ရခိုင်ပြည်နယ်စစ်တွေမြို့ရှိအစ္စလာမ်ဘာသာဝင်များအားဘာသာရေးဖိနှိပ်မှု၊၊ စစ်တွေဗလီကြီးအားမီးရှိမှု များပြုလုပ်နေကြပါသည်။ စစ်တွေမောလိတ်ရှိ စစ်တွေဗလီကြီး (ယဉ်ကျေးမှုပြတိုက်ဘေး)ကို ယနေ့နေ့လယ် ၃ နာရီဝန်းကျင်အချိန်မှ စတင်၍ မောလိတ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ RNDP ရခိုင်အကြမ်းဖက်သမားများနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးအယောင်ဆောင် များက ဦးဆောင်၍ မီးရှို့နေကြောင်း ဒေသခံများက သတင်းပေးပို့သည်။ စစ်တွေမြို့တွင်အစ္စလာမ်ဘာသာဝင်များသည်မြို့ထဲသို့သွားလာခွင့် မရရှိဘဲစားနပ်ရိက္ခာများ၊ကျန်းမာရေးကုသမှုများ၊အလုပ်အကိုင်အကိုင်များလုပ်ခွင့်ပိတ်ပင် ခံထားကြရသဖြင့်လွန်စွာဒုက္ခရောက်လျှက်ရှိကြပါသည်။မြို့ထဲတွင်ရှိသောအိမ်ယာများဆိုင်များသည်မီးရှိဖျက်ဆီးခံကြရပြီး မြို့ပြင်ရှိတဲများတွင်သာနေထိုင်နေကြရပါသည်။မြို့ထဲတွင်ရှိသော တခုထဲသောဖျက်ဆီးခံရပြီး သော်လည်း နေထိုင်နေကြသောအစ္စလာမ်ဘာသာဝင်ရပ် ကွက်ဖြစ်သောအောင်မင်္ဂလာရပ်ကွက်အတွင်နေထိုင်ကြသောအစ္စလာမ်ဘာသာဝင်များမှာ လည်းအပြင်ထွက်ခွင့်၊ဈေးဝယ်ခွင့်၊အလုပ်လုပ်ရန်အပြင်ထွက်ခွင့်များပိတ်ပင်ခံထားကြရပါသဖြင့် လွန်စွာဒုက္ခရောက်နေကြရပါသည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ှုမှလည်းဘာမှထိထိရောက် ရောက် ကူညီပေးခြင်းမရှိခဲ့ကြပါ၊ နိုင်ငံတော်သမ္မတကြီးကလည်း အစီရင်ခံစာ ဖတ်ပြီး ဘာမှမလုပ်ပေးကြပါ။ဒီအပတ်အတွင်းစစ်တွေအောင်မင်္ဂလာရပ်ကွက်အားမီးရှို့ရန် RNDPနှင့် ရဟန်းပျိုးများသမဂ္ဂအဖွဲ့တို့အကြံအဖန်ဖြင့်ဆောင်ရွက်ပြီးမနေ့ကထပ်မံ့ပြီး သမိုင်းဝင်ဗလီကြီးအားမီးရှိုရန်လုပ်ဆောင်မှုများပြုလုပ်ခဲ့ပါသည်။ “ဒီနေ့နေ့လယ် ၂ နာရီလောက်မှာ မော်လိတ်က အုပ်ချုပ်ရေးမှူးဦးထွန်းရွှေက စစ်တွေဗလီကြီးက ဆရာဦးဇေယျာ အဘူလဟော့ဗ်ဆီက သော့လာတောင်းတယ်။ သူ သော့တောင်းပြီး ၄၅ မိနစ်လောက် ကြာတော့ […]
