Sine SantMay 11, 20141min08
ချမ်းသာတဲ့မနက်ခင်းဖြစ်ဖို ့အတွက် ချမ်းသာစွာအိပ်စက်နိုင် ခဲ့လား ဖဲမွေ ့ယာပေါ် မှာအိမ်မက်ဆိုးတွေ စိတ်သောက တွေနဲ ့အတူ အိပ်စက်အနားယူခဲ့မယ်ဆိုရင် ကိုယ်ချမ်းသာပြီးစိတ်ဆင်းရဲ နေရ တော့နိုးထလာတဲ့မနက်ခင်းလေးက ချမ်းသာတဲ့မနက်ခင်းလေး မဖြစ်နိုင် တော့ဘူးပေါ့ ။ တဲအိမ်မှာ လမ်းဘေးမှာ ဘယ်လိုနေရာမှာ ဖြစ်ဖြစ် စိတ်သောကမရှိဘဲ အိပ်စက်နိုင် ခဲ့သူအတွက်တော့သူ ့ရဲ ့ မနက်ခင်းတိုင်းကချမ်းသာနေမှာပါ ။ ဒီရွာ ထဲမှာရောချမ်းသာအိပ်စက်နိုင် ခဲ့တဲ့သူ ဘယ် နှယောက်များ ရှိမလဲ ။ သာယာတဲ့မနက်ခင်းလေးမှာ ချမ်းသာစွာနိုးထနိုင် ခဲ့ရင် သူ ့ရဲ ့တ နေ ့တာလုံးကို အဓိပ္ပာယ် ရှိစွာဖြတ်သန်းနိုင်းမှာပါ ။ စိတ်ညစ်စရာတွေကို မ တွေးနဲ ့လို ့မဆိုလိုပါဘူး ဒါမဲ့ အိပ်ယာ ထဲထိတော့ခေါ်မလာ […]


etoneMay 6, 20141min018
သူတောင်းစားဟုဆိုလျှင် တောင်းစားသူများကို မြင်ယောင်တတ်ကြပါတယ် ။ သို့သော်လည်း တောင်းစားသူတိုင်းက သူတောင်းစား မဟုတ်ကြပြန်ပါဘူး ။ တောင်းစားသူ အမျိုးစား များစွာရှိသော်လည်း သူတောင်းစားအမျိုးစားတော့ နှစ်မျိုး နှစ်စားပဲ ရှိပါတယ် ။ လိမ်တောင်းစားတဲ့ သူတောင်းစားနှင့် ၊ တကယ်တောင်းစားတဲ့ အမျိုးစားပါ ။ ဘယ်လို သူတောင်းစားအမျိုးစားပဲဖြစ်ပါစေ လာတောင်းလျှင် မပေးဖြစ်တာများပါတယ် ။ လက်ခြေ အကောင်းကြီး ရှိပါလျှက် တကယ့် သူတောင်းစား ဖြစ်နေသူများကို လက်ကြောမတင်းသူဟု ယူဆပြီး စေတနာမထားနိုင်ခဲ့ပါဘူး ။ မျက်မမြင် ၊ ဒုက္ခိတလို ဆင်ယင်ပြီး လိမ်လည်တောင်းနေသူများလည်းရှိတာကြောင့် သူတောင်းစား အမျိုးစားဆိုလျှင် စေတနာ မထားတတ်တာက များပါတယ် ။ %%%%%%%%%%%%%%%%%%%% အချိန်က ညနေ ၆ နာရီကျော် ……. […]


ဇီဇီMay 5, 201416min055
  တနင်္လာ   ပြည်ကြီးငါး အစပ်ချက်+ ကန်စွန်းရွက်ကြော် + ဝက်ရိုး ဟင်းချို   – ပြည်ကြီးငါးကို အရွယ်တော် တုံး (၅ဝသား) – သများတော့ ပျင်းလို့ မမွှန်းဘူးးး မပျင်းရင် မွှန်းလိုက်ပါဦးးး – ကြက်သွန်ဖြူ/နီ ပါးပါးလှီးးး (နီ ၂ ဥ၊ ဖြူ ၃ မွှာ) – ငရုပ်သီးစိမ်း အနီရောင် (ဒီမှာတော့ အဲဒီ ငရုတ်သီးပဲ ရှိတယ်) ကို ပါးပါးလှီး (၅ တောင့်) – ဆီအိုးတည် (ဆီ ဟင်းဇွန်း ၃ ဇွန်း)၊ ဆီပူရင် ခုန က ပါးပါးလှီးထားတဲ့ သွန်နီ/ဖြူ နဲ့ ငရုတ်သီးထည့် ဆီသတ် […]


ဇီဇီApril 28, 20141min051
ပထမဆုံး ဝါး ကို သတိထားမိတာက သူ့ကော်မန့်တွေက ရီရလို့။ နောက်တော့ ဖဘမှာတွေတော့ ရုပ်တည်နဲ့မို့ ဝါး လို့ မထင်ဘူးးး ဂီ မိတ်ဆက်ပေးပြီးမှ ပြောလိုက်တဲ့စကားတွေဆိုတာ။ အဲတုန်းက ကိုဖက်ရယ်၊ ဂီရယ်၊ ကျောက်ရယ်၊ ဝါးရယ်၊ ကျနော်ရယ် နေ့တိုင်း စကားပြောဖြစ်တယ်။ ကျနော်ဖြင့် အဲတုန်းက စာမေးပွဲဖြေနေလို့ စာကျက်ရမှာကို အဲဒီ စကားဝိုင်းကို စွဲလန်းလွန်းလို့ စာကိုအမြန်ကျက်ပြီးမှ သွားရတယ်။ ဝါး ကို ချစ်တာက အတွေးအခေါ်က  မိန်းမ မဆန်လို့။ စိတ်ရော စကားပြောရောက ပွင့်လင်းရှင်းလင်းလို့ ကျနော့ကိုလည်း ချစ်လို့ (ထင်ရတာပဲ)။  :mrgreenn:   ကဲ။ ဝါး/ဝိုး/ဝူး/ဝေါင်း/Wow   ခေါ်ချင်သလိုသာခေါ် ဂဇက်စီလင်ဒီးရွန်း ရဲ့ အလှတရားကတော့ လျော့ပါးသွားမှာ မဟုတ်ပါဘူးးး ရွာ […]


Ma MaApril 23, 20141min036
(ခုစာကို ခုနေရာထိ ..ဆာလုံးဗောင်း ဘယ်နှလုံး မှားသွားဗီဒီး ဟု ကောင့်ဒေါင်း လုပ်နေလေသတတ်သော မား-မာ အမွှာ အား လည်းကောင်း…။) အဲသလို အဲသလို……….. ရွာထဲမှာ သူများစာကို စာလုံးပေါင်းအမှားရှာတဲ့မျက်လုံးနဲ့ ကြည့်တတ်နေတော့……… ကိုယ့်စာမှာဆိုစာလုံးပေါင်းမှားမှာ ပိုကြောက်နေမိတယ်။ :p: (ငရုတ်သီးနဲ့ပေါင်းလို့ ကြက်သွန်ပါ ရောအထောင်းခံရတဲ့ အမွှာညီအမအတွက်တော့ စိတ်မကောင်းပါဘူး။) 😆 ကြောက်ရမယ့်အထဲမှာ ဆြာကမ်းက အရှေ့ဆုံးကပဲ။ 😥 မှတ်မှတ်ရရ ဆုရပိုစ့်တွေရေးတော့ ဇကာတင်လား၊ စကာတင်လား ဆိုပြီး စာလုံးပေါင်းသတ်ပုံကျမ်း http://myanmarwords.pikay.org/မှာ သွားရှာတယ်။ ၂မျိုးလုံးရှာမတွေတော့ အံ့ဩပြီး ကိုယ်ထင်သလို ဇကာတင် လို့ ရေးလိုက်ရော။ :boss: ဘာသာစကားသင်တဲ့ဆရာတစ်ယောက်ကပြောဖူးတယ်။ စကားကို ပြောသာပြော မှားလို့ သူများတွေရီရင် ပိုမှတ်မိတယ် ဆိုသလိုပဲ… မောင်ကမ်းက ဆန်ခါတင် […]


ဇီဇီApril 21, 201418min069
  မမ စားဖိုမှူးလိုတယ်ဆိုလို့။       ငင်!! ကြည့်လိုက်တော့ အသားဖြူဖြူ သန့်သန့် လူက ပြုံးပြုံးးနဲ့။ ငါ ခေါ်ထားတဲ့ အလုပ်က ကုလား (အဲ) အင်ဒီယန်း အစားအသောက် စားဖိုမှူးပါ။   ဘယ်နဲ့ သူက လူပုံ ပျော့ပျော့နဲ့ အလုပ်မှားလျှောက်တယ်ထင်တာနဲ့ပဲ…………   နေရာမှားနေတဲ့ကွဲ့!!!! မမလိုချင်တာ အင်ဒီးယန်းအစားအသောက်ချက်ဖို့ စားဖိုမှူးလိုတာပါကွယ်။ ရဲတိုက်လို ရုပ်မျိုးလေးကို ဦးစားပေးမယ် စဉ်းစားထားပါတယ်။  :mrgreenn:       မမဇီဇီ၊ ကျနော် အဲဒီ အစားအသောက်ကျွမ်းကျင်ပါတယ်။ ထောက်ခံစာ ၂ စောင်လည်းပါပါတယ်။       ကြည့်လိုက်တော့ အမတ်မင်း ဆီက ရယ်၊ ဟောင်ကောင်ကျောက် ဆီကရယ်။ […]


ဇီဇီApril 20, 20148min041
Gardens By the Bay ကိုတော့ ဒီ အောက် က ပို့(စ) ၂ ခုမှာ ရေးဖူးပါတယ်။။       Gardens By the Bay – အပိုင်း (၁)     Gardens By the Bay – အပိုင်း (၂)       အဲဒီမှာပဲ ကျူးလစ် ပန်းပွဲတော်ရှိတယ်ဆိုလို့ ရုံးက အမတွေနဲ့ သွားခဲ့ပါတယ်။ အမှန်တော့ မနှစ်ကတည်းက သွားချင်တာရယ်။ ဦးကျောက်တို့ အမတ်မင်းတို့နဲ့ ရောက်ပြီးမှ မသိလို့ ဝင်မကြည့်ပဲ အပြင်ပန်းကပဲ ပြန်လာမိတာ။ ဒီနှစ်တော့ နားစွင့်ပြီး စောင့်နေတာနဲ့ မှီခဲ့တယ်ပဲ ဆိုပါတော့။ […]


alinsettApril 18, 20145min030
အခု သူရပြောပြမယ့်အကြောင်းက တကယ့်အဖြစ်အပျက် တကယ့်အရှိအကြောင်းဆိုပေမယ့် အိပ်မက်တမျှ ဆန်းကြယ်လှတဲ့နေရာတစ်ခုအကြောင်းပါ။   တကယ်လို့ အခု စာကို ဖတ်နေတဲ့ သင်ဟာ တောင်တွေ တက်ရတာ ခရီးတွေ ထွက်ရတာကို ပျော်တတ်တဲ့လူဆိုရင် ……… တကယ်ပဲ ခရီးထွက်ခြင်းကို ချစ်တဲ့သူလား ခရီးထွက်ခြင်းကို မချစ်သူလားဆိုတာ အဖြေတစ်ခုထွက်နိုင်ပါတယ် ။   ဘာလို့လဲဆိုတော့ ဒီခရီးဟာ အင်မတန်ကြမ်းတမ်းပြီး မသေမပျောက်တာ ကံကောင်းလို့ လို့ ဆိုရပါမယ်။   သူရ အခု ကံကောင်းလို့ ဒီခရီးစဉ်အကြောင်းကို ပြန်ရေးပြနိုင်တာပါ။   ခရီးစဉ်ရဲ့ အခြေအနေကို အသေးစိတ်မပြောခင် ဒီခရီးဟာ လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ သူတွေအတွက် ၁ဝ မိနစ်လောက် စပြီးတာနဲ့ လာလမ်းလှည့်ပြန်မှာသေချာတဲ့ခရီး လို့ အရင် ပြောပါရစေ ။ […]


အခုတလော ပြောချင်နေတဲ့အကြောင်းလေးရှိနေပါတယ်။ ပြောချင်တာကတော့ ကလေးတွေရဲ့အချိန်ခိုးခံ နေရတယ်ဆိုတဲ့အကြောင်းလေးပါပဲ။ ခိုးယူသူတွေကတော့ ကလေးတွေရဲ့မိဘတွေကိုယ်တိုင်ပဲဖြစ်နေပါတယ်။ :cryy: ကျွန်မတို့ငယ်ငယ်တုန်းက ကျောင်းဆိုတာ တခုတည်းပဲရှိခဲ့ပါတယ်။ အစိုးရကျောင်းပေါ့။ အပြင်ကျောင်းဆိုတာ အိပ်မက်တောင်မမက်ဖူးပါဘူး။ အဲဒီအစိုး ရကျောင်းမှာတက်နေတာဟာ အရမ်းကိုပျော်စရာကောင်းပါတယ်။ စိတ်ဖိစီးမှု့ဆိုတာကလေးနဲ့မဆိုင်ပါဘူး။ ကလေးဆိုတာလွတ်လပ်ပျော်ရွှင်ရမယ်ဆိုတဲ့ လူကြီးမိဘဆရာသမားတွေရဲ့ခံယူချက်နဲ့ လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်းကြီးပြင်းခဲ့ရပါတယ်။ မနက်ကျောင်းသွားရင်လဲ လူကြီးမပါပါဘူး။ နီးစပ်ရာ အိမ်နီးချင်းတွေစုပြီးလမ်းလျှောက်ကျောင်းသွားကြပါတယ်။ လမ်းမှာထင်ရာမြင်ရာဆော့ရင်း ( အင်္ကျ ီအဖြူပေမစိုးလို့ အရမ်းတော့မကမြင်းရဲပါဘူး ) ကျောင်းကိုရောက် အောင်သွားကြပါတယ်။ အဲကျောင်းဆင်းပြီဆိုရင်တော့ အိမ်ကိုခွင့်တောင်းခဲ့တဲ့နေ့ဆိုရင်အိမ်မပြန်ပါဘူး။ ကျောင်းမှာပဲ လွယ်အိပ်ကလေးဘေးချလု့ိဆော့ကြပါတယ်။ ခွင့်မတောင်းခဲ့တဲ့နေ့ဆိုလဲ ပြန်ရင်းလမ်းတလျှောက်ဆော့သွားပါတယ်။ ပွဲဈေးရှိရင်လဲ တဆိုင်ဝင်တဆိုင်ထွက် ဝယ်ခြမ်းစားသောက်ပြီးမှပြန်ပါတယ်။ ဘာမှမရှိတဲ့နေ့ဆိုရင်တော့ အိမ်ရောက်တာနဲ့ လွယ်အိပ်ကလေးဘုန်းဆိုချ၊ အိမ်နားကကလေးတွေနဲ့ ဆော့ပါ တယ်။ အေးတဲ့ဒေသဆိုတော့ ကျောင်းဆင်းရင်ရေချိုးစရာမလိုပါဘူး။ နောက်ညစာစားပြီးမှ ကျောင်းကအိမ်စာလုပ်၊ စာကျက်ပါတယ်။ စနေတနင်္ဂနွေလဲထိုနည်းလည်းကောင်းဆော့ပါတယ်။ […]


ဇီဇီApril 7, 20145min050
ကေဇီ အခြောက် ယူမလားးးးးး ဟင်? ဝေ၊ သများ အခြောက်မယူချင်ဘူးးး သများ အခြောက်မကြိုက်ဘူးးး ယူပါ ကေဇီရဲ့။ ကေဇီ အတွက် စပယ်ရှယ် စီစဉ်ထားတဲ့အခြောက်တွေ။ ငင်! ရက်စက်လှချည်လား ဝေရယ်။ ကေဇီမှာ ဘဲရှိတယ်လို့ ပြောပြီးပြီလေ၊ ဘီယာနဲ့ ပေါင်းတင် (အဲ) ပေါင်းတည်ထားတယ်လေ။ အခြောက်တွေမလိုချင်ဘူးးး ဟူးးး ဟူးးးးးး ရ ရက်စာ တစ်ရက် အခြောက်တစ်မျိုး နွေရာသီစာ လေ။ ဟင်? ဘာရယ် နွေရာသီစာ? အင်းလေ။ ငါးခြောက် အမျိုးမျိုးကို သင်္ကြန်တွင်း တပတ်စာ ရေးပေးထားတာလေ၊ ထမင်းဆိုင် အတွက်… ဪ။ဟူးးးးးး! အဲဂလိုပြောပါလား ဝေရယ်။ သများက ကိုယ့် အတွေးနဲ့ကိုယ် လန့်တတ်လို့။  :mrgreenn: ဤကားးးး ကေဇီနဲ့ […]


ဇီဇီMarch 31, 20142min039
အီဖြစ်က မီနှစ်ကနဲ့ မီတူလော့ပါဘူး ပိတ်သတ်ကြီးရယ်။ ကျုပ်က နှင်းကေသရာလေးကို စားဖိုမှူးအဖြစ် လာမလားလို့ မေးတော့ သူ့ သူရဲကောင်းကြီးနဲ့ တိုင်ပင်ပြီး လာချက်ပါ့မယ်ပြောကရော။ အဲ! သူတို့ ဟင်းက ဖက်စပ်ချက်ကြတာကိုးဗျ။  :mrgreenn: အဲ နောက်တော့ အဲ ဒီ သူရဲကောင်းကြီး အံဆုံးပေါက်တော့ (ခွိ ဂဇက် လိ(ခ)ကွ ဘာတတ်နိုင်သေးတုန်းးးး :mrgreenn: ) အဲလာ အကြောင်းပြပြီး နှင်းကလေးကို ဂျီဂျောင်ကြတယ် ထင်ပါတယ်။ ကျုပ်က ဒီဘက်က ဟင်းစပ်တွေ တဒီဒီတောင်းးးး၊ ဟိုဘက်က လူမမာက တဒီဒီ ဂျီကျတဲ့ ကြားက နှင်း က သူချက်တဲ့ ဟင်းတွေ အကြောင်း ရေးပြီး သူရဲကောင်းကြီး ချက်တဲ့ ဟင်းကို ရေးပေးဖို့ စောင့်ရတာပေါ့ဗျာ။ […]


ဇီဇီMarch 24, 201418min071
  ဟေးဟေးဟေးးး အကယ်ဒမီရတဲ့ ကားဟုတ်ဖူးနော်။ ဥ ကို ချက်နည်းမျိုးစုံ ရေးမို့။ ဟင်းအရံမှာတော့ သုံးနည်းတွေ အများကြီးရှိပေမဲ့ မိန်းဒစ်(ရှ) အနေနဲ့ စုထားချင်လို့ ရေးတဲ့ ပို့(စ) ပါ။ (နာ ကွ!၊ တဂျီး ဆီ က ပွိုင်ကို မရအရ နည်းနဲ့ ယူတယ်မှတ်)  :mrgreenn: ရ ရက်စာသာမက သိသလောက်ရေးဦးမှာ။ သိပြီးသား ဆိုလည်း မသိချင်ယောင်ဆောင်သွားကြနော်။ အနော့ စားဖိုမှူးတွေနည်းထဲက ကောင်းနိုးရာရာ ဥ တွေပါ ဆွဲထုတ်သွားမှာ။ ဟင်းချက်နည်းပြောပါတယ်။ ဥ ဆိုလို့ အထင်မသေးကြနဲ့။ ဥပေါ် ကျောက်ပြင်ကျလဲ ဥပဲ ကွဲတာ။ ကျောက်ပြင်ပေါ် ဥကျလဲ ဥပဲကွဲတာ။ (အဲလေ၊ နာ ဘာတွေပြောနေမိပါလိမ့်)   သများ […]


padonmarMarch 23, 20142min022
နှစ်စဉ် ဒီလို ရာသီရောက်တိုင်း ကျမတို့ ဇာတိမြို့ကလေးကို ပြန်ဖြစ်ပါတယ်။ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူမှာ သွားကန်တော့ ၊ဆွေမျိုး မိတ်ဆွေတွေကို လက်ဆောင်ပေး လိုက်နှုတ်ဆက်၊ပျော်စရာ ခရီးဖြစ်ပါတယ်။ ကျမ အဖေ စီးပွားရေးလုပ်ငန်းတွေ အခြေစခဲ့တဲ့ ရပ်ကွက်ကလေးဟာ မြို့ရဲ့ တဖက်ကမ်းမှာ ရှိပါတယ်။ အရင်နှစ်တွေကသွားတဲ့အခါ အဖေ့ လုပ်သားဟောင်းကြီးတွေရဲ့ သားမြေးမြစ် ကလေးတွေကို စက်ရုံချုပ်အကျင်္ီကလေးတွေ ဝေပေးရင်း သူတို့ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးကြည့်ခဲ့ပါတယ်။ အရင် ပို့စ်အဟောင်းတွေမှာ ဖတ်ကြည့်ရင် အသေးစိတ်သိနိုင်ပါတယ်။ http://myanmargazette.net/177204 ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ – padonmar Posted by padonmar on May 27, 2013 in Creative Writing, Education | 29 comments ပဒုမ္မာရဲ့ […]