alinsettMay 29, 20121min036
( ကျွန်တော် နှင့် တိမ်ယံသစ္စာ ) 2012 / မေလ သည်… အေးမြသော မိုးညများနှင့်အတူ…ထူးခြားကောင်းမွန်သော.စာအုပ်တစ်အုပ်ကိုပါ.. ခေါ်ဆောင်လျက်..ကျွန်တော့်ထံ ရောက်လာခဲ့သည် ။ ဝတ္ထု ပီပီသသ စာအုပ်များကို မက်မောစွာ.တောင့်တ တတ်သော ကျွန်တော့်အတွက်…. မမေ့နိုင်စရာ..စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရပါသည် ။ ထိုစာအုပ်၏ အမည်မှာ..တိမ်ယံသစ္စာ ဖြစ်သည် ။ တိမ်ယံသစ္စာ ကို ဘာသာပြန်ပေးထားသူမှာ…ဝင့်ပြုံးမြင့် ဖြစ်၏ ။ ( ဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် ၏ ဆောင်းည ရှိုက်သံကို..ဂေဇက်တွင် ညွှန်းဆို ဝေဖန် ခဲ့ပြိးပါပြီ။ ) ဆရာမ ဝင့်ပြုံးမြင့် ရွေးချယ် ပြန်ဆိုသော.စာအုပ်များမှာ တစ်မျိုးတစ်မည် ထူးခြားနေတတ်တာ တော့….. အမှန်ပဲ ဖြစ်သည် ။ ယခုလည်း…တိမ်ယံသစ္စာ….တဲ့ ။ […]


mgwaloneMay 29, 20121min011
မန္တလေးက အမှိုက်ပုံလမ်း ခေါ် ၃၂ လမ်း (၆ဝ x ၆၂ ကြား) ကို ရိုက်ထားတဲ့ ဓတ်ပုံတွေပါ။ ယခင် လမ်းမကြီးတစ်ခုလောက် မကျယ်ခင်ကလည်း အမှိုက်တွေပုံထားလို့ အမှိုက်ပုံလမ်းလို့ လူသိများခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ လမ်းကိုလည်း ချဲ ့လိုက်တယ်။ အဆောက်အဦး အသစ်၊ အိမ်ယာအသစ်တွေ ပေါ်လာတယ်။ ဒါပေမဲ့ အမှိုက်ပုံကတော့ ရှိနေတုံးပါပဲ။ စည်ပင်ကလည်း မှန်မှန်လာမသိမ်းပါဘူး။ အယင်က အမှိုက်ကန် ထားပေးတယ်။ အခု ကန်လည်း မရှိတော့ ပါဘူး။ လူတွေကလည်း စည်းကမ်းမရှိကြဘူး။ ပုံမှာမြင်ရတဲ့ အတိုင်း ထင်သလို ပစ်ကြတယ်။ လမ်း ၆ဝ ကနေ ၆၂ လမ်းအထိ ကြားတဲမှာ နေရာအတော်များများက အမှိုက်ပုံဖြစ်နေတယ်။ အနံ့အသက်က မကောင်း။ မိုးရွာယင် […]


black chawMay 29, 20121min016
မမှီမကမ်း လှမ်းကိုးကားလိုက်ဦးမယ် ကျောင်းအစ်မရေ။ အတွေးအခေါ်ပညာရှင်ကြီး ရူးဆိုး (Rousseau) က ဆိုခဲ့မိန့်ခဲ့ပါတယ်တဲ့ဗျာ။ ပြောရတာ အရသာ ရှိလိုက်တာ ဟေးဟေး။ “ပညာရေးဆိုတာ ဧကရာဇ်ကြီးဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့ မဟုတ်ပါ။ ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်ရန် လေ့ကျင့်ပေးခြင်း” ပါတဲ့။ အဲဒီအဆိုအမိန့်ကိုပဲ ကိုးကားပြီး ရှေ့ဆက်ကြမယ်ဗျာ။ အနာဂတ် မြန်မာနိုင်ငံ အတွက် ပြည်သူပြည်သားကောင်းတွေ မွေးထုတ်ဖို့ ပညာရေးရာသီအသစ်ကတော့ စတင်ပြီပေါ့ခင်ဗျာ..။ အခမဲ့ ပညာရေး ထူးထူးခြားခြား ဒီနှစ်က အခြေခံပညာမူလတန်း အဆင့် ကျောင်းသားကျောင်းသူတွေ အတွက် မသင်မနေရ အခမဲ့ပညာသင်စံနစ် ကို စတင်အကောင်အထည်ဖေါ်မှာပါတဲ့။ ကျောင်းသုံးစာအုပ် အပြည့်အစုံနဲ့ ဗလာစာအုပ်ခြောက်အုပ် အခမဲ့ ဖြန့်ဝေပေးသွားမှာပါတဲ့…။ ကောင်းတယ်ဗျာ။ ပေးနိုင်သလောက် ကို အခမဲ့ပေးတာ ကြိုဆိုရမှာပေါ့။ နောက်ပိုင်း ပေတံတွေ၊ […]


မြန်မာစကားမှာရှိတယ် သပိတ်စုံ သူပုန်ထတဲ့…။ အခု မြန်မာပြည်မှာ လယ်မြေအိမ်ယာ အသိမ်းခံရလို့၊ လုပ်ခလစာ မလောက်ငှလို့၊ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် မရှိလို့၊ လျှပ်စစ်မီး မရလို့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးလို့ စသဖြင့် အဖိနှိပ်ခံပြည်သူများရဲ့ မိမိတို့ရပိုင်ခွင့်များအတွက် တောင်းဆိုတိုက်ပွဲဝင်မှုများသည် တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ လူထုအုံကြွမှုကြီးဆီသို့ ဦးတည်နေပြီ။ အားပေးထောက်ခံသူများ ရှိသလို စစ်ဗိုလ်များ ရွှေစိတ်တော်ညှိုးသွားရင် အာဏာပြန်သိမ်းနိုင်တယ်ဆိုပြီး ကြောက်လန့် (အချို့ကလည်း ခြောက်လှန့်) နေသူများလည်း တွေ့ရတယ်။ ဆူဆူပူပူ မဖြစ်ဘဲ အေးအေးချမ်းချမ်းနဲ့ ပြုပြင်ပြောင်းလဲရေးများ ဖြစ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့လေ။ သိထားရမှာ ဒေါ်လာစားများ လခမရမှာ၊ စီးပွားရေးသမားများ ဝင်ငွေလျော့မှာ အရင်းအနှီး ကုန်ပစ္စည်းများ ဆုံးရှုံးမှာ ထိတ်လန့်သလို ဆန္ဒပြတောင်းဆိုသူများဖက်ကလည်း ဖမ်းဆီးနှိပ်စက်ခံရမှာ၊ ထောင်ကျ ဘဝပျက်မှာ၊ မိသားစု […]


ဂ်စ္စူMay 28, 20121min057
ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ရ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။ ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂ရ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။ ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။ Source:http://moemaka.blogspot.com/2012/05/two-girls-burn-in-rangoon.html   ဖြစ်တာတော့ မနေ ့ကညနေကပေမဲ့ ကျနော်တော့ ဒီမနက်မှ အိမ်က အဖွားကြီးက ဖုန်းဆက် သတင်းပေးလို ့ သတင်းအနံ ့ခံတာ..မိုးမခ ဘလော့မှာ […]


thihayarzarMay 27, 20121min010
ချန်ပီယံလိဂ် ဗိုလ်လုပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နဲ့ ချယ်ဆီးလ် ပွဲကို စရိတ်ငြိမ်းသွားကြည့်ရှုဖို့ မေးခွန်းတွေမေးပြီးယှဉ်ပြိုင် တယ် …. လူနှစ်ယောက်ကြည့်ခွင့်ရတယ် …..အခုလည်း ယူရို ၂၀၁၂ ကျင်းပမယ့် အိမ်ရှင်အသင်းတစ်သင်းဖြစ်တဲ့ ပိုလန်နိုင်ငံမှာ ကစားမယ့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်နဲ့အီတလီ တို့ ယှဉ်ပြိုင်ကစားကြပုံများကို စရိတ်ငြိမ်းသွားရောက် ကြည့်ရှုမယ့်သူ ( ၈ ) ယောက်ကို မေးခွန်းတွေမေးပြီး ကံစမ်းခိုင်းနေပြီ … sky net အသုံးပြုသူ ဖြစ်ရမယ် passport လက်မှက်ရှိရမယ် သက်မှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာရမည် …( ၂၉ ) ( ၃ဝ ) (၃၁) နေ့နံနက် ( ၉ ) နာရီနဲ့ညနေ ( ၅ ) နာရီမှာ […]


aks aksMay 27, 20121min010
သူငယ်ချင်းတစ်ယောက်ဆီမှာ ခေတ်ဟောင်းဒင်္ဂါးပြားလေးတွေကိုတွေ့လို့ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါတယ်။        


စဉ်းစဉ်းစားစား…လုပ်ကြဖို့တော့…လူတွေ..အစဉ်အမြဲ ပြောတာပဲ…လက်တွေကျတော့ ကွေကွေကောက်ကောက်…ဒီလိုလူများ..များနေဆဲ…. သူငယ်ချင်း…ဖြောင့်ဖြောင့်သွားရဲ့လား…. တရုတ်နိုင်ငံနဲ့ဖက်ဆက်လုပ်ကိုင်နေတဲ့ သပိတ်ကျင်းမြို့နယ်၊တကောင်းတောင်မြို့နယ်ခွဲမှ တကောင်းတောင် တောကြီးမျက်မည်းတွင် ထိုကဲ့သို့ လျှပ်စစ်မီးများ ထိန်ထိန်လင်းနေကို လူအများသိပါလေစခင်ဗျာ… တရုတ်ကဆောက်လုပ်ပေးထားတဲ့ ရွှေလီ(၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ဓါတ်တွေကို တရုတ်ပြည်ကိုပေးရသလို ပြည်တွင်းအတွက်လည်းပြန်လည်ရယူနေရပါတယ်။ နေပြည်တော်ကြီးကို လျှပ်စစ်မီးများ ထိန်ထိန်လင်းသကဲ့သို့ ကျန်ရှိသည့်မြီု့ကြီးများကိုလည်း ဘယ်လောက်ကြာရင် ပေးနိုင်မှာလည်း၊ဓါတ်ငွေ့များရောင်းချထားသည်များကိုလည်း ပြည်သူတွေသိခွင့်ရှိပါသလား၊ မိုးလာတော့မှာပါ၊သိပ်မကြာခင်ပဲ အစဉ်ပြေသွားမှာပါလို့ပဲ ပြောကြအုံးမှာပါ။ မူရင်းလင့်…ဒီမိုဝေယံမှ ပြန်လည်မျှဝေပါသည်။  


ဒီလ ၂၈ရက်နေ့ကစပြီး မြန်မာ့တပ်မတော်က ကေအိုင်အိုကို အပြီးသတ် ချေမှုန်းတော့မည် ဖြစ်ကြောင်း သတင်းထွက်လာတယ် ဆိုလိုတာက ငြိ်မ်းချမ်းရေးဆိုတဲ့ဘက်ကို မသွားတော့ဘူးပေါ့ တဘက်မှာ ကောင်းသလို တဘက်မှာလည်း မကောင်းတာတွေ အများကြီး ရှိနေပြန်ရော ကျနော်ကတော့ ဒီသတင်းက ကောလဟာလ ဖြစ်ပါစေလို့ဘဲ ဆုတောင်းချင်တယ်။မူဆယ်ဘက်က လာတဲ့ သတင်းအရ ခုရက်ပိုင်း အတွင်းမှာဘဲ ကုန်ကားတွေကို လက်နက်ကိုင်တချို့က ဖောက်ခွဲဖြစ်တယ်လို့ ကြားရတယ် ကျနော်ကတော့ မယုံဘူး ဒါပေမဲ့ သေသေချာချာ မေးကြည့်တော့ ဒီသတင်းက မှန်နေပြန်ရော။ကျနော်ကတော့ သူတို့တွေ ရူးများနေသလားလို့ အောက်မေ့တယ် ကိုယ့်နယ်မြေ ကိုယ့်ဒေသမှာ ကိုယ်ကစပြီး အမှားမလုပ် သင့်ဘူးလို့ထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ အစိုးရအဖွဲ့ထဲက လုံခြုံရေးကောင်စီဘက်ကတော့ မိုးရာသီအပြီးသတ် ချေမှုန်းရေးဘက်ကို အားသာနေကြတယ်။ပေါ်လစီအရ ပြန်ကြည့်ရင်လဲ အစိုးရစစ်တပ်အနေနဲ့ကလဲ ပြည်တွင်းလက်နက်ကိုင်တွေအပေါ်မှာ စစ်ရေးအရ […]


yawaiMay 25, 20121min08
တွေ့တာလေးတွေထဲကနေ ကျွန်တော့် အမြင်လေးတွေကို ချပြချင်တာပါ။ ဒီမိုကရေစီ နိုင်ငံဆိုတော့လဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို မြင်နေရပြီလေ။ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်ကြတာ ကောင်းပါတယ်။ စက်ရုံမှာ မလုံလောက်လို့ ဆန္ဒပြကြတယ်။ မီးမရလို့ ဆန္ဒပြကြတယ် ဒါလဲကောင်းပါတယ်။ ဒါတွေက ဖြစ်သင့်ပါတယ်။ တစ်ခုပဲ အခြေနေနဲ့ အချိန်အခါကို ကြည့်ဖို့နဲ့ ချိန်ကိုက်ဖြစ်ဖို့လဲ လိုပါတယ်။ စက်ရုံမှာ ဆန္ဒပြကြဖို့ဆိုရင် မပြခင်မှာ ကိုယ်ဖြစ်ချင်တာကို အလုပ်သမားခေါင်းဆောင်နဲ့  သူဋ္ဌေးနဲ့ အရင်ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မရဘူးဆိုရင် ကိုယ်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ဦးဆောင်စေချင်တယ်။ သူတို့နဲ့ သူဋ္ဌေးတွေကို တွေ့ပေးဖို့ ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်ဆိုတာက မိမိ မဲဆန္ဒနယ်မှ ပြည်သူတွေ […]


sterMay 23, 20121min011
တခြမ်းပဲ သွားရလို.တယ်။     လမ်းပေါ်မှာ ဖြစ်ချင်တိုင်းဖြစ်ပါစေ၊ ဂရုကိုမစိုက်ဘူး။ ပန်းလှိုင်သွားတဲ. လမ်းနဲ. စက်မှုဇုန် အပိုင်း(၆)သွားတဲ.လမ်းဘက်မှာ.. ကွန်ဂရစ်လမ်းပေါ်မှာ မြေကြီးတွေ စည်းကမ်းမရှိ အပြည်.အလျှံတင်ပြီး ကျကျန်ခဲ.တာတွေလေ။ မိုးရွာတော. ကျန်တဲ.ကားတွေက ဗွက်ထဲကသွားပေါ.။ အမှိုက်ကားတွေလဲ အဲဒီအတိုင်းပဲ။ ပန်းလှိူင် golf club မရောက်ခင် ဘယ်ကွေ.သွားလမ်းပါ။ ဘာတွေလုပ်နေမှန်းမသိဘူး။ ကိုယ်အဆင်ပြေရင် ပြီးရော၊ ကျန်တဲ.လူတွေ ဘာဖြစ်ဖြစ်။


[polldaddy poll=6252839] အင်တာနက်ခေတ်ကြီးထဲမှာ မီဒီယာတွေတွင်ကျယ်လာတာတော့ အားလုံးအသိပါ … ။ ပုံနှိပ်ထုတ်ဝေဖို့ ဖြန်ချီဖို့ မလွယ်ပေမယ့် အင်တာနက်မှာ တက်ရောက်ရေးသား ဖြန်ချီဖို့က လွယ်ကူမြန်ဆန်နေတယ်..။အင်တာနက် သုံးတဲ့သူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရပါတယ်..။ ပထမတစ်ခုက ရေးသားသူ ၊ နောက်တစ်ခုက ဖတ်ရှုသူ..(ချက်တင်ကြီးပဲ ထိုင်ချက်နေသူတွေတော့ သီးခြားထားပေါ့နော…)။ ပြေလည်နေရင်တော့ ဘာမှ ကိစ္စမရှိပါဘူး..။ ကျွန်တော်က အင်တာနက်ဆိုင်လေး ဖွင့်ထားတော့ အင်တာနက်သုံးစွဲသူ အများစုနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်…။အဲဒီမှာ တစ်ခုတွေ့နေရတာက အင်တာနက်မှာ ရေးထားတယ်ဆိုလို့ရှိရင် မျက်စိမှိတ်ယုံတတ်သူ များပြားနေတယ်ဆိုတဲ့ အချက်ပါပဲ …။အပြင်လောက ထိတွေ့ဆက်ဆံရာမှာတောင် သူတစ်ပါးပြောတာကို ချင့်ချိန်ယုံရပါတယ်…။ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတဲ့သူတစ်ယောက် အင်တာနက်ပေါ်မှာ ကိုယ်လိုရာဆွဲပြီးရေးသားထားတဲ့ အပြုအမူမျိုးကိုတော့ ရေးတိုင်းယုံသင့်မယုံသင့် စဉ်းစားစေချင်တယ် …။ ဒီတော့ ဒီဂေဇက်ဝက်ဆိုက်ကြီးကို လွှတ်တော် အစည်းအဝေးခန်းမကြီးလို့ သဘောထားလိုက်ပါ…။ဂေဇက်မန်ဘာများအနေဖြင့်လဲ […]