kyawzayyaSeptember 26, 20101min00
ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုံညီတွေ့ဆုံပွဲကို ပါတီဌာနချုပ်တည်ရှိရာ ဗိုလ်တထောင်မြို့နယ် (၅၂) လမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ စုံညီတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ဦးသုဝေမှ ပြောကြားရာမှာ ကျွန်တော်တို့ ဒီနေ့ စုံညီတွေ့ဆုံ ပွဲ ကျင်းပ ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ အနယ်နယ် အရပ်ရပ်မှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား တွေဆုံဆွေးနွေးပြီး ရွေကောက်ပွဲအတွက် ကြိုတင် စည်းရုံးလုပ်ဆောင်မှုများကို ရှင်းလင်းဆွေးနွေး ညှိုနှိုင်းဆောင်ရွက်ရန်နှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်မည့် မဲဆွယ်စည်းရုံးမှု အကြို ရုပ်သံထုတ်လွှင့်ခြင်းအတွက် ဆွေးနွေးညှိနှိုင်းတာဖြစ်ကြောင်း”  ရှင်းလင်းပြောကြားခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ မှ ၎င်းတို့ မဲဆွယ်စည်းရုံစဉ် အတွေ့အကြုံများ၊ ပြိုင်ဘက် ပါတီများမှ နယ်မြေအတွင်းမဲဆွယ် စည်းရုံးလုပ်ဆောင်မှုများ၊ မိမိတို့ သက်ဆိုင်ရာ နယ်မြေအတွင်းရှိ […]


MgHlaSeptember 25, 20101min00
ပထမအကြိမ် BarCamp Mandalay ကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ရေးနှင့် Organizer Team ဖွဲ့စည်းခြင်း အစည်းအဝေးကို ကွန်ပျူတာ ပညာရှင် အသင်း (မန္တလေးတိုင်း ဒေသကြီး) ၏ Conference Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် လူကြီးမင်း ကိုယ်တိုင် တက်ရောက် အကြံပြု ဆွေးနွေးပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ နေ့ရက်။    ။ 10-October-2010 အချိန်။    ။ 10:00AM နေရာ။    ။ MCPA (Mandalay) Conference Hall


ဆုိးဆုိးSeptember 25, 20101min02
၂၀၁ဝခုနှစ် စက်တင်ဘာ ၂၄ ရက် နေ့တွင် AFC President’s Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၃ဝ မီနစ်တွင် ရတနာပုံ FC နှင့် ဗာကက်ရှ်အသင်းတို့ မြန်မာနိူင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပွဲအစပိုင်းတွင် တစ်သင်းကိုတစ်သင်းသွေးတိုးစမ်းရင်း ထိန်းကစားခဲ့ကြသည်။ နောက်ပိုင်းတွင် ရတနာပုံအသင်း တိုက်စစ်ကို ဗာကက်ရှ်အသင်း တော်တော်ထိန်းယူနေရသည်။ ရတနာပုံအသင်းသည် ဝမ်းတူးတွဲလုံးများဖြင့်ထိုးဖောက်ပြီး အဝေးကန်ချက်များဖြင့်ဂိုးရရန်ကြိုးစားခဲ့သည်။ဗာကက်ရှ်အသင်းကတော့ သူတို့ရဲ့ အရပ်အမောင်းကို အားကိုးပြီး တောင်ပံတွေမှ တဆင့် ဂိုးရှေ့ကို ကန်တင်ပြီး ဂိုးသွင်းယူဖို့ကြိုးစားခဲ့သည်။ မီနစ် လေးဆယ်ထိ ထိထိရောက်ရောက်သော ဂိုးသွင်းခွင့် တသင်းနှင့်တသင်းသိပ်မရခဲ့ပေ။၄၃မီနစ်မှာတော့ ကိုးနေး နဲ့ ရန်ပိုင် ဝမ်းတူးတွဲလုံးဖြင့် ရန်ပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့သဖြင့် ရတနာပုံအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့ရသည်။ […]


ဆလိုင်းထွန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁ဝ ခုနှစ် ၂၃ နာရီ ဝ၅ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။ ။  ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လျှင် ချင်းအမျိုးသားများ သမ္မတဖြစ်လာရန် အခွင့်သာ၍ ယင်းပါတီအမတ်လောင်းအဖြစ် အရွေးခံရကြောင်း ဒေါက်တာမှုထန်က ပြောသည်။အမတ်လောင်း ဦးရေ ၁,၁၀ဝ ကျော်ဖြင့် တနိုင်ငံလုံးပြိုင်မည့် ပါတီမှာ ကြံ့ဖွံ့ပါတီဖြစ်သောကြောင့် ချင်းအမျိုးသားအရေး ပိုလုပ်နိုင်မည့်အပြင် သမ္မတအထိ တက်လှမ်းနိုင်သဖြင့် ချင်းပြည်နယ်လွှတ်တော်အတွက် ထန်တလန်မှ  ကြံ့ဖွံ့ ကိုယ်စားပြု ဝင်ပြိုင်မည် ဆိုသည်။ဒေါက်တာမှုထန်သည် ၁၉၇၃ တွင် မန္တလေး ဆေးတက္ကသိုလ်မှ  ဘွဲ့ရကာ ၁၉၇၆-၈၆ တွင် ထန်တလန်ဆေးရုံတွင် အမှုထမ်းခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် ထန်တလန်မှပင် ရွေးကောက်ပွဲဝင်ရာ […]

junta-crisis.jpg

VOA Burmese မှကူးယူဖော်ပြပါသည်။ By ရော်နီညိမ်း တနင်္ဂနွေ, 12 စက်တင်ဘာ 2010 တပ်မှူးတပ်သား ပြောစကား (၀၂၅) လာမဲ့ စက်တင်ဘာ (၁၈)ရက်နေ့ဟာ၊ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ (၂၂)နှစ် မြောက်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ (၁၈)ရက်နေ့က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရဲ့ ခေါင်းဆောင်ပိုင်းကနေ တပ်မတော်ကို အာဏာ သိမ်းခိုင်းခဲ့ပုံနဲ့၊ အာဏာသိမ်းပြီး နဝတအချိန်အခါမှာ အာဏာသိမ်းစစ်ခေါင်းဆောင်သုံးဦးကြားက အာဏာလွန်ဆွဲမှုတွေ အကြောင်းကို ဒီ သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်က သုံးသပ်တင်ပြထားပြီး၊ ဦးရော်နီညိမ်း က တင်ဆက်ထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ ဦးရော်နီညိမ်း။ ။ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ရယ်လို့ ပေါ်ပေါက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ […]


Mobile HouseSeptember 22, 20101min05
ဒီကိစ္စကို ရေးသင့်လား၊ မရေးသင့်လား ကျနော် အကြိမ်ပေါင်းများစွာ > စဉ်းစားတယ်။ လူတယောက်၊ တဖွဲ့ရဲ့ ထမင်းအိုးကို ရိုက်ခွဲရမှာ၊ > မြောက်မြားစွာသော မိန်းကလေးတွေ၊ အမျိုးသမီးတွေရဲ့ အရှက်နဲ့ သိက္ခာကို > တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ထိခိုက်မှာတွေကြောင့် ထုတ်ပြောဖို့ > မဝံ့မရဲ ဖြစ်ခဲ့တယ်။ > > သို့သော် သိရဲ့သားနဲ့ မပြောခဲ့တဲ့အတွက် ဒီလို တွေဝေနေခဲ့တဲ့အတွက် > တခြားမိန်းကလေးပေါင်းများစွာ အရှက်ရခဲ့ရပြီးပြီ။ အဲဒီအတွက် ကျနော့်မှာ > အပြစ်ရှိတယ်။ မှန်တာကို ပြောရဲရမယ်။ မဖြစ်သင့်တာကို မဖြစ်အောင် > ကာကွယ်နိုင်ရမယ်။ ဒါ့ကြောင့် ဒီနေ့ ကျနော် ဗြောင်ပဲပြောမယ်။ > > စင်ကာပူရောက် မြန်မာမိန်းကလေးများဟာ အကြောင်းကြောင်းကြောင့် > […]


Mobile HouseSeptember 22, 20101min02
မကြာသေးခင် ရက်ပိုင်းအတွင်းက ပြည်တွင်းက မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူကအနုပညာ အသိုင်းအဝိုင်း က ဖြစ်ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ အဲသည့်အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်းက ပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေဘယ်လို ချက်သလဲ ဘယ်လိုသိုလှောင်သလဲ ဘယ်လိုဖြန့်ဖြူး ရောင်းချသလဲ စသဖြင့် စုံနဖာစီ ပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။ အရက်အကြောင်း ပြောဖြစ်သွားတာ ကလဲ ဒီလိုပါ။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း အရွယ်မတိုင်ခင် အရက်နဲ့ အသက်ဆုံးရှုံး ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ပိုများ လာတဲ့အကြောင်း၊ ဒါ့အပြင် စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်း အရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်း ပြော ရင်းနဲ့ အရက်စက်ရုံတွေ အရက်ကို ဘယ်လို […]


Mobile HouseSeptember 22, 20101min01
စောင့်ကြည့်မှု ပိုများလာ၍ အင်တာနက် သုံးစွဲသူ သားသမီးများကို မိဖများ ပိတ်ပင်လာ Monday, 20 September 2010 မြန်မာနိုင်ငံမှ ရန်ကုန် အပါအဝင် မြို့ကြီး တချို့တွင် ရွေးကောက်ပွဲ နီးလာသဖြင့် အင်တာနက်ဆိုင်များ၌ အင်တာနက်သုံးစွဲသူများကို စောင့်ကြည်မူများ ပိုမိုများပြားလာသဖြင့် မိဖများက သားသမီးများကို အင်တာနက်ဆိုင်များသို့ သွားရောက်မူကို တားမြစ် ပိတ်ပင်မူများ ရှိလာသည်ဟု သတင်း ရရှိသည်။ အမည်မဖေါ်လိုသူ အမျိုးသမီးငယ် တစ်ဦးက “ အခုက အရင်ထက်ပိုပီး အင်တာနက်ဆိုင်တွေမှာ စောင့်ကြည့်မူတွေ များလာတော့ အဖေအမေက စိုးရိမ်ပီး အင်တာနက်ဆိုင် ထို်င်တာကို တားမြစ်လာပါတယ်။ ဆိုင်တွေမှာလည်း အရပ်ဝတ် တွေနဲ့ အမျိုးသမီးတွေက မသိမသာ လိုက်လံပြီး စောင့်ကြည့်နေတာကို တွေ့ရပါတယ်။ တခုခု မတော်တဆ […]


Mobile HouseSeptember 22, 20101min00
အမျိုးသမီး သရုပ်ဆောင်မော် ဒယ်လ်အချို့၏ အသုံးစရိတ်ထုတ် ဖော်ပြောဆိုမှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များဝင်ငွေ ကောင်းနေပြီလား ဟု မေးခွန်းထုတ်ရန်ဖြစ်လာကြောင်း သိရပါသည်။ အမျိုးသမီး သရုပ်ဆောင် မော်ဒယ်လ်အချို့သည် မိမိတို့ အသုံးအဆောင်ပစ္စည်းများ၏ တန်ဖိုးများ၊ ပိုင်ဆိုင်မှုများနှင့် ဈေးဝယ်ထွက်စဉ် အသုံးပြုသော ငွေကြေးပမာဏများ ကို ဂျာနယ်၊ မဂ္ဂဇင်းစာမျက်နှာများ ထက်တွင် လူသိရှင်ကြား တရားဝင်ပြောဆိုလာခြင်းများ ရှိလာသောကြောင့် ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ပေါ်လာခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ထုတ်ဝေထားသည့်  ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်နှင့် မှုခင်းဂျာနယ်တစ်စောင်တို့တွင် ပြောဆိုထားသော မော်ဒယ်လ်တစ်ဦး ၏ ဆိုစကားများကလည်း  မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ဝင်ငွေကောင်းနေပြီလားဆိုသည့် မေးခွန်းကို ဆက်လက် ဖြစ်ပေါ်စေခဲ့ပါသည်။ “ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း […]


winkyawaungSeptember 22, 20101min04
ဒီ ဓမ္မဒိုင်ဂျက် စာအုပ်ထုတ်ဝေဖို့ ကြော်ငြာထားခဲ့တာ တစ်နှစ်ကျော်ခဲ့ပါသည်။ ယခုတော့ မန္တလေး စာပေလောက မှ အယ်ဒီတာချုပ် အဖြစ် တက္ကသိုလ်တေဇာလင်း ဦးဆောင်၍ အတွဲ(၁) အမှတ်(၁) ကို ၁၃၇၂ ခုနှစ်၊ တော်သလင်းလ။ (စက်တင်ဘာလ၊ ၂၀၁ဝ ခုနှစ်) မှာ စတင်ထွက်လာခဲ့ပါပြီ။ အနယ်နယ် အရပ်ရပ်မှ စာပေပညာရှင် များ၏ စာမူများကို တွေ့မြင်ရပါသည်။ အခြား ပြည်တွင်း၊ ပြည်ပမှ စာပေဝါသနာရှင်များ၊ ပညာရှင်များ၏ စာမူများကိုလည်း ထပ်မံတောင်းခံထားပါသည်။ ဖော်ပြပါ လိပ်စာများသို့ ပေးပို့ဆက်သွယ်နိုင်ကြောင်း သတင်းတိုလေးဖြင့် တင်ပြအပ်ပါသည်။ ကမ္ဘာ့ ထူးခြား သတင်းများ၊ ကာတွန်း၊ ကဗျာ အမျိုးမျိုး တို့ကိုလည်း ရေးသားပေးပို့နိုင်ကြကြောင်း သတင်းရရှိပါသည်။


etoneSeptember 22, 20101min0
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ အများအပြား ဝင်ရောက်လာကြောင်း အဆိုပါကုမ္ပဏီ များထံမှ သိရှိရသည်။ ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ပစ္စည်းများနှင့်တရုတ်နိုင်ငံမှ ပစ္စည်းအတုများ အများအပြား ဝင်ရောက် ရောင်းချလျက်ရှိခြင်းကြောင့် တရားဝင်တင်သွင်းရောင်းချ နေသော အီလက်ထရောနစ် ကုမ္ပဏီများမှ ရောင်းအားကျဆင်းခြင်းနှင့် အတူ ကုမ္ပဏီအပေါ်ကိုလည်း Customer ယုံကြည်မှု အနည်းငယ်ကျဆင်းလာကြောင်း သိရှိရ သည်။ “အခုပြည်တွင်းဈေးကွက် အတွင်းမှာ ယိုးဒယား၊ တရုတ် နယ်စပ်ဝင်ပေါက်ကနေ အီလက် ထရောနစ်ပစ္စည်းတွေရဲ့ လိုင်စင်မဲ့ ပစ္စည်းတွေကိုလည်း တင်သွင်းလာတယ်။ ပစ္စည်းအတုတွေကိုလည်း ပြည်တွင်းဈေးကွက်ထဲမှာနာမည်အခိုင် အမာရပြီးသားဖြစ်တဲ့ ပစ္စည်းတွေကို အတုအပလုပ်ပြီးတော့ တင်သွင်း ရောင်းချနေတာ တော်တော်များလာတယ်။ ဒါ့အပြင်အခုတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ  လမ်းပေါ်ပွဲစားတွေပိုပြီး များလာတယ်။ […]


etoneSeptember 22, 20101min0
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရဝန်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။ ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လဝါယန်အခြေစိုက်  ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်မှ ဤကဲ့သို့ပြောခြင်းဖြစ်သည်။ ဦးသိန်းစိ်န်က ရွေးကောက်ပွဲပြီးလျှင် “KIO အား အရှေ့တောင်အာရှ (အာဆီယံ) တွင် စံပြအဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည် ”ဖြစ်ကြောင်း စစ်အစိုးရသစ္စာခံ ကချင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အား အထူးဖိတ်ခေါ်၍ ပြောကြားခြင်းဖြစ်သည်။ ၎င်းတွေ့ဆုံပွဲသို့ လဝါယန်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကိုယ်တိုင်နှင့် NDA-K နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ ခေါင်းဆောင် ဦးဇခုန်တိ်န့်ယိန်းကိုယ်စား အခြား BGF စစ်ဗိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးတွင် သိန်းစိန်က […]