ဘိသိက်ဆရာ သုံးယောက်ထံ ရောက်အပြီး ၊ အလိုမပြည့်ခြင်းများစွာဖြင့် ဒေါ်ထွေး နှင့် ချိုမမ တို ့ပြန်လာခဲ့ရသည် ။ ဘိသိက်ဆရာလေးတွေ က ငယ်ငယ်လေး ၊ ဆိုင်းဆရာ လုပ်ရင်း ဘိသိက်ပါ တွဲကြသည် တဲ့ ။ ဘိသိက်မြှောက်ပေးဖို ့ဘယ်လောက်ကျမလဲ လို ့မေးကြည့်တော့ နှုန်းထားများက ခေါင်ခိုက်နေသည် ။ အဲဒီလောက်ကြီးကြတော့လည်း ဒေါ်ထွေး မသုံးချင် ။ ဘိသိက်ကိစ္စကို လက်လျှော့ရန် ချိုမမ က တတွတ်တွတ်ပြောနေသော်လည်း ၊ နားမဝင်ဘဲ သူ တို ့ဇာတိ ရွာမှ ဦးသိန်းမြင့် ကို သွားသတိရမိသည် ။ ဦးသိန်းမြင့် ဆိုသည်မှာ ဒေါ်ထွေးတို ့ရွာရှိ ကွက်စိပ်ဟောဆရာ ၊ ဘိသိက်လည်း မြှောက်တတ်သည် […]
