14ကျမက တာလှလားဟင် သင်္ကြန်ကို ဓါတ်ပုံရိုက်တာ ဒီနှစ်က ပထမဆုံးအကြိမ်ပါ။ ကင်မရာရေစိုမှာစိုးတော့ မထိရဲဘူး။ ဒီနှစ်တော့အရဲစွန့်ပြီး ရိုက်ကြည့်မိပါတယ်။ ကျေနပ်ပါ၏။ သင်္ကြန်ပုံတွေကတော့အများကြီး 2012 အတွက် ဒီလောက်နဲတော်ပါပြီ။ နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ဆုတောင်းပါ၏။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲစနက်ရှော့ (17-4-2012) မြန်မာနှစ်ဆန်းတစ်ရက်နေ့


  ဒီနှစ်သင်္ကြန်အပြင်သိပ်မထွက်ဖြစ်ပါဘူး။ အိမ်နဲ့နီးနီး ခဏလောက်ဘဲသွားဖြစ်ပါတယ်။ ဒီနေ့တော့ စိတ်ဆာလာပါတယ်။ သင်္ကြန်မဏ္ဍပ်ပေါ်ကနေ လက်ဆော့ချင်တာပါ။ အဲဒါနဲ့ဘဲ ဒီပုံတွေရလာပါတယ်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (16-4-2012)


  ဒါကတော့အတက်နေ့ညနေပိုင်းက ပုံရိပ်ကလေးတွေ. ထပ်တင်စရာတွေကျန်ပါသေး၏။ ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (16-4-2012 ညနေပိုင်း ပုံရိပ်များ)      


aye.kkApril 16, 20124min05
ထိုင်းမြန်မာနှစ်နိုင်ငံနယ်စပ် ၊ တာချီလိတ်နှင့်မယ်ဆိုင်သင်္ကြန်အတွင်း တွေ ့မြင်ခဲ့ရတဲ့ ပုံလေးများဖြစ်ပါသည်။ အကြိုနေ ့ တာချီလိတ်က ပုန်းထွန်ချောင်း ရဲ ့မြင်ကွင်း အပန်းဖြေကြသည်။ ပုန်းထွန်ရေချောင်းလေး။ မယ်ဆိုင်မြို့ သင်္ကြန်အကြတ်ရက် ဘုန်းကြီးကျောင်း အလှူအတန်း တစ်ခုရဲ ့လှည့်လည်နေပုံမြင်ကွင်းတခု။ မယ်ဆိုင်ကအေးချမ်းတဲ့သင်္ကြန်။ မယ်ဆိုင်ချောင်းရေဖြင့်ရေပက်ကစားကြသည်။ အဝေးကနေလှမ်းရိုက်သည်။ အဝေးကမြင်ကွင်းလေး။ မယ်ဆိုင်ချောင်းရေမှသွယ်ယူထားသည့် ရေမြောင်းဘေးတစ်လျှောက် ရေကစားကြသည်။ မယ်ဆိုင်မြို့ကရပ်ကွက်ဈေးအသေးလေးတခု။ ဈေးသူဈေးသားလည်းရေကစားကြ။ တာချီလိတ်ကရေကစားမဏ္ဍပ်တခုမြင်ကွင်း။ အေးချမ်းစွာပျော်ကြသည်။ ရေပက်ခံထွက်ကြသည်။ ရှမ်းတွေရဲ ့ရေကစားမဏ္ဍပ်တခုမြင်ကွင်း။ အကြတ်နေ ့ရဲ ့ညနေချမ်းကလေး။


ဦး ဂ်စ္April 14, 20122min08
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးအနီး ပင်လယ်ပြင်၌ လှုပ်ခတ်သွားသည့် ပြင်းအား ရစ်ချတာစကေး ၈.၆ အဆင့် ငလျင်ကြီးလှုပ်ပြီးနောက် ဧပြီလ ၁၄ ရက် မြန်မာစံတော်ချိန် ညနေ ၁၆း၃၂ နာရီအထိ အဆိုပါဒေသအတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၈၄ ကြိမ်ရှိသွားပြီဖြစ်ပြီး ထပ်မံ၍လှုပ်နေဆဲ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာပညာရှင်များ၏ ငလျင်နှင့်ပတ်သက်သည့် သုံးသက်ချက်များကို ပြီးခဲ့သည့် post များတွင် တိုက်ရိုက် တင်ပြခဲ့ပြီးဖြစ်ပါသည်။ မှတ်တမ်းများအရ အကြီးမားဆုံးသော အလျားလိုက် ငလျင်လှုပ်မှု ဖြစ်ကြောင်း၊ ပင်လယ်ကြမ်းပြင်ရှိ ပြတ်ရွေ့ကြီး၂ ခု အလျားလိုက် ရွေ့လျားပွတ်တိုက်မှုကြောင့် ဤငလျင်ကြီးဖြစ်လာရကြောင်း စသည်ဖြင့် စင်္ကာပူနိုင်ငံ မြေငလျင်စောင့်ကြည့်လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး Kerry Sieh က CNN သို့ ပြောကြားခဲ့သည်ဟု သိရပါသည်။ Director of […]


ဘယ်လို စိတ်ဆိုးစိတ်ယုတ်တွေနဲ့ အဖျက်သမားတွေက မြန်မာ့ နှစ်ကူးသင်္ကြန်ကို အမင်္ဂလာ ဖြစ်အောင် ကြံနေတာပါလိမ့်ဗျာ။ မကျေနပ်ရင်လည်း မကျေနပ်တဲ့ သူကို သတ်နိုင်အောင်ကြိုးစားကြပါလား။ ခုတော့ ပျော်ရွှင်ကြည်နူးနေတဲ့ အပြစ်မဲ့ပြည်သူတွေပဲ အသက်ပေး ခံစားကြရရှာတယ်..။ ငရဲအိုး ဂျိုးကပ်မယ့် ဆန်ကုန်မြေလေးတွေ… မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး ည ၁ဝနာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။ ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် […]


ဘဲရႈပ္April 14, 20121min05
Aung Si Thu Naing နှစ်သစ်ကူးမှာမြန်မာလို မကျင့်ကြံ သူများဖက်ရှင်တွေခိုးချပြီး ခိုးရာပါပစ္စည်းမဖြစ်အောင်လို့ ကိုယ့်ဖက်ရှင်ဖြစ်အောင်ပြန်ပြုပြင် ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ပြောနေတယ့်သူတွေ၊ဒီလိုတွေတာ ကြတ်ကြတ်လုပ် အလွန်ယဉ်ကျေးပါတယ်ဆိုတယ့် ထိုင်းနိုင်ငံမှာလိုပဲ နောက်မကြာခင်ဘဲ မြန်မာနိုင်ငံက အနောက်နိုင်ငံတွေရဲ့ အပန်းဖြေ ပျှော်တော်ဆက် ဗိုလ်ချုပ်ပြောသလို မကြာခင် ဖာသည်နိုင်ငံဖြစ်တော့မယ်…………………….. တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ပျက်စီးလာကြပြီ ။ သင်္ကြန်ဆိုတာ မူးရူး ပျော်ပါးဖို့  ဆိုတဲ့ အသိစိတ်တွေ လူငယ် လူလတ်ပိုင်တွေမှာ ကြီးစိုးနေကြပီ ထင်ပါရဲ့     ။    


ဘဲရႈပ္April 14, 20121min012
၁၃.၄.၂၀၁၂ ့ မြန်မာပြည်နိုင်ငံတကာဆက်ဆံရေးမှာ လူရာသူရာဝင်တဲ့နေ့ လို့ ပြောရမဲ့ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာတဲ့ခရီးမှာ.. ခရီးစဉ်ရဲ့ ရလဒ်ကို မဝေဖန်ခင် အမေစုဟာ..ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့တဲ အချိန်မှာဝတ်တဲ့ ဝတ်စုံလေးကတော့ တော်တော်ထူးခြားပါတယ်… အမှတ်တမဲ့ကြည့်ရင်တော့ မြန်မာ့ရိုးရာ..ရင်ဖုံးလေးပါဘဲ.. ဒါပေမဲ့ တရုတ်ရိုးရာ ဒီဇိုင်းလေးနဲ့ပေါင်းစပ်ထားတဲ့ ရင်ဖုံးဝတ်စုံဖြစ်ပါတယ်.. တင်စားပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဝတ်စုံများထဲမှာ.. ဒီနေ့ဝတ်စုံဟာ သံတမန်ဝတ်စုံဖြစ်ပါတယ်… ဒါဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးများကို အသံမဲ့ စကားနဲ့ သံတမန်နည်း ပြောဆိုလိုက်တာပါ.. အနောက်အုပ်စု နိုင်ငံများနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူမ ကိုတရုတ်နိုင်ငံက စိုးရိမ်ထိတ်လန့်မှု မရှိစေရေး အတွက်..သူမဟာ အနောက်နိုင်ငံများနဲ့ အနာဂတ်မှာ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို..အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ လဲ စိုသော လက် မခြောက်စေနဲ့ ဟူသော စကားနှင့် အညီ […]


ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။ 7Day News Journal ———————————————- သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။ Popular Myanmar News Journal Credit: သစ်ထူးလွင်


ေရႊညာသားApril 12, 20121min015
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနဲ့ ရေပေးဝေရေးဋ္ဌာနတို့ရဲ့ယုတ်မာတဲ့လုပ်ရပ် ဒီနေ့ဟာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ရက်မြတ် ( အကြိုနေ့)ပါ။ ဒါပေမဲ့ သင်္ကြန်မှာရေပတ်ဖို့နေနေသာသာ ရွှေညာသားတို့မှာရေတောင်မှ သုံးစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွှေညာသားတို့ကိုရေဖြတ်ထားတာ မတ်လ (၁၀) ရက်နေ့ထဲကပါ။ သူများတွေပြောသလို ရွေးကောက်ပွဲကြောင့်များလားလို့ထင်မိပေမဲ့ မီးပျက်တော့ ရေလာတဲ့အချိန် မီးမလာ / မီးလာတော့ရေပျက်နဲ့ လုံးလည်လိုက်နေတာပါ။ ဒါပေမဲ့လုံးဝမလာတော့တာကတော့ မတ်လ (၁၅)ရက်လောက်ကစပြီး ရေလုံးဝမပေးတော့ပါဘူး။ ရေမီတာရုံးကို သွားမေးတော့လည်း စည်ပင်သာယာနဲ့ပဲဆိုင်တယ်ဆိုလို့ဖုန်းဆက် တော့လည်း  ဘာမှတိတိကျကျမပြောပါဘူး။သူတို့ပြောတော့ စောက်ဒီမိုကရေစီရပြီဆို။   ပြည်သူ့အခွင့်အရေးဆိုတာဘယ်မှလဲ။ ရေမလာတာတောင်ဘယ်ပြောရမှန်းမသိဘူး။ဘော်လီဘောပုတ်နေကြတာ။   ထူးဆန်းတာတစ်ခုက ရေမီတာစစ်တဲ့ သူလာပြီးရင် /ရေခွန်ဆောင်ပြီးရင် ရေပျက်တော့တာပဲ။ အခုပျက်နေတာကတော့ ၇ရ – လမ်း ၊ ၃၁ – ၃၂ ကြားက တိုက်တန်းတွေအကုန်လုံးပါပဲ။ ပြီးတော့ ၃၁ […]