လင်းနေ ကြယ်ဖြူနဲ့ တွေ့တဲ့အချိန်မှာတော့ သူထင်ထားသလို ကြယ်ဖြူက မှားမှန်းသိလို့ နောင်တရမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက် အကြောင်းကို အဆုံးသတ်ဖို့ ချိန်းတယ်ဆိုတာကို သိလိုက်ရတယ် ။ လင်းနေအတွက် လုံးဝမမျှော်လင့်တဲ့ စကားတစ်ခွန်းကို ကြယ်ဖြူကပြောလိုက်တာပဲလေ ။ ဒီစကားဆိုတာ သူတို့နှစ်ယောက်အတွက်တော့ မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးလို့ လင်းနေက ယူဆတယ် ။ဒါကြောင့် အရင်ကလို ကြယ်ဖြူက သူ့ကိုစိတ်ကောက်လို ပြောတာပဲလို့ တွေးပြီး ကြယ်ဖြူပြောတာကို မကြားသလိုလုပ်လို့ ကြယ်ဖြူကို ချော့ဖို့ပြင်ဆင်နေတယ်။ ဒါပေမယ့် ကြယ်ဖြူမျက်နှာကတော့ အေးစက်လို့ အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ။ ဒီအချိန်မှာပဲ လင်းနေတစ်ယောက် ကြယ်ဖြူ တစ်ကယ်ပြောနေတယ်ဆိုတာကို သိလိုက်ရတယ် လင်းနေအတွက် ဘယ်လိုမှ မဖြစ်နိုင်စရာ လက်မခံနိုင်စရာမို့ သူကတော့ ကြယ်ဖြူကို ဖျောင်းဖျလို့ မဖြစ်နိုင်ဘူးဆိုတာကိုပဲ အတွင်တွင်ပြောနေမိတယ် […]


