etoneJuly 31, 20111min05
ဒီနေ့ ရုံးမှာ အင်တာနက် ကွိုင်ပတ်နေတာနဲ့ … ဘာမေးလ်မှလည်း မဝင် ၊ ဘယ်သူနဲ့မှလည်း ဆက်သွယ်လို့ မရတာကြောင့် … pending လုပ်ထားတဲ့ အလုပ်လေးတွေ ဟိုလုပ်ဒီလုပ်နဲ့  … အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပေါ့ … ။ ဘရော့ဘမ်း ပြသနာ တက်နေလို့တဲ့လေ … အိပဲ့အိပဲနဲ့တော့ ပြင်ဖို့ ကြိုးစားနေတာပါပဲ … ။ သုံးလို့မရတာ သုံးလေးရက်ရှိပြီ … အစကတော့ ဆာဗာ ဗိုင်းရပ်စ်ကိုက်တယ် ပြောတာပဲ … အခုတော့လည်း မဟုတ်ပြန်ဘူး … ဘရော့ဘမ်းဖြစ်တာတဲ့ … ။ MCWill ထပ်ထည့်မယ်လည်း စဉ်းစားနေတယ်တဲ့ … ဘယ်မှာ ပြသနာရှိရှိ … စိတ်မဝင်စားပါဘူး …. အင်တာနက်ပြန်သုံးရဖို့ပဲ အရေးကြီးတာလေ … […]


tunkhannJuly 31, 20111min00
ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဦးတည်နေသောလမ်းကြောင်းကြီးသည် အမှန်တကယ်ပင် တည့်တည့်မတ်မတ် တရိပ်ရိပ်ပြေးလွှားနေခဲ့သည်။အော်မောပေမှာပေါ့ အမောင်ရယ်…။ တစ်ရက်ဝင်ငွေ တစ်ထောင့်ငါးရာလောက်နဲ့ လောကကြီးကိုရင်ဆိုင်နေခဲ့သည်။မမှုပါ မဖြုံပါ အားကိုခဲလို့ ထိုယာဉ်ကြီးနဲ့ တစ်ဖဝါးမခွာ လိုက်လာခဲ့ရတာ ရေးရေးသာ မြင်ရတော့သည်။ထိုယာဉ်ကြီးက ဟိုးအဝေးတစ်နေရာကနေ ကျနော့ကို စောင့်စားနေဟန်တူပါလေ၏။မီးရောင်ထိန်ထိန်လင်းနေတဲ့ ဟိုးအဝေးက ရွှေမြို့တော်ကြီးကို တစ်ခေါက် အဲ နှစ်ခေါက်ရောက်ဖူးပါသည်။တစ်ညအိပ်ခ 65000 လောက်ရှိသော ပမာဏကို ကျနော့မျက်လုံးများ ပြာဝေမူးမိုက်စွာ သုံးညတာ အိပ်စက်ခဲ့ပါသည်။မတူလေမှ မတူနိုင်ပေ။စားစရာကို တစ်နေရာတည်းတွင်ရရှိနိုင်ပါသော်လည်း တာယာပါးအောင်မောင်းခဲ့ရသော ခရီးသည် တစ်ရက်လျှင်150မိုင်နှင့်200 ဝန်းကျင်ခန့်ရှိပေလိမ့်မည်။ကျယ်ဝန်းပါပေသည် စည်ကားပါပေသည် အဆင့်အတန်းဆိုတာကို သိသာစေပါသည်။ခွဲခြားထားသော အနေအထားမဟုတ်သော်လည်း လောကနီယာမအရ ပိုင်းခြားခံနေရသော လူသားတို့သည် များပြားလှပေသည်။အခန်းထဲမှာ ဇိမ်ကျကျ lip top တစ်လုံးနှင့်အလကားရသော အဲဆားဗစ်တစ်ခုဖြစ်သော WiFi ကိုတစ်နေကုန်ထိုင်သုံးရင်း အချိန်လဲဖြုန်းခဲ့ရပါသေးသည်။အမဖြစ်သူ၏စကားများကိုလဲ နေ့တိုင်းကြားယောင်မိပါသည်။ငါဘယ်ကိုသွားသွား […]


နောက် အမှတ်ရစရာတစ်ခုက ဒီလထဲမှာ စတားတီဗွီလိုင်းကနေ Spy catcher ဇာတ်လမ်းတွဲစပြတာပဲ။ဒီဇာတ်လမ်းတွဲ ကတော့ ဩစတေးလျတစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေတာပဲတဲ့။ ၁၉၈ဝ ကျော်ဝန်းကျင်လောက်ကို နောက်ခံထားပြီး ဩစတေးလျ ရဲအရာရှိ စတိဗ်နိုလန် က သူလျှိုတွေကို လိုက်ပြီး ဖော်ထုတ်ဖမ်းဆီးတဲ့ ဇာတ်လမ်းဗျ။ ကျွန်တော်တို ့ကာနယ်ကြီးကတော့ ဒီဇာတ်လမ်း ကို လုံးဝစွဲသွားတော့တာပဲ။ညနေတိုင်းလိုလို သူ့ရဲ့ရုံးခန်း(ကျွန်တော်ကတော့ သားရဲတွင်းလို့ နာမည်ပေးထားတယ်။)လေးထဲမှာ တစ်ချိန်လုံးနေ။ညစာစားချိန်လောက်ပဲ ပြန်ထွက်လာတတ်တာ။ဒါပေမဲ့ဗုဒ္ဓဟူးနေ ့ဆိုရင်တော့ တီဗွီကြည့်တဲ့အခန်းလေးထဲမှာ ဖော်စတာ ဘီယာလေးသောက်လို့ စတိဗ်နိုလန် နဲ့ ငြိမ့်နေတာပေါ့။ရုရှား ကေဂျီဘီ အဖွဲ့ကိုလျှို ့ဝှက်ချက်တွေ ရောင်းစားနေ တဲ့နိုင်ငံခြားကလာတဲ့ လူဆိုးတွေ (ကွန်မြူနစ်တွေတဲ့)ကို စတိဗ် နိုလန် ကလိုက်ဖမ်းတာမျိုး တွေလေ။ကျွန်တော်လည်း အဲဒီ ဇာတ်လမ်းတွဲကို ကြိုက်တယ်။လူဆိုးနောက်ကို ဇာတ်လိုက်က ကားနဲ့ တရကြမ်းလိုက်တာတို့၊ […]


ETJuly 27, 20111min015
တစ်နေ့ ကျနေ်ာ ရုံးက ကိစ္စနဲ့ တာမွေအဝိုင်းဘက်ကို ရောက်ပါတယ်……….ရောက်တော့ ခံတွင်းက ချဉ်လာလို့ ဆေးလိပ်သောက်မယ်ဆိုပြီး ဈေးဆိုင်ကိုသွားဝယ်တယ်… ပြီးတော့ ဆေးလိပ်ကို ..မီးညှိ ရှုရှိုက်နေတုန်း… မြင်ကွင်းတစ်ခု ကိုသွားတွေ့တယ်ဗျာ……… ဘေးနားမှာက စာအုပ်စာရွက်အဟောင်းဆိုင်လေးပေါ့…………အဲ့ဒီမှာ CV Formတွေအထပ်လိုက်ကြီးပါတကား။။။။။။။။။ ဘယ်အချိန်ကတည်းက လာရောင်းထားလည်းမသိဘူး………..ကျနော်ကလည်း ကျနော်ပဲလေ အငြိမ်မနေပဲ ပါးစပ် တရမ်းတော့တာပဲ ……..(အဲ…သွားပြီးအင်တာဗျူးလိုက်တာပေါ့) ဦးလေးရေ CV Form တွေကများလှချည်လားး …ဆိုပြီးတော့စကားစရှာလိုက်ရင်းနဲ့အကြောငိးစုံကိုသိလိုက်ရပါတယ်.. မြန်မာပြည်မှာ အလုပ်အကိုင် Agency တွေကတော်တော်များများရှိပါတယ်………. အောင်မြင်တဲ့ Agencyတွေလည်း ဒုနဲ့ဒေးပါပဲ… အဲ့ဒီမှာ အလုပ်သွားလျောက်တဲ့သူတွေကလည်းတစ်နေ့ကို ဒုနဲ့ဒေးပါပဲ… CV Form တစ်စုံဆိုရင် တော်တော်လေးကို ထူမယ်ထင်တယ်နော် ..စဉ်းစားကြည့်ကြပါဦး။။။ အပေါ်ဆုံးမှာ CV က တစ်ရွက် ကျောင်းထောက်ခံချက်၊ ပညာရေးမိတ္တူ.အခြားပညာရေးထောက်ခံချက်တွေ…ရဲစခန်းထောက်ခံချက် အစရှိသဖြင့်ပေါ့လေ. […]


ETJuly 25, 20111min013
(၁) “ဟဲလို….” ” အလင်္ကာ.. လား” “အ. ဟုတ်တယ်ကွ …” “အေး မင်းရုံးသွားဖို့အဆင့်သင့်ဖြစ်ပြီလား…ငါမင်းဆီရောက်တော့မယ်….အခုလမ်းပေါ်မှာ ကားမောင်းရင်းနဲ့ဖုန်းခေါ်လိုက်တာ” ” အော်..အေး လာခဲ့ ငါက Ready တောင်ဖြစ်နေပြီ။ မင်းမလာသေးလို့စောင့်နေတာ.” အမှန်တော့ ကျနေ်ာ အဆင့်သင့်ဖြစ်မနေသေးပါဘူး။ အိပ်ရာနိုးစ မနက်(7.50) အချိန်ပါ. ရေချိုး၊မျက်နှာသစ်ဖို့လုပ်နေတုန်း ဖုန်းလာတာနဲ့ပြန်ပြောတဲ့စကားကိုဖော်ပြထားတာပါ။ လာခေါ်တဲ့သူကိုအားနာတာနဲ့…အဆင်ပြေပါစေသဘောမျိူးနဲ့..စသည့်ဖြင့်..စသည့်ြ့ဖင့်နဲ့ပဲ ကံ(၁)ပါး ကျိုးသွားတယ်။ (၂) ကားနဲ့ ရုံးသွားရင်း လမ်းပေါ်မှာ ၊ ကားဂိတ်မှာ၊ မီးပွိုင့်ရှိရပ်ထားတဲ့ဘတ်စ်ကားပေါ်မှာတွေ့သမျှ ယောကျာ်း မိန်းမ၊ကလေးလူအိုလူပျိုအပျိုမရွေး မျက်စိထဲမြင်တာမှန်သမျှ အကုန်ကြည့်သွားတာပေါ့. ကြည့်ရင်းနဲ့ လှတဲ့ မိန်းကလေးကိုတွေ့ရင် ပါးစပ်က ပြောမိလိုက်တာရှိသလို.။ စိတ်နဲ့ကလည်း.. အင်း……ပြောမိသွားတာရှိတာပေါ့ဗျာ… ကိုယ်ပြောမိတဲ့သူက အပျိုလား အအိုလား ဆိုတာ ကိုယ်က မသိတော့… ဘယ်လိုပဲပြောပြော…. ကံ(၅)ပါးထဲက […]


etoneJuly 23, 20111min048
ကျွန်မ တို့ လူမျိုးတွေ အရမ်းကို အယူသည်းကြတယ်နော် …။ ရှေးလူကြီးသူမတွေ ခေတ်ကဆို ပ ိုဆိုးပါသေးတယ် ။ ကျွန်မ နားလည်တဲ့ အရွယ်မှာ အဖွားရဲ့ အမေ၊ ကျွန်မ အဘွားထိမှီလိုက်သေးတာမို့ … တစ်ချို့ ရှေးအယူတွေ သိနေခဲ့ပါတယ် … ။ ကလေးမို့လို့ လူကြီးအလိုကို မလွန်ဆန်နိုင်သေးတဲ့အချိန် … အယူသည်းမှူဆိုတာ သိသော်လည်း … လိုက်လုပ်ခဲ့ရတာမျိုးတွေ ရှိတယ်လေ…. ။ တစ်ရက် … ကျွန်မနဲ့ အဘွားဖြစ်သူ ဘုရားသွားတော့မဲ့အချိန် ကျွန်မရဲ့ ပေါ့ဆမှူနဲ့ … ဖန်ခွက်တစ်လုံး ကွဲပါတော့တယ် … ။ အဘွားဖြစ်သူ မျက်နှာရုတ်ချည်းပျက်သွားတာ သတိထားလိုက်မိပြီး … အပြင်မသွားတော့ပါဘူးဆိုပြီး … က ျွန်မတို့ အစီစဉ်ကို […]


etoneJuly 22, 20111min013
  ကျွန်မငယ်ငယ်ကဆို … ကျောင်းသွားရမှာ အရမ်းပျင်းပါတယ် … ။ လုပ်ချင်တာ ပေးလုပ်ပြီး ကြိုက်သလောက်ဆော့ခိုင်းတဲ့ အဒေါ် အပျိုကြီးများလက်ထဲ ကြီးလာရတာမို့ … အိမ်မှာနေရတဲ့ အချိန်က အပျော်ဆုံးပါပဲ … ။ မူကြိုတက်ရမဲ့ အရွယ်လေး ရောက်လာပြန်တော့ … မိဘတွေက မူကြိုပို့စေတာပေါ့ … ။ မူကြိုလိုက်ပို့တဲ့ အဖေ့ပုဆိုးကြီးကို ဆွဲပြီး ငိုရတာလည်း မနက်တိုင်း ကျွန်မလုပ်နေကျ အလေ့ကျင့် တစ်ခုပေါ့ … ပြန်မခေါ်သွားမှန်း သိပေမဲ့ ကျွန်မ အဖေ့ကို တွယ်ကပ်နေမိတယ် … ။ ဇွဲကောင်းတဲ့ မူကြိုဆရာမလေးကလည်း … ကျွန်မရုန်းကန်နေတဲ့ကြားကပဲ ဂျိုင်းကနေ မပြီး … မူကြိုခန်းထဲ ခေါ်သွားဖို့ အတင်းကြိုးစားခဲ့တာပါပဲ … ။ […]


မွေးနေ့ဆိုတာကို မေ့နေတာဗျ။နေပါဦး ဘယ်နေ့ပါလိမ့်။ဟုတ်ပြီဗျာ။ ဇွန်လ ဗျ ။ရက်ကတော့မေ့နေတယ်။ ဪ ခင်ဗျားနှယ်ခုမှလာမေးရလား ။ စောစောမေးရင် မွေးနေ့လက်ဆောင်လေးပေးလို့ရဦးမယ်။ စိတ်ဆိုးနေဦးမယ်။ဟုတ်လား။မဆိုးလောက်ပါဘူး။ အဲ ဆိုးချင်လည်းဆိုးနေနိုင်တာပေါ့။ သူကလည်း တကယ့်အရေးကြီးတဲ့ ချစ်သူရဲ့မွေးနေ့ကိုမှ မေ့နေမိတာကို။သေချာသွားအောင်။ ဖုန်းဆက်မေးကြည့်ဦးမှပါဗျာ။ ဘယ်လို။စိတ်ဆိုးဖူးလား။ဟုတ်လား။ဆိုးဖူးတာပေါ့။နေဦး။ ဘယ်ထသွားမလို့လဲပြောပြဦးမယ်။ တစ်ခါဆိုတစ်ခါဗျာ။ ရယ်လည်းရယ်ချင်မိတယ်။ ဪစကားမစပ်မေးရဦးမယ်။ ရယ်ချင်လို့ရယ်တာ….ရယ်စရာတွေ့လို့ရယ်တာ အပြစ်ရှိလား။ ခင်ဗျားဖြေနော်။ ဘာ အပြစ်မရှိဘူးဟုတ်လား။ မှတ်တယ်။ သူလည်း ထင်နေတာ။ ပြောပြမှာပေါ့။ တစ်ခါက ဒီလိုဗျ…။ တစ်ခါက ကောင်မလေးကို ချစ်သူ့လက်ဆောင် ဆိုတဲ့ အအေးဆိုင်ကလေးကိုချိန်းလိုက်တယ်။ အဲဒီနေ့က အဖြေပေးမယ်ဆိုလို့ တစ်နေရာကိုချိန်းလိုက်တာ။ လာတယ်ကောင်မလေးက။အဲ တစ်ယောက်တည်းပေါ့ဗျ.။ ဆိုင်ထဲရောက်တော့ အအေးတစ်ပုလင်းကိုမှာပြီး ကောင်မလေးအတွက်တော့ ဖွာလူဒါသီးဖျော်ရည်မှာပေးလိုက်တယ်။ အဲဒါကောင်းကောင်းလေးမှာပေးတာလေ။ သူတောင် ပုလင်းပဲသောက်တာ။ ကောင်မလေးက ရှက်နေတာဗျ။ ခေါင်းလေးကို […]


ဦးဘမြစ်သည် မြေဆွခက်ရင်းလေးနှင့် ပန်းပင်များကြား ဟိုထိုးဒီဆွလုပ်နေသည်။ပေါင်းမြက်များကိုလည်း လက်ဖြင့်နှုတ်နေသည်။ ထိုပန်းပင်များကို သူစမ်းစိုက်နေသည်မှာ သိပ်မကြာသေးပေ။သိပ်တော့မဆိုး။သူ့ခြံထဲတွင်အပင်ငါးဆယ်တစ်ရာလောက်တော့ တပိုင်တနိုင်စိုက်ပျိူးထားသည်။ ထိုပန်းပင်မျိူး စိုက်လိုလျှင် ပန်းမျိူးဥဝယ်ရသည်။တစ်လုံးနှစ်ကျပ်လောက်ပေးရသဖြင့် အလုံးတစ်ရာခန့် ဝယ်ထားသည်။ ပန်းပွင့်တွေခူးရောင်းပြီး မပွင့်တော့လျှင် မျိူးဥကိုတူးပြီးပြန်သိမ်းထားရုံသာ။ စိုက်လိုက်.မျိူးဥပြန်ဖော်လိုက်နှင့် မျိူးဥတွေက တဖြည်းဖြည်း ကြီးထွားလာပြီး ပန်းပွင့်တွေကလည်း စွင့်စွင့်ကားကားနှင့် ဈေးပိုရလာသည်။ အပွင့်ချောလျှင် သုံးကျပ်လောက်ရမည်ဖြစ်သဖြင့် ဦးဘမြစ်တစ်ယောက် သူ့ပန်းပင်လေးတွေကို အတော်ပင်ဂရုစိုက်နေလေသည်။ တကယ်တော့ ဦးဘမြစ်သည် ပိုက်ဆံအတွက် စိုက်ပျိူးနေခြင်းမဟုတ်ပေ။ တသက်ပျော်ချင်လျှင် သစ်ပင်စိုက်ပါစိုက်ပါ ဆိုသော စကားကြောင့် သီးပင်စားပင်လေးများနှင့် ပန်းပင်များကို သူ့တစ်နိုင် စိုက်ပျိူးနေခြင်းဖြစ်သည်။တကယ်လည်းပျော်ရွှင်ရသည်ဟု ခံစားရသည်။ သူ၏ကြိုးပမ်းအားထုတ်မှုကြောင့် အသီးအပွင့်အကျိူးအမြတ် မည်မျှပင်ရရှိစေကာမှု သူပျော်သည်။ မက်လည်း မက်မောသည်။ ထို့ကြောင့်ပင် ဦးဘမြစ်သည် သူ့ဇနီးဆုံးပြီးကတည်းကပင် အိမ်ထောင်မပြုတော့ပဲ တစ်ဦးတည်းသောသမီးကလေး မငွေမြိုင်ကို ထိန်းသိမ်းရင်း […]


ဖျတ်ဖျတ်လူးနေသော သူ့ကို ဟိုကောင်ကကြည့်ရင်း မျက်စိနောက်နေလောက်ပြီ။ဒီနေ့တော့ သူက မဒီကညာကိုတွေ့ဖို့အရေး ပြင်ဆင်နေရတာနဲ့တင်ကို အလုပ်က ခပ်ရှုပ်ရှုပ်။ မဒီကညာကလည်း ဒီတစ်ခေါက်အပြန် လာတွေ့ပါ ။ အဆင်ပြေရင် တင်တောင်းလိုက်ပါလို့ပြောထားတော့ သူကလဲ ဘာအရေးလဲ။ မင်္ဂလာဆောင်တယ်ဆိုတာ ယောကျာ်းတွေအတွက်တော့ ရင်ခုန်လှုပ်ရှားဖွယ် ပွဲကလေးတစ်ပွဲလေ။ သူ့မှာတော့ ဟိုးမိုင်တစ်ထောင်လောက်ဝေးတဲ့နေရာကနေ အပြေးအလွှား အရောက်လာခဲ့ရတာ။ သူ့ဘက်က ဘိုင်သေ သေချာနေပြီလို့ဆိုလို့ရပေမယ့် မိန်းမဆိုတာကလဲ တော်တော်ကြာ တစ်မျိုး ၊ခုတစ်မျိုးဖြစ်တတ်သေးတာကလား။ သူကတော့ အစစအရာရာပြင်ဆင်ထားတယ်။ လက်ဆောင်ပစ္စည်းသေးသေးမွှားမွှားမှစလို့ ကြီးကြီးမားမားထိ။ ဟိုနေကတောင် Asia Lightထဲကိုရောက်တော့ မျက်စိကို ဟိုဟိုဒီဒီကစားရင်း တွေ့လို့ဝယ်လာဖြစ်သေးတယ်။ လက်ထဲက ပါလာတဲ့ သေးသေးမွှားမွှား ကညတတ ပစ္စည်းကလေးက ဘာပါလိမ့်လို့မေးလိမ့်မယ်။ နာရီဗျ…။ နာရီ…။ အဲဒီနာရီဝယ်တဲ့နေ့ကိုပြောပြရဦးမယ်။ ယောင်တောင်မောင်တောင်နဲ့ ညဘက်ကြီးရောက်သွားတာ။ သူကလည်းအစကတော့ ဘောလ်ပန်လှလှလေးကလေးကိုပေးမလို့ပါ။ […]


etoneJuly 20, 20111min033
ပိုင်းလုံး တဲ့လေ… ။ နာမည်က နားကြားစိုးနေလား …. ။   အင်း းးးးးးးးးးးးး ရှင် တို့အတွက်တော့ ဒီနာမည်က နားကြားပြင်းကတ်ပေမဲ့ ကျွန်မကတော့ အခေါ်ခံရလွန်းလို့ ရိုးနေပါပြီ  ။   ချီးမွမ်းခုနှစ်ရက် ကဲ့ရက်ခုနှစ်ရက်ပါတော် … ။ ပတ်ဝန်းကျင်ကို ကျွန်မ ဂရုမစိုက်ပါဘူး …. ကိုယ့်ဝမ်းပူဆာ မနေသာ မို့လား … ။ သံသယာ ပါတာတွေ မပါတာတွေ ကျွန်မမသိဘူးလေ… တုံးတဲ့လူက ခံပဲပေါ့ … ။ ကျွန်မကိုယ်တိုင်ဆို ဒီလို ပစ္စည်းတွေ ဝယ်ဖို့ မပြောနဲ့ ကိုင်ရဲတဲ့ သတိ္တတောင် မရှိပါဘူး .. ဈေးတွေက ခေါင်ခိုက်နေတာကိုး … ရရစားစား ဘဝမှာ လက်ထဲရောက်လာတာလေး […]


etoneJuly 18, 20111min037
ပြီးခဲ့တဲ့ တပတ်ကျော်က ပလာဇာကိုရောက်ခဲ့ပါတယ်… ဈေးပတ်ပြီး မောတာရယ် …ခြေထောက်ညောင်းနေတာရယ်နဲ့ … ဂျေဒိုးနပ်ထဲဝင်ပြီး ကော်ဖီသောက် ၊ မုန့်စားနေတုန်း … ကျွန်မမျက်စိထဲဝင်လာတာ မြင်ကွင်းတစ်ခုကြောင့် အံ့ဩသွားခဲ့ပါတယ်…။ ဆယ့်ကိုးနှစ် … နှစ်ဆယ်နှစ်ကောင်လေးတယောက်…. အသားကတော့ ….. မည်းတဲ့ အမျိုးစားပါ… အကျီ င်္ဘောင်းဘီ အပွ ၊ အဖြူရောင်ကြီး ဝတ်ထားပါတယ်….. ။ ကတုံးဆံပင်ပေါက် ခေါင်းမှာ ကောင်းဘွိုင်ဦးထုပ်ကြီးနဲ့ပေါ့ … မျက်မှန် မည်းမည်းကြီးကလည်း တပ်ထားပါသေးတယ်… ။ ဒီလို အပြင်ဆင်က ယခုခေတ်မှာ အထူးဆန်းမဟုတ်တော့ပေမဲ့ …. သူ့နောက်မှာ လွယ်ထားတဲ့ ဓါးရှည်ကြီးကတော့ အထူးဆန်းပါပဲ … ။ တရုတ်ကားထဲက သိုင်းသမားတွေ ဓါးလွယ်ထားသလိုပါပဲ …. ကျွန်မမျက်စိရှေ့တည့်တည့်မို့ ဓါတ်ပုံရိုက်ချင်ပေမဲ့ … […]


panpanJuly 18, 20111min021
ဆရာကြီးအောင်သင်း မြောက်ဥက္ကလာပ စာပေဟောပြောပွဲမှာ ပြောသွားတာလေးပါ ပုံပြင်လေးတစ်ပုဒ်ပေ့ါ ရွာတစ်ရွာမှာ အရူးမတစ်ယောက်ရှိသတဲ့ အဲဒီရွာက သူကြီးကအရူးမကိုဘာလုပ်လိုက်တယ်မသိ၊ အရူးမ ဗိုက်ကြီးပါလေရော.. ဒါနဲ့ သူကြီးတပည့်တွေက အရူးမကိုမေးသပေ့ါ၊ ဘယ်သူနဲ့ ရတာလဲလို့ အရူးမက သူကြီးနဲ့ရတာပါလို့ ဖြေတယ်၊ အရူးမကို ဝိုင်းရိုက်ကြတယ်တဲ့ နောက်တခေါက် ထပ်မေးပြန်ရောတဲ့၊ ဘယ်သူနဲ့ရတာလဲဆိုတော့ အရူးမက မဖြေဘူးတော်တဲ့၊ ဘာလို့မဖြေတာလဲ ပြန်မေးတော့…. တော်တို့ရွာက မှန်တာပြောရင် ရိုက်တယ်တော့ တဲ့…။ ကောင်းရော….။ ဘယ်သူတွေမှန်တာပြောပြီး ဘယ်သူတွေအရိုက်ခံထားရလဲမသိဘူး…။ 🙁 တခြားမှာမှန်တာပြောရင် အရိုက်ခံရမှာစိုးလို့ ကျွန်မကတော့ ဒီရွာ(MGရွာ)မှာပဲ ကိုယ်ပြောချင်တဲ့ မှန်တာလေးတွေပြောနေတာ…..။ ဘယ်ရွာက ဘာဖြစ်ဖြစ် ဒီရွာက မှန်တာပြောရင် မရိုက်ဘူး..။ သူကြီးကလည်း သဘောကောင်းတယ် (ဖားတာ) 😀 …။ ရွာကလူတွေကလည်း စိတ်ရင်းကောင်းတယ်…. (မြှောက်တာ) […]