မိန်းမသားတွေပါ ။ ဒါပေမယ့် သူတို့စိတ်တွေဟာတက်ကြွနေလေရဲ့ ။ ရွာကို ရန်ကုန်ကနေ စေတနာ အနစ်နာ ရှေ့ထား တကူးတက လာရောက် ဟောပြောပွဲလေးတွေ ကို ၃ရက်တိတိ အရပ်သား ကျောင်းသား ကလေးတွေ အစရှိတဲ့ အရွယ်အသီးသီး ကို ဉာဏ်အလင်းဖောက် မြို့နေလူတွေနဲ့ တတန်းစား အညီ လောကကို မြင်နိူင်အောင် ပညာဖြန့်ဝေ ဆောင်ရွက်ပေးသွားတဲ့ ဆရာ ရန်ငြိမ်းသူ တစ်ယောက်ရဲ့ အပြန်လမ်း ခရီးမှာ ရွာကနေ ၈ မိုင်နီးပါး အလှမ်းကွာတဲ့ တပြင်း ( ကျောက်ထု – ပခုက္ကူ လမ်းပိုင်း ) ရွာအရောက် လူကို လှည်းတင် ဆိုင်ကယ်ကို လူထမ်း ဟောဒီလို ချောင်းတွေဖြတ်ကူးပီး ပြန်ပို့ရတယ်။ ထမ်းပို့သူတွေက တစ်ခြားလူမဟုတ်ဘူး။ […]

