ဆူးJune 7, 20111min019
တနေ့တော့ ပိုးပိုး ဆိုတဲ့ အပျိုကြီး တယောက်က သူ့ရဲ့ ညီမလို အနေသဘော ထားရတဲ့ သူငယ်ချင်းများကို အသက်အနည်းငယ် ပိုကြီးတဲ့ သူပီပီ အာခေါင် အာရင်းသန်သန်နဲ့ ဆုံးမနေပါတယ်။ သူရဲ့ ဆုံးမတဲ့ လေသံကတော့ ဟဲ့.. မိန်းမတွေ သိမ်သိမ်မွေ့မွေ့ နေကြ နင်တို့ အလကားနေရင်း အီးစီကလီ မလုပ်ကြနဲ့။ နင်တို့တွေ အတွေးတိမ်တိမ်နဲ့ ဘာမှန်း မသိ ညာမှန်း မသိ သူများ မြူဆွယ်တိုင်း ပါဖို့ မကြိုးစားနဲ့.. အိမ်ထောင်ကျတယ် ဆိုတာ နင်တို့ သိလို့လား… နင်တို့ နို့ဆီဘူး မြင်ဘူးလား။ အင်း.. ဘာဖြစ်လို့လဲ ဆိုပြီး စိတ်ဝင်တစား အာရုံစိုက်ပြီး နားထောင်နေကြတယ်။ မှတ်ထား.. နို့ဆီ ခွက်က ဖောက်ထားပြီး ဒီတိုင်း […]


etoneJune 7, 20111min030
လူတွေများ သူများ အသားလေး စားရလျှင် မြိန်ရေ ယှက်ရေ စားသောက်လိုက်ကြတာ … ယခင်ကဆို မစားကောင်းတဲ့အသား ၊ စားကောင်းတဲ့အသား … ခွဲသေးတယ်…။ အခုများတွေ အိမ်မွေးတိရိစာ္ဆန်ပါမကျန် ချက်ပြုတ်စားသောက်နေကြတာ အတော့်ကို လွန်လွန်းပါပြီ … ။ ကိုယ့်လျှာရင်း မျက်မျက်လေး စားရဖို့ အတွက် အလကားနေရင်း သတ်ဖြတ်စားသောက်နေတာ …. လူစိတ်ပေါက်ပြီး ဘီလူးစိတ်ဝင်နေသလားတောင် ထင်မိပါရဲ့… ကျွန်မလည်း ကြားကြားချင်း အတော်လေး အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်မိသွားတယ်… ။ %%%%%%%%%%%%%%%%% ” ဆရာ ဒီခွေးက ဘာခွေးလဲဟင် … အင်းခွေး အမျိုးစားထင်တယ် … ဆရာတို့ ပြန်လျှင် သူ့ကို ဒီမှာ ထားခဲ့တာလား …” ကျွန်မတို့ ဆေးခန်းကို လာတဲ့ […]


ဆူးJune 4, 20111min019
မောင်နှမလေးတို့ရေ.. ဒီနေ့ ပြောပြမဲ့ ပုံပြင်လေးကတော့ တကယ့် အဖြစ်အပျက်ကလေးပေါ့ကွယ်.. တခါတုန်းက မအူပင်တန်း ဆိုတဲ့ ရွာကလေးမှာ ဖြစ်ပျက်ခဲ့တာပေါ့။ မအူပင်တန်း ဆိုတဲ့ ရွာကလေးက မြို့နဲ့လည်း အလှမ်းတော်တော် ဝေးတယ်။ ရွာက လူတွေကလည်း မြို့ပေါ် သိပ်မရောက်ဘူးကြဘူးပေါ့။ ရွာကလေးမှာ နေတဲ့ လူတွေက ၁နှစ်ကို ၆လ လောက် မြစ်ရေ တက်တဲ့ အတွက် ၆လ လောက်တော့ အသီး အနှံများ စိုက်ပျိုးပြီး ရတဲ့ ပိုက်ဆံကလေး စုထားပြီး ကျန် ၆လ ကိုတော့ အဆင်ပြေသလိုပဲ ထိုင်စားကြရတာ ဓလေ့ တခုလိုပါပဲ။ ဆင်းရဲတဲ့ လူတွေ ဆိုရင်တော့ ရေတက်လာပြီ ဆိုရင် လှေတစီးနဲ့ ငါးတွေ ဖမ်းပြီး အနီးအနား ရေ […]


  မောင်လေးညီမလေးတို.ရေ ဟိုးရှေးရှေးတရံရောအခါကပေါ.ကွယ် ဘာရာနသီ လို.ခေါ်တဲ. တိုင်းပြည်တပြည် မှာ ဘာမှန်းမသိတဲ. မင်းကြီးအုပ်ချုပ်နေတာပေါ. သူ.မှာ သမီးတော်တပါးရှိသတဲ. အဲ.ဒီသမီးတော်လေးနာမည်ကိုလဲ ကိုးရီးယားကားတွေထဲကလို မျိုးရိုးနံမည်လေးပါအောင် ဘာမင်းသမီးလေးလို.ခေါ်သတဲ.လေ အဲ.ဒီတိုင်းပြည်မှာ ဘာမင်းကြီးအုပ်ချုပ်လာလိုက်တာ ဘာလိုလိုနဲ. ဘာမင်းသမီးလေး အပျိုဖြစ်တဲ.အချိန်ကိုရောက်လာတာပေါ.ကွယ် ဒီတော. ဘာမင်းကြီးလဲ တနေ.တနေ. အရွယ်ရောက်လာတဲ. သမီးလေးကိုကြည်.ပြီး အော် ငါ.သမီးလေးတောင် အရွယ်ရောက်လာပါပေါ.လား သမီးလေး အရွယ်ရောက်လာရင် ဘာကောင်နဲ.များချစ်ကြိုက်မလဲပေါ. သူ.မှာလဲ တစ်နေ.တစ်နေ. သမီးတော်လေး ဘာကောင်နဲ.ကြိုက်လို. သူ.ရဲ.ထီးနန်းကို ဘာကောင်ကိုလွှဲပေးရမလဲ ဆိုပြီး ဆိုးရိမ်နေတာပေါ. ဒီလိုနဲ. တစ်နေ.ကျတော. ဘုရင်ကြီးဟာ စိတ်ပြေလက်ပျောက် တောကစားထွက်ကြတယ်တဲ. အဲ.ဒီလိုတောကစားထွက်ကြတော. တောထဲလဲရောက်ရော တောကောင်ပစ်ဖို. ဘုရင်ကြိးနဲ. သူ.ရဲ.ငယ်သားတွေက လိုက်ရှာကြတာပေါ.ကွယ် အဲ.ဒီအချိန်မှာပဲ သူတို.ရဲ.အနီးအနားက ချုံပုတ်တစ်ခုကလှုပ်သွားတာကိုတွေ.လိုက်သတဲ. အဲ.ဒါနဲ.ဘုရင်ကြီးလဲ သူ.ရဲ.လက်စွဲတော် […]


ဆူးJune 2, 20111min012
မောင်နှမလေးတို့ရေ.. ဒီနေ့ ပြောပြမဲ့ ပုံပြင်လေးကတော့ သစ်ပင် နဲ့ ရုက္ခစိုးတဲ့.. တနေ့ မိဖြူနဲ့ တခြား သူငယ်ချင်းတွေ အဖွဲ့လိုက် လေ့လာရေး ခရီးထွက်ကြသတဲ့.. အထက်မြန်မာပြည် မန်းရွှေမြို့တော်ကြီးကို ဦးတည်ပြီး ကားကလေး တစီးနဲ့ သူငယ်ချင်းတွေ အလှည့်ကျ မောင်းနှင် လာခဲ့ကြတယ်။ ဒီလိုနဲ့ မိဖြူနဲ့ သူငယ်ချင်း တစု ကားကလေးက နေပူပူ လမ်းကလေးမှာ သစ်ပင် အုပ်ဆိုင်းတဲ့ အခါ အရိပ်ရပေမဲ့ တလမ်းလုံး စကားတွေ များပြီး မောင်းလာလိုက်တာ တနေရာကျတော့ နှင်းလေး ဆိုတဲ့ တယောက် ဟဲ့ ဖြူမ ငါ တို့ ခဏ နားရအောင်ဟာ.. အပေါ့အပါးလေး ပါလေး သွားကြတာပေါ့.. ဒီလိုနဲ့ ကားကလေး ရပ်ဖို့ သစ်ပင်ကြီးကြီး […]


etoneJune 2, 20111min017
သူက ပေါ့ပေါ့ပါးပါးပြုံးပြကာ သာမန်မိတ်ဆွေ တယောက်လိုပင် ကျွန်မကို ပြုံးပြနှုတ်ဆက်ခဲ့သည်…. ။ သူ့ကို နေရာထိုင်ခင်းပေးတော့ ….. တံခါး အကွယ်မှ …. တစ်စုံတစ်ယောက်ကိုပါ အထဲဝင်ခဲ့ရန် သူခေါ်ခဲ့သည်….. ။ ကျွန်မဧ။် ရင်ခုန်စရာကောင်းသော ၊ နှစ်ပေါင်းများစွာ ခွဲခွာနေရသော အချစ်ဦးနှင့် ပြန်လည်တွေ့ဆုံချိန်လေးတွင် အဘယ်ကဲ့သို့ မိစ္ဆာမက ဖျက်လိုဖျက်ဆီး ပြုလိုက်ပါသနည်း နားမလည်ခင် …. လွတ်နေသော သူ့ဘေးသို့ ကျမထက် ငါးနှစ်ခန့်ငယ်သူ အမျိုးသမီးတယောက် ကပ်ထိုင်လိုက်သည်….။ နေ့ခင်းကြောင်တောင် မိုးကြိုးကြီး ဆယ်စင်း ပစ်ခံရသလို အေးစက်တောင့်တင်းကာ နှလုံးသွေးများ အေးစက်တော့မတတ် ဆွံ့အသွားခဲ့သည်… ။ သူတို့ နှစ်ယောက်ရှေ့မှ ကျွန်မ အခိုးငွေ့ အဖြစ် ဖြင့် …ပျောက်ကွယ်သွားချင်မိသည်…. ။ မျက်တောင်ရှည်ကြီးများ  ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး […]


etoneJune 2, 20111min03
တန်ရာ တန်ကြေး (၁) သူ …. ကျွန်မဘဝရဲ့ မရှိမဖြစ် အလင်းရောင်လေး ဖြစ်ခဲ့ဖူးတယ် …. ။ ဆိုးတူကောင်းတူ အခက်ခဲများစွာ ဖြတ်ကျော်ခဲ့ဖူးတယ်…. ။ ကျောင်းတက်စဉ်ကတည်းက ဘယ်သွားသွား တတွဲတွဲ ဘေးမှာ အမြဲရှိခဲ့တဲ့သူ …. ။ ကျွန်မရဲ့ အိပ်မက်တိုင်းမှာ မပါမဖြစ်ခဲ့တဲ့သူ… ။ ဂတိတွေ အထပ်ထပ်ပေးတတ်လွန်းတဲ့သူ… ။ ဂရုစိုက်၊ နားလည်လွန်းတဲ့သူ…. ။ ပုံပြောလည်း ကောင်းခဲ့တဲ့သူ……..။ ပိပိရိရိ လိမ်ညာတတ်ခဲ့သူ………. ။ မတွေ့ရတာ ကြာပြီဖြစ်သော သူ့ကို ကျွန်မအလွန်တွေ့ချင်လှသည် …. ။ မနက်ခင်းတိုင်း လွမ်းဆွတ်မှုများနှင့် အတူ နိုးထလာရသော ကျွန်မအတွက် ပင်ပန်းလွန်းလှသည် … ။ ကျွန်မဧ။် အတွေးအားလုံးကို ပိုင်စိုးထားသော သူ့ကို […]


ဆူးMay 31, 20111min024
မောင်နမလေးတို့ရေ တခါတုန်းကပေါ့.. လုလင် တယောက်ဟာ နေပြင်းပြင်းပူတဲ့ နေ့တနေ့ ခရီးလမ်း လိုရာ မရောက်သေးတော့ ရှိသမျှ ခွန်အားနဲ့ ရုန်းကန် လှုပ်ရှားပြီး လျှောက်လှမ်း လာလိုက်တာ မောပန်း နွမ်းလျလွန်းလို့ မတ်တပ်တောင် မရပ်ချင်လောက်အောင် ဖြစ်နေချိန် မျက်စိထဲ တမျှော်တခေါ်ကြည့်မိတဲ့ မြင်ကွင်းထဲမှာ သစ်ခြောက်ပင်အို တပင် တွေ့မိခဲ့တာပေါ့ကွယ်။ ကွင်းပြောင်ပြောင် နေပူထဲမှာ သစ်ခြောက်ပင် တပင် အရိပ်နည်းပါးပေမဲ့ ခိုဖို့ အားခဲပြီး အရိပ်သေးသေးရတဲ့ နေရာလေးမှာ မှီရင်း ခရီးတထောက်နားပြီး အမော အပန်းဖြေခဲ့တယ်။ အမောပြေ တခဏ နားရင်း တရေး တမော အိပ်စက် အနားယူရင်းနဲ့ မျက်စိဖွင့်ကြည့်ချိန်မှာတော့ သစ်ခြောက်ပင်ကြီး နားမှာ ကိုယ့်လိုပဲ နားခိုပြီး နေတဲ့လူတွေ တော်တော်များများတွေ့လာခဲ့တပေါ့ကွယ်။ ခင်မင်ရင်းနှီးစွာ နုတ်ဆက်စကားပြောရင်းနဲ့ […]


manawphyulayMay 31, 20111min04
နှစ်များစွာ ကြာ ရှည်ဖြတ်သန်း သည်နေရာ သည်ဝန်းကျင် အခြေတည် အစပြုခဲ့ ကြိုးစားလုပ်ဆောင်နေရင်း အောင်မြင်မှုရရှိခဲ့ချိန်မှာ ငါဟာ ကျောခိုင်းထွက်ခွာခဲ့ရ အားလုံးကို နှုတ်ဆက်ဖို့ရာ စကားလုံးတစ်လုံးတောင်မှ ရှာမရခဲ့ပါဘူး။ ငါ့ရင်မှာ ဖြစ်တည်ခဲ့ ကြေကွဲမှု သံယောဇဉ် တစ်စတစ်စ ကြီးထွားလာခဲ့ တိုးတက်မှုလမ်းမပေါ်လျှောက်ရင်း အစက ပြန်စခဲ့ရ အားလုံးကို ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင်း ငါ့လျှောက်မယ့်လမ်းကို မှန်းဆ အတိတ်က အရိပ်ကို လွမ်းဆွတ်ရင်း အောင်မြင်မှုပန်းတိုင်ကို ရှေ့ဆက်လှမ်းတော့မယ်…. ရေးသားသူ – မနောဖြူလေး


etoneMay 30, 20111min019
ဗေဒင် ယတြာတွေကို အယုံကြည်မရှိပေမဲ့ ပိုက်ဆံရမယ့်ကိစ္စကိုတော့ ကျမစိတ်ဝင်စားခဲ့သည်… ။ ထို့ကြောင့်လည်း သူငယ်ချင်းများနှင့် သွားဖူးခဲ့သည့်… ဓါတ်ရိုက်ဓါတ်ဆင်ဖြင့် နာမည်ကြီးသော တားရော့ဗေဒင်ဆရာမဆီသို့ ကျမသွားရန်ဆိုင်းပြင်ခဲ့သည်… ။ ငွေဝင်၊ ငွေမြဲစေမည့် အဆောင်ကောင်းတခုလောက် ကျမလိုအပ်သည်… မသုံးပဲထားလျှင် ငွေမြဲမည်ကို သိသော်လည်း အိတ်ပေါက်နဲ့ ဖားကောက်သောကျမအတွက်တော့ … ဘယ်လောက်ငွေဝင်ဝင် အဖတ်မတင်ခဲ့ပေ … ။ ဆရာမဧ။် အဆောင်သည် ငွေဝင်သည် လာဘ်ရွှင်သည်ဟု ကြားသိသဖြင့် … အပန်းမကြီးသောအလုပ်ဟု သတ်မှတ်ကာ အဆောင်သွားလုပ်ရန် သူငယ်ချင်းတယောက်နှင့် တိုင်ပင်သည ်… ။ လွန်ခဲ့သော သုံးနှစ်ခန့်က မိုးသည်းသော တနင်္ဂနွေ မနက်ခင်းတစ်ခုတွင် ကျမနှင့် သူငယ်ချင်းတယောက် မိုးကာအကျီင်္ ကိုယ်စီဖြင့် ထီးဆောင်းကာ ကားမှတ်တိုင်သို့ ထွက်လာခဲ့သည်… ။ မိုးသည်းသဖြင့် […]


chit layMay 30, 20111min0
<“ ကျွတ် … ဒုက္ခပါပဲ တက္ကစီကလည်း ငှားလို့မရပါလား ” စိတ်ပျက်စွာဖြင့် ရင်ထဲမှ ညည်းတွားမိသည်။ ဒီနေ့ကျမှ မိုးကလည်း သည်းလွန်းလှသည်။ ကျွန်မကလည်း ဒီနေ့ကျမှ နီးနီးနားနား ရွှေတိဂုံဘုရားသို့ မသွားချင်ဘဲ ဆူးလေဘုရားသို့ သွားချင်နေသောစိတ်ကြောင့် မိုးရွာနေတဲ့ကြားထဲက အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ “ အင်း .. ဒီပုံစံအတိုင်းဆိုရင်တော့ လာတဲ့အထူးကားကို စောင့်စီးသွားမှဖြစ်တော့မယ် ” ဒီလိုနှင့် ကျွန်မ၏ခြေလှမ်းများက ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဦးတည်လိုက်မိပါသည်။ “ ဟော … အထူးကားလာပြီ ” ကားပေါ်သို့တက်လိုက်သည်။ မနက်အစောကြီးမို့ ကားပေါ်တွင် လူသိပ်မပါချေ။ ထိုင်လို့အဆင်ပြေမယ့်နေရာကို မျက်လုံးဝေ့ဝိုက်ကြည့်မိစဉ် “ ဟင် .. သူပါလား ” ကျွန်မ၏ရင်အစုံသည် မခုန်စဖူးခုန်သွားမိ၏။ မေ့ထားခဲ့တာ ကြာပြီဖြစ်သော်လည်း အခုလို […]


moonpoemMay 25, 20111min033
ကျွန်မနေထိုင်သော ၂၈လမ်း(အပေါ်ဘလောက်)နှင့် ၂ရလမ်းနောက်ဖေးလမ်းကြားတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကြောင့် ညစ်ပတ်နေစော်လျက်ရှိနေပါသည်။ ကြွက်များကလည်း ထိုအမှိုက်ပုံကြီး၏ ကောင်းစားမှူဖြင့် ထွားကျိုင်းသန်မာနေကြပုံများ ကြောင်ပေါက်စတစ်ကောင်ပမာပါပေ။ မြေညီထပ်နေသူများကတော့ အမှိုက်သိမ်းခေါင်းလောင်းသံကြားရင် အပြင်ထွက်ပစ်ကြပေမယ့် အပေါ် ထပ်နေသူများကတော့ စည်းကမ်းမရှိအမှိုက်ပစ်ကြ၏။ စိတ်ပျက်ဖို ့ကောင်းလေသည်။ သို ့သော်တစ်နေ ့ကတော့ စီမံချက်ရှိသည်ဟုဆိုကာ ရပ်ကွက်လူကြီးများမှစည်ပင်သာယာဝန်ထမ်းများကို ခေါ်လာကာ အမှိုက်ရှင်းခိုင်း၏။ နောက်နေ့တွင်တော့ စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို စောင့်ဖမ်းမည်ဟုဆိုကာ နောက်ဖေးလမ်းကြားရှိသန့်ရှင်း သော နေရာတစ်နေရာတွင် ထိုင်ကာ စောင့်ကြည့်နေကြပြန်သည်။ စောင့်ကြည့်ပြီး သိပ်မကြာခင် ပထမထပ်မှ အမှိုက်ပစ်ချ၏ ။ မိသွားသောကြောင့် အမှိုက်ပစ်သောသူကို လော်စပီကာ နှင့် အော်ကာ လမ်းကြားထဲဆင်းလာဖို ့ပြောသည်။ အမှိုက်ပစ်သူဆင်းလာသောအခါ စည်းကမ်းမဲ့အမှိုက်ပစ်သောကြောင့် ဒဏ်ငွေ၅၀၀၀ဝကို ရပ်ကွက်ရုံးတွင်ဆောင်ရမည်ဟု ပြောသည်။ ထုံးစံအတိုင်းပဲပေါ့ ရပ်ကွက်ရုံးကို မသွားချင်ရင်လည်း ရသော […]


etoneMay 24, 20111min043
ရှင်တို့ကို ပြောပြရဦးမယ်…. ဟိုး လွန်ခဲ့တဲ့တစ်ရက်ကပေ့ါရှင် … ကျမ ရုံးသွားတဲ့ မနက်စောစော ရာသီဥတုက မှုန်ဝါးနေတယ်…. ။ လမ်းမီးကလည်း မလာတချက် လာတစ်ချက်နဲ့ … မနက်စောစောမို့ လူသွားလူလာလည်း ရှင်းပါတယ် … ဒီအချိန် မမြင်ရတဲ့ နာနာဘဝများ လိုက်နှောက်ယှက်လျှင် ကျမဘယ်လိုများ နေရပါ့မလဲ စဉ်းစားမိပြန်တယ်… ကျမ မသိချင်ယောင်ပဲ ဆောင်ပြီး ဟန်မပျက်လမ်းဆက်လျှောက်မလား ၊ အော်ဟစ် အကူညီတောင်းမလား ၊ လာရာလမ်းပြန်ပြေးမလား … ကြိုပြီး စိတ်ပူနေမိတယ်… ။  နောက်ဆုံး ကျမ ဆုံးဖြတ်လိုက်တယ်…. အရိပ်အားဖြင့်သော်လည်းကောင်း ၊ အသံအားဖြင့်သော်လည်းကောင်း နှောင့်ယှက်လျှင် ကျမထွက်ပြေးမှာပါပဲလို့ပါ …. ။ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ… အကြံကြီးစွာနဲ့ … လူပြတ်လွန်းပြီး […]