BayoteJune 22, 20111min01
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား မှအမှတ် (၁) ရဲစခန်းနှင့် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ် ရေး ရုံး တွင် ယမန်နေ့ ဇွန် ၂၁ ရက် ည ၁၁ ကျော်ချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။ မြို့ခံတစ်ဦးက “ငါတို့ဆိုင်နားမှာပဲ ၃ အိမ်ပဲခြားတယ် ငါတို့အိမ်က ပုလင်းတွေတောင်ကျကွဲတယ်” ဟု ပြောသည်။ “လဝက ကတော့ဟုတ်တယ် သွားကြည့်ပြီ အမိုးတွေပွင့်ပြီ မှန်တွေကွဲကုန်ပြီး တံခါးတွေလည်းပျက်သွားတယ်” ဟု လဝက (လူဝင်မှုကြီးကြပ်ရေး)ရုံး ဗုံးပေါက်ကွဲမှုကို သွားရောက်ကြည့်ရှုခဲ့သူ နယ်ခံတစ်ဦးပြောသည်။ သို့သော် ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မ ရှိ ကြောင်း သိရသည်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ၎င်းတို့် ဖေါက်ခွဲခြင်းဖြစ်သည်ဟု ကချင်သတင်းဌာနသို့ပြောသည်။ KIA […]


erosJune 21, 20114min044
ဒေါ်လာ၊ FEC နှင့် မြန်မာငွေလဲလှယ်မှုအကြောင်း သတင်းများ။ ဒေါ်လာ၊ FEC နှင့် မြန်မာငွေလဲလှယ်မှု ဈေးနှုန်းများကြောင့် ဖြစ်ပေါ်လာသော အကြောင်းအရာ သတင်းများကို မြန်မာတိုင်းမ် မြန်မာဘာသာ သတင်းဆိုက်တွင် ဖော်ပြထားသော သတင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ ဈေးကွက်အတွင်း ကျပ်ငွေလိုအပ်မှု မြင့်တက်နေခြင်းကြောင့် ဒေါ်လာငွေတန်ဖိုး ကျဆင်းနေခြင်း ဖြစ်သည်ဟု သုံးသပ်ကြ http://www.myanmar.mmtimes.com/2011/news/522/news01.html အိမ်ခြံမြေငှားရမ်း ခေါ်ဆိုမှု မြန်မာကျပ်ငွေဖြင့် ပြောင်းလဲလာ http://www.myanmar.mmtimes.com/2011/property/522/buss09.html ဒေါ်လာစားတွေနဲ့ ကျပ်ငွေစားတွေ အားပြိုင်တဲ့ခေတ် ရောက်နေပြီလား http://www.myanmar.mmtimes.com/2011/news/522/news09.html အမေရိကန်ဒေါ်လာတန်ဖိုးနှင့်အတူ ရွှေဈေးကျလာ၊ အိမ်ခြံမြေဈေး မြင့်တက် http://www.myanmar.mmtimes.com/2011/news/522/news04.html နိုင်ငံခြားငွေလဲလှယ်နှုန်းလျော့ကျလာမှု အခြေခံထုတ်လုပ်သူများကို ထိခိုက်နိုင် http://www.myanmar.mmtimes.com/2011/news/522/news05.html မြန်မာကျပ်ငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် ကုလအစီအစဉ်များ ဘဏ္ဍာရေး လိုငွေပြ http://www.myanmar.mmtimes.com/2011/news/522/news06.html နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာခြင်းကြောင့် စက်သုံးဆီဈေးကျ […]


စက်ရုံ နောက်ကျောဘက်ကို မီးငြှိမ်းသတ်နေပုံ (ဓာတ်ပုံ – ဧရာဝတီ) Monday, 20 June 2011 17:36 ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့က အနှိပ်ခန်း အဆောက်အအုံတလုံး မီးလောင်ခဲ့ပြီး ယနေ့နံနက်တွင်လည်း စက်ရုံတလုံး မီးလောင်ကျွမ်းသွားသည်။ ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် ၁၆ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ မော်တာ အထည်ချုပ် စက်ရုံမီးလောင်မှုတွင် စက်ရုံအနီး နေထိုင်သူတို့က ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ကြသည်ဟု ဒေသခံတဦးက ပြောသည်။ “မီးခိုးတွေက လုံးပြီး ထွက်လာတယ်။ စက်ရုံက အကာအရံတွေနဲ့ ဆိုတော့ ဝင်လို့မရ ဖြစ်နေတယ်။ မီးသတ်ယာဉ်တွေ မရောက်သေးတော့ ရပ်ကွက်က စက်ရုံဘေးကပဲ ဝိုင်း ပက်နေရတယ်” ဟု စက်ရုံ နောက်ဘက်တွင် နေထိုင်သူ […]


BayoteJune 20, 20111min011
ရွှေထီးဆောင်းတာတော့မဟုတ်။ နေထီးဆောင်းနေတဲ့ မန္တလေး မြို့ ပုံပါ။ ဘာတွေဖြစ်တတ်တယ်ဆိုတာ ဆွေးနွေးပေးကြပါလား။ သိတဲ့လူရှိယင်။


True AnswerJune 18, 20111min08
သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆ဝ ကျော် ကျယ်ဝန်းပါသည်။ ဘုရားရှင်၏ သာသနာကျယ်ပြန့်ဖို့ ဘုရားရှင်ကို နမူနာယူပြီး တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်ပါသည်။ တရား ရိပ်သာ အဖြစ် ဝိပဿနာ-ပရိပတ်လုပ်ငန်းကို အဓိကထားသင်ကြားပေးသည့်အပြင် – တရားအားကိုးချင်သော်လည်း အခြားရိပ်သာများမှ လက်မခံ နိုင်သော သက်ကြီး ရွယ်အိုများ၊ လူမမာများကိုပါ ကူညီစောင့်ရှောက် ပေးသောနေရာဖြစ်သဖြင့် သက်ကြီးရွယ်အိုများ၊ အဖေါ်မဲ့ အထီးကျန် ခိုကိုးရာမဲ့များ မှီခိုအားထားရာ နေရာ ဖြစ်ပါသည်။ တရားအားထုတ်သဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ အတွက်လည်း ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ […]


Thursday,June 16,2011 ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့ မြန်မာစစ်တပ်တွေ အကြား ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့ ဒေသတွေဆီက ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားကြပေမဲ့ တရုတ်အာဏာပိုင်တွေက လက်မခံတာကြောင့် ဒုက္ခဖြစ်ကြရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်းလီ (Hong Lei) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ဖြေရှင်းခဲ့ပါတယ်။ “အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ အားလုံး အခြေအနေ ပိုဆိုးမသွားအောင် အေးအေးဆေးဆေးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ […]


ဘုရားသုံးဆူကို အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်တိုက် သန်းထိုက်ဦး Tuesday, 14 June 2011 19:24 ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အိမ်နှင့်တွဲ၍ ဖွင့်ထားသော ကုန်စုံဆိုင် တဆိုင်ကို အမည်မသိ လက်နက်ကိုင် တစုက ယနေ့ ဝင်ရောက်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်း လက်နက်ကိုင်များက ဆိုင်ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်ကို ကားနှင့် ရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ဆိုင်အနီးအနားရှိ အိမ်၂ လုံး အနည်းအငယ် ပျက်စီးသွားကြောင်း၊ ဆိုင်ပိုင်ရှင် ဦးတင်ဝင်းသည် မြန်မာ အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။ ထိုလက်နက်ကိုင်များကို ဒေသ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ […]


erosJune 14, 20112min019
ဘဏ်အားလုံး အသုံးပြုနိုင်မည့် ကတ်စနစ် ပေါ်ပေါက်ဖွယ် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များ၊ အစိုးရဘဏ်များ စုပေါင်း ပါဝင်မည့် MPU (Myanmar Payment Union) ခေါ်သည့် ငွေပေးချေမှု စနစ်တစ်ရပ်ကို ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ စုပေါင်းကာ ပထမဆုံးအကြိမ် လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပြည်တော်ရုံး) မှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားကြောင်းယင်းစနစ်မှာ အချက်အလက်များကို ဗဟိုစုစည်းစနစ် တစ်ခု ထူထောင်ကာ ဘဏ်တစ်ခုနှင့် တစ်ခုကြား အွန်လိုင်းဖြင့် ချိတ်ဆက်ထားသဖြင့် ဘဏ်တစ်ခု၏ ကတ်နှင့် အခြားဘဏ် တစ်ခုတွင် ငွေထုတ်နိုင်မည့် စနစ်ဖြစ်ကြောင်း ဧရာဝတီ ဘဏ်မှ အထွေထွေ မန်နေဂျာက ရှင်းပြကြောင်းသတင်းကို The Voice Weekly သတင်းဆိုက်တွင်ဖော်ပြသွားသည်။ သတင်းအကျယ်သို့ […]


နိုင်ငံခြားမှာ သွားအလုပ်လုပ်နေကြတဲ့ အထူးသဖြင့် မလေးရှား နဲ့ ထိုင်းမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား တွေရဲ့ အနေအထားနဲ့ ဘဝ ကို မြန်မာပြည်က လူတွေ၊ ဟိုးတောကနေ သွားလုပ်ချင်ပါတယ်ဆိုတဲ့သူတွေ၊ တောကနေ ရန်ကုန်ရောက်ပြီး သွားလုပ်ဖို့ ပြင်နေသူတွေ၊ အဓိကအားဖြင့် စာဖတ်ပေဖတ်နည်းသူတွေ၊ ဗဟုသုတ နည်းသူတွေ ကိုသိစေချင်တာပါ။ ဒီပေါ်လာတင်တော့ သူတို့ဘယ်သိမှာလဲ လို့ မေးရင် ဟုတ်ပါတယ်။ ဖတ်မိသူများ နီးစပ်ရာ ထဲက မလေးတို့ ထိုင်းတို့မှာ အလုပ်သွားလုပ်မယ်ဆိုရင် တားဖို့၊ ရှင်းပြနိုင်ဖို့၊ ဒီသတင်းတွေ အခြေအနေတွေကို ဆက်လက်ဖြန့်ဖြူးရင်း သူတို့တွေဆီရောက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်အတွက်တော့ အဲဒီလူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်နေတော့( တစ်ခါတစ်လေ ဟိုမှာဝေပေးတဲ့ လက်ကမ်း ပညာပေး စာစောင်တွေကို ဒီကနေ ကူညီပြီး […]


သတင်းတွေထဲကပဲ တွေ့တာကို ပြန်တင်ပေးလိုက်တာပါ။ ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့က မြောက်ဦးမြို့ လောကမဉ္စူ ဘုရား ပြုပြင်ရေး လုပ်နေစဉ် ရှာဖွေ တွေ့ရှိခဲ့ရတဲ့ ဘုရား ဆင်းတုတော်များထဲက အလေးချိန် လေးပိဿာကျော် ရှိတဲ့ ဘုရား ဆင်းတုတော်ကို ဇွန်လ ၅ ရက်နေ့မှာ ကျွမ်းကျင်သူ ပညာရှင်များနဲ့ စစ်ဆေး လိုက်တဲ့အခါမှာ မူလ သတင်းတွေထဲမှာ ပါသလို ရွှေဘုရား မဟုတ်ဘဲ ကြေးဆင်းတုတော်ကို ရွှေရည်စိမ် ထားတာသာ ဖြစ်တာကို တွေ့ရတယ်လို့ သတင်းရပါတယ်။ ဒီဆင်းတုတော်ကို တွေ့ပြီးတဲ့နောက် ရှေးဟောင်း သုတေသနဌာနက သူတို့ လုပ်ထုံး လုပ်နည်း အတိုင်း အမျိုးအစား ခွဲခြားဖို့ အတွက် နေပြည်တော်ကို သယ်ဆောင်ဖို့ စီမံနေတဲ့ အချိန်မှာ ရခိုင်အမျိုးသား တိုးတက်ရေး […]


ယနေ့ 13.6.2011 ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သီတာအေးရပ် အပိုင်း 902 တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆ အိမ်ခန့် မီးလောင်ဆုံးရှုံးကာ မွန်းလွဲ ၁၂ နာရီ ၃ဝ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့၊ စုစုပေါင်း မီးသတ်ကာ ၁၂ စီးထက်မနည်း လာရောက်ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။ Source:ကိုမိုးသီး


ပြောရမယ်ဆိုရင်တော့ ရောက်တုန်းရောက်ခိုက် တစ်ခြားတစ်ယောက်က ပြောပြလို့ သေသေချာချာ ရှာရိုက်ထားတဲ့ပုံလေးပါ။ တော်တော်လေးကို လက်ရာပြောင်မြောက်ပါပေတယ်.. .


ပြည်သူ့ရင်ပြင် ၊ ရေလွှာဦးယျာဉ်တွင် ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း  လူငယ်တစ်ဦးသေဆုံးပြီး တခြားလူငယ်တစ်ဦး   လက်သုံးချောင်းပြတ်သွားခဲ့ ကြောင့် သိရသည်။ သေဆုံးသူမှာ အမှတ် ၉၆၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ၂၄ နှစ်အရွယ် မောင်ဖိုးခွားခွား (ခေါ်) မောင်စန်းထွန်းဝင်းဖြစ်သည် ဟုသိရသည်။ ယင်းနေ့ ညနေ လေးနာရီခန့်တွင်ပဲ ဝေဘာဂီမြို့နယ် နေ အသက် ၂၁ နှစ်အရွယ် မောင်တင်အောင်ဖြိုး ဆိူသူ လူငယ်တစ်ဦးလည်း ရေလွှာလျှောစီးရင်း လက်သုံးချောင်းပြတ်သွားခဲ့ကြောင်း သိရပါသည်။  ထိခိုက်ဒဏ်ရာ ရမှုများနှင့် သေဆုံးမှုအတွက် ကန်ထရိုက်ငှားရမ်းလိုပ်ပိုင် ခွင့်ရရှိထားသော Company က တစ်စုံတစ်ရာ တာဝန်ယူခြင်းမရှိကြောင်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ မောင်တင်အောင်ဖြိုးက ပြောကြားသည်။ ပြည်တွင်းသတင်းဂျာနယ် […]