ရွာထဲက ဆရာတွေဆီက သင်ကြားပိုု့ချစာတွေ မတွေ့တာကြာပြီမိုု့ ဓာတ်ပုုံစိတ်ဝင်စားသူတွေအတွက် ကျမသိတဲ့ Link ကောင်းတာတချို့ ရှယ်လိုုက်ပါတယ်။ ဆရာတွေသင်တာလိုုတော့ ဗမာလိုုဖတ်လိုု့မရဘူးပေါ့။ ၁) http://digital-photography-school.com/ အတွေ့အကြုံ Level မျိုးစုုံအတွက် Turotial တွေအများကြီးဖတ်လိုု့ရပါတယ်။ ဆိုုက်ဒ်ပိုုင်ရှင်က ဩဇီက၊ မန်းဂေဇက်လိုုပဲ ပါဝင်ရေးသူတွေ အများကြီး စုုရေးထားတဲ့ site/blog ပါ။ နေ့တိုုင်း ပိုု့စ်အသစ်တွေ ၃ပုုဒ်လောက်တင်တယ်။ အကုုန်မဖတ်ချင်ဘူးဆိုုရင်တော့ မျက်စိအရသာခံ၊ inspiration ယူပါ၊ ကိုုယ်စိတ်ဝင်စားတာတွေ့ရင်ဖတ်ပေ့ါ။ ဥပမာပုုံတွေနဲ့ Blog post တွေဆိုုတော့ စာအများကြီးဖတ်ဖိုု့မလိုုပါဘူး ။ နည်းပညာအကြောင်းတွေတင်မဟုုတ်ပဲ၊ DSLR ကင်မလာအကြီးတွေရှိဖိုု့မလိုုပဲ၊ ဘယ်လိုုပုုံကောင်းကောင်းရိုုက်ဖိုု့ ရှာရမလဲဆိုုတာမျိုးတွေလည်း အများကြီးရှိတယ်။ ၂) http://www.creativelive.com/ http://www.creativelive.com/live/ ဓာတ်ပုုံသင်တန်းတွေကိုု Seattle နဲ့ NYC ကနေ Free […]
