလေး တစ်ခုတစ်လေ ပေးသွားခဲ့လျှင် အင်မတန် ပီတိဖြစ်ရပါသည်။ ကျေးဇူးတင်မိသည်။ သာမည ပြောနေကျ ကျေးဇူးပဲ ဆိုသည့် စကားထက် များစွာ […]


KyaemonAugust 27, 20127min05
      ၂၀၁၂ ဩဂုတ်လ၂၆ရက်နေ့က Canada Women Open Golf ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ ကမ်ဘာ့အမျိုးသမီး ဂေါက်သီးရိုက်ဗိုလ်လုပွဲမှာ  တောင်ကိုရီးယားဇာတိနွယ် နယျူးဇီလန်သူ ၁၅ နှစ်အရွယ်ရှိ Lydia Ko က အနိုင်ရခဲ့တာ၊ ဒီလိုနိုင်တာဟာ အသက်အငယ်ဆုံးဖြစ်လို့ ကမ်ဘာ့စံချိန်ကိုချိုးလိုက်တာ၊ အာရှသူအာရှသား အနေနဲ့အတုယူစရာ၊အားတက်စရာပါ၊ Lydia တို့လို ကိုယ်ကြိုးစားရင် ကိုယ်လဲရနိုင်တာပါ    ပုံတွေကိုရှုစားကြပါ 15-year-old Lydia Ko becomes youngest winner in LPGA history | Devil Ball Golf – Yahoo! Sports http://sports.yahoo.com/blogs/golf-devil-ball-golf/15-old-lydia-ko-becomes-youngest-winner-lpga-011315672–golf.html ……Ko not only became the youngest […]


KyaemonAugust 26, 201229min01
ဘိုးဘွားလက်ထက်က ဆောက်နင့်ပြီးသားရေကာတာကြီးတွေ တော်တော်ခိုင်ခံ့တောင့်တင်းတာပါ – အဆက်  Schwänberg ရေကာတာ ၁၉၁၆ ကပြီးလို့ ၉၆ နှစ် တောင်ကြာခဲ့ပါပြီ၊    Swiss Committee on Dams – Dam Form http://www.swissdams.ch/Dams/damForm/default_e.asp?ID=154 LES BARRAGES SUISSES-TALSPERREN IN DER SCHWEIZ-DAMS IN SWITZERLAND http://www.jcr-photos.ch/414121/414163.html La Luette  ရေကာတာ ၁၉၁၈ ကပြီးလို့ ၉၄ နှစ် တောင်ကြာခဲ့ပါပြီ၊   Swiss Committee on Dams – Dam Form http://www.swissdams.ch/Dams/damForm/default_e.asp?ID=150       Mühleberg  ရေကာတာ  ၁၉၂ဝ ကပြီးလို့ ၉၂ နှစ် တောင်ကြာခဲ့ပါပြီ၊   […]


KyaemonAugust 26, 201217min05
ဒေါ်စုရောက်ခဲ့တဲ့နော်ဝေနိုင်ငံနဲ့ ဆွစ်နိုင်ငံတွေကိုဒို့လဲ “ရောက်” ခဲ့သလိုဘဲ၊   “ရောက်”တုန်းရောက်ခိုက် အဲဒီနိုင်ငံတွေရဲ့အကြောင်းကိုလဲ ပိုပိုလိုလိုတောင်လေ့လာခဲ့ပေပြီ၊ ယခုလဲ ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဝင်ကြည့်ရအောင် “ဒေါ်စုရဲ့ဘဝခရီးထဲက တရက်တာ၊  မြန်မာပြည်ကိုဒီမိုကရေစီ ပြန်ရအောင်ဆောင်ရွက်ပေးသူ ထူးခြားတဲ့အမျိုးသမီး” ဆိုပြီး Daily Mail သတင်းစာက ချီးကျူးအမွှန်းတင်    Just a day in the life of Aung San Suu Kyi: Britain rolls out the red carpet for the extraordinary woman who returned democracy to Burma Followed in the footsteps of Nelson Mandela, […]


si toneAugust 25, 20121min020
*Si Tone က မိန်းကလေးဖက်ကနေ ရေးထားတာပါ………* ဘာပဲဖြစ်ဖြစ်အားပေးပါနော်…………. တစ်နေ့ Si Tone သိပ်ချစ်ရတဲ့သူက… Si Tone ဆီကို စက်ဘီးလေးနဲ့ လာပြီး လျှောက်သွားဖို့ လာခေါ်တော့ Si Tone သူ ့ကိုချစ်တဲ့စိတ်ကလေးနဲ့ သူ ့စက်ဘီးလေးရဲ့ အနောက်က ထိုင်ခုံးလေး မှာ ထိုင်ပြီး သူခေါ်ရာအနောက် ကိုလိုက်သွားပါတယ်………….. တစ်နေရာရောက်တော့ သူစက်ဘီးလေးကိုရပ်ပီး အဲဒီနေရာလေးသွား စကားပြောမယ်ဆိုပီး Si Tone ရဲ့ လက်ကလေးကို ကိုင်ပြီး အဒီနေရာလေးကိုခေါ်သွားပါတယ်……… အဲဒီနေရာလေးက အပြာရောင်သန်းနေသော ရေကန် ရယ် စိမ်းစိုနေသော သစ်ပင်ကြီး နဲ့ စုံတွဲခုံတန်းလေးရှိပါတယ်…. တကယ်ကိုလှပါတယ်…. ဒါပေမဲ့အဲဒီနေရာလေးက Si Tone အတွက် အဓိပါွယ် မရှိတဲ့နေရာလေးပါ.. Si […]


we R oneAugust 24, 20124min011
In 2011, Myanmar Youths in Action and 5 other Yangon-based youth volunteer groups joined together for relief efforts during the Pakkokku floodings. This year’s June, this group has also donated more than 80 lakhs personally to the victims of the clashes in Rakhine State. Now, with more youth groups have joined together to hold a charity […]


ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လစဉ်ကျင်းပလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောပွဲ (စက်တင်ဘာလ – ၂၀၁၂) တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် ပူးပေါင်း၍ ဒေါက်တာ ဦးသိန်း က “အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်” အကြောင်းအရာ ခေါင်းစဉ်နှင့် ပတ်သက်သည့် ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြပါကြောင်း ဖိတ်ကြားအပ်ပါသည်။ ဟောပြောမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။   ကျင်းပမည့်နေ့ရက်            – ၁-၉-၂၀၁၂ (စနေနေ့) ကျင်းပမည့်အချိန်              – နေ့လည် ၁၄:၀ဝ နာရီ ကျင်းပမည့်နေရာ              -UMFCCIOfficeTower(ပထမထပ်) ခန်းမကြီး အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်။   ဦးသိန်း၏ […]