*(၂) တန်းစီစနစ် ( လူအများသူငှာ တန်းစီနေတဲ့ အချိန်မှာ ကြားဖြတ်ဝင်တာမျိုး။ လုပ်သင့် သလား။မလုပ်သင့်ဘူးလား ။ )* ကြားဖြတ်ဝင်တာ ပိုကောင်းတာပေါ့။မြန်ဆန်တာပေါ့။လုပ်သင့် ပါတယ်။ဘာဖြစ်လဲ။ ဒီလိုဘဲလွယ်လွယ်တွေးမှာလား။ ဒါကိုများ ရေကြီးခွင်ကျယ်လုပ်ပြီးပြောနေရသေးတယ်။ အပိုတွေပါလို့ သုံးသပ်လို့ ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာပြီ။အကြောင်းအမျိုးမျိုးကြောင့် သူများနိုင်ငံတွေ ကို အလည်အပတ်ဘဲဖြစ်ဖြစ်။အလုပ်ဘဲသွားလုပ်လုပ်။ ပညာဘဲသွားသင်သင်။ ( ဈေးဘဲဝယ်ဝယ်။ အိမ်သာဘဲ တက်တက်။ မြေပေါ် မြေ အောက် ရထားဘဲ စီးစီး။ကားဘဲ စီးစီး။ ရုပ်ရှင်ရုံ။ ကလေး ကစားကွင်းပါ မကျန် ။ ဘယ်နေရာဘဲသွားသွား။ဘာဘဲလုပ်လုပ် ) တန်းမစီဘဲ ကြားဖြတ်ချင်ရင် တော့ ဒီအမူအကျင့်တွေ မပြင်လို့ ကတော့ ရွှေမြန်မာတွေ ဘယ်လောက်ဘဲ ရွှေထွက်နေပါစေ ။ အထင်သေးခံရပြီသာမှတ်ပေတော့။ […]
