၁၉၈ရ ခုနှစ်ကတည်းက တူနီရှားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အသက် ၇၄ နှစ်ရှိ သမ္မတ Zine El Abidine Ben Ali မှာ ကျောင်းသားများဦးဆောင်တဲ့ ထောင်သောင်းများစွာ သော လူထုဆန္ဒပြမှုကြောင့် တိုင်းပြည်မှ ထွက်ပြေးသွား ကြောင်း လက်ရှိကြားဖြတ်အစိုးရ တာဝန်ယူလိုက်သူ ဝန်ကြီးချုပ်က သောကြာနေ့ည အစိုးရရုပ်သံတီဗွီမှ ကြေငြာလိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တူနီရှားသမ္မတ ထွက်ပြေးတာ မှန်ကန်ကြောင်း အတည်ပြုပြီး၊ မည်သည့်နေရာ ပြေးလဲ မသိသေးကြောင်း ပြောဆိုသည်။ CNN သတင်းဌာနကတော့ သမ္မတ ဘန်အလီ ရဲ့ လေယာဉ်မှာ ပြင်သစ်နိုင်ငံကို ဦးတည်သွားကြောင်း၊ တူနီရှားလူထုရဲ့ ရဲစွမ်းသတ္တိကြောင့် သမ္မတထွက်ရပြေးရတဲ့ လတ်တလောဖြစ်ရပ်ကို ကြည့်ပြီး အခြားအာရပ်ကမ္ဘာရှိ အာဏာရှင်များလည်း စိုးထိတ်နေကြကြောင်း၊ အထူးသဖြင့် လက်ရှိ […]

