ဗီလိန် ဘလက် ကိုသစ်မင်းကတော့ သူ့ရဲ့ ဗီလိန်ပို့စ် (http://myanmargazette.net/77136/creative-writing) မှာ ဒီလိုရေးသွားခဲ့ဘူးပါတယ်။ မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊ ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။ သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။ ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့ မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။ အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။ ကျနော်တော့…………… “ဗီလိန်” မဖြစ်ချင်ဘူးဗျို့။ ကိုသစ်ပို့စ်တွေ ပြန်လှန်ရင်း ဗီလိန်ပို့စ် အရောက်မှာ ရေးချင်စိတ်ပေါက်လာတာနဲ့ ဒီစာကိုရေးမိတယ် ဆိုတာလေး ဝန်ခံထားချင်ပါတယ်ဗျာ။ ပွဲကြည့်သူသက်သက် တစ်ယောက်မှ မရှိ မင်းနဲ့ငါ အကုန်လုံး ဇာတ်ဆောင်တွေချည်းပဲဟေ့ ဘဝဟာ အမြဲတမ်းပြောင်းလဲသွား ကိုယ်လုပ်ချင်တာ ဖြစ်မယ်ထင်သလား မင်းသားပဲဟေ့ ဖြစ်ချင်တယ် ငါ ဗီလိန်တစ်ယောက်လား […]
