မိုခ်ိဳMay 14, 20121min015
စင်ကာပူမှာ အိမ်ဖေါ် အလုပ်လာလုပ်နေကြတဲ့ မိန်းကလေး အများစု က တော်တော် သနားဖို့ ကောင်းပါတယ်။ လစာလေး ၃၅ဝ ၊ ၄၀ဝ လောက် ပဲရကြပြီး ကိုယ်နဲ့ ဓလေ့ စရိုက် မတူ၊ နေထိုင်စားသောက်မှု မတူတဲ့ လူမျိုးခြား အိမ်ကြီးရှင် တွေရဲ့ မျက် နှာ ကို ကြည့် ပြီး သူများစိတ်တိုင်းကျ ထားရာနေ၊ ကြွေးတာစား၊ ခိုင်းတာလုပ် နဲ့ ကိုယ့် ကိုယ် ကို မပိုင်တဲ့ ဘဝမျိုးပါ။ ဒါပေမယ့် ကျမ အခု ရေး မယ့် ကောင်မလေးကတော့ ရိုက် ချင်စရာကောင်း ပါတယ်။ ကျမပြောတာ လွန်သလား၊ မလွန်ဘူးလား ဆိုတာ ဆက်သာ ဖတ်ကြည့် ပါတော့။ […]


marblecommetMay 13, 20121min030
ဒေးလ်ကာနက်ဂျီ လို့ ဆိုလိုက်တာနဲ့ တော်ကီ ရောင်းသူကြီး ဆိုတာ ပြေးမြင်မိကြမယ်။ ဆက်စပ်ပြီးတော့ ဦးနုရဲ့ လူပေါ်လူဇော်လုပ်နည်းကို ပြေးမြင်မိကြမယ်။ ဆက်စပ်ပြီးတော့ မိတ္တဗလဋီကာ ကို ပြေး မြင်မိကြမှာပေါ့နော့….။ အဲဒီလူကြီးက စကားပြော အတော်ကောင်းသလို နားထောင်စွမ်းရည်လည်း အတော်ကောင်းတယ်ဆိုလား..။ တခါသားက သည်လူရီးဟာ သဌေးကြီးတစ်ယောက် ဖိတ်ကြားတဲ့ ညစာစားပွဲကို သွားပါသတဲ့။ သူဌေးကြီးကလည်း ကာနက်ဂျီ လို ပုဂ္ဂိုလ်မျိုးလာရောက်ချီးမြှင့်တယ်ဆိုတော့..ဝမ်းသာအားရနဲ့ စကားတွေ ဖောင်ဖွဲ့။ တော်ကီတွေ လှိမ့်ရောင်းပါသတဲ့။ ကာနက်ဂျီကတော့ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ခေါင်းညိတ်နေရပါသတဲ့။ ညစာ စားပွဲ ပြီးလို့ …ကာနက်ဂျီကြီး ပြန်သွားတော့ သူဌေးကြီးက မှတ်ချက်တစ်ခု ချလိုက်ပါသတဲ့။ “ တယ် စကားပြောကောင်းတဲ့ ပုဂ္ဂိုလ်ပဲ” .ဟူသတတ်….။ သူပဲ တစ်ချိန်လုံး လှော်နေပြီးတော့။ […]


koyin sithuMay 11, 20121min014
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်ဩဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်ဩသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ သရဲအကြောင်း ပြောလျှင်လည်း မည်သည့်အခါမျှ နားထောင်လေ့မရှိပေ။ ထိုအရာများကိုလည်း မယုံပေ။ ထိုအရာများကို ယုံကြည်လေ့ရှိသော ကျွန်ုပ်နှင့် မတွေ့ သည်မှာ နှစ်အတန် ကြာပြီဖြစ်၏။ […]


htet wayMay 11, 20121min011
ဒီအချိန်မှာပဲ လက်ဖက်ရည် ဆိုင်ထဲကို လိပ်ပြာဖြူ ဝင်လာပါတယ်။ လိပ်ပြာဖြူဆိုတာ နာမည်ပါ ကလောင် နာမည်ပဲ ဆိုရမှာပေါ့ သူက ကွန်ပျူတာနဲ့ အင်တာနက် သုံးနည်းကို အိမ်မှာ ဖွင့်ထားတယ် အိမ်လည်း လိုက်သင်တယ်။ ဒီမြို့ မှာတာ့ တော်တော် အဆင်ပြေတယ်။ အင်တာနက်မှာ သတင်းတွေလည်းရေးတယ် ။ သူ့သတင်းတွေက “ ဗူးသီးကြော်သည် မတုတ်ရဲ့ အကြော် အိုးထဲ အေအိုင် ဒီအက်စ် ရောဂါသည် လက်နိုက်မိခြင်း တို့ ချက်တင်ထဲကပြလိုက်လို့ မြို့ပေါ်မှာ နာမည်ကြီးသွားတဲ့ ကောင်မလေးတို့ …ဒါတွေရေးတာကိုယ့်ဆရာရေ့ ။ ဒါပေမယ့် ကောင်မလေးက ကြိုးစားပါတယ် နည်းပညာ သစ်တွေရှာတယ် အင်တာနက်ထဲက အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ လုပ်တယ်။ အကျိုးရှိတာတွေ လုပ်တာပါ ။ ကဲ […]


nigimi77May 10, 20121min025
အယင်ချိန်းခါ   ရွာတစ်ရွာမှာ အံ့ဖေသရဲ  ဆင်းရဲရေ   လူတစ်ယောက်ဟိရေဟ။ ယင်းလူက  ဆင်းရဲဒါလည်း   ရိုးသားရေဟ။   ယေနက်ဖြစ်လို့သမာဒေဝနတ် ကြီးတစ်ပါးက သူ့ကိုကေတင်ဖို့အတွက်  စိတ်ကူးပြီးနာ ဆင်းရဲံသားလာရေ လမ်းမှာ ရွှေထုတ်ကြီး  တစ်ထုတ်ကို  ချထားရေဟ။   ဆင်းရဲသားကခေါင်းငိုက် စိုက်နက်လာနီစွာက ရွှေထုတ်နားကိုရောက်ရေခါ ခေါင်းကိုအထက်ကိုမော် လားခရေဟ။ ယေခါ နတ်ကြီးကလည်း အားမလျှောပဲ ရွှေထုတ်ကို အထက်မှာထားလိုက်တေ။  ဆင်းရဲသားကလည်း ရွှေထုတ်နားရောက်ရေခါ  ခေါင်းကိုအောက်ကိုငုံ့ပစ်ပယန်ဆိုကား။  နတ်ကြီးလည်းအားမလျှောသိမ်းပဲ ဒေလူအထက်မှာ ထားဂေလည်း  မမြင်  အောက်မှာ ထားဂေလည်း  မမြင် ဇာပိုင်လူရောင်ဒေ တစ်ခါမြင်အောင်  အလည်မှာထားမေဆိုုပြီးကေ  အလည် မှာတွဲထားရေဟ။    အလယ်မှာထားတာလည်းယင်းလူက မမြင်ပဲ  ရှောင်လားခရေဟ။ ယေခါနတ်ကြီးလည်းလက်ချလို့လားခရေဟ။ နတ်ကြီးလက်ချလားစွာနက်  သကြားမင်းကြီးက ဒေလူစွာအကောင် ယောင်းရိုးသားရေလူရာ။   ဒေလူကို  ငါကိုယ်တိုင်ဆင်းကယ်ရဖို့ဆိုပြီးကေ သူဆင်းရဲကို […]


nigimi77May 10, 20121min042
လူလိမ် လူလိမ် ဆိုရာဝယ်  သိက္ခာ ရှိစွာ လိမ်ခြင်း နှင့်  သိက္ခာ မဲ့စွာ လိမ်ခြင်း ဟု  အမျိုးအစားခွဲခြားကြည့်ကြပါစို ့ ။     ဒင်းသည်  လွန်စွာ ချိုသာ၏ ။  သို ့သော်….ဒင်းသည်  လွန်စွာ  လိမ်ညာတတ်ပေ၏ ။ ဒင်းကြောင့်ပင် ဖြေရှင်းချက်များစွာ ထုတ်ရ၏  ။   ဒင်းကြောင့်ပင်  လူတို ့၏  မယုံသင်္ကာမှု  အပြုခံရ၏ ။ ဒင်း  ရေရွတ်နေကြ စကားတွေရှိ၏ ။ ရေရွတ်သော စကားတိုင်းက   လက်ရှိ လက်တွေ  ့အခြေအနေနှင့်  ကွဲလွဲပေ၏ ။ ရံဖန်ရံခါတွင်မတော့  ရည်ရွယ်ချက် ရှိရှိ လိမ်ညာပြန်လေ၏ ။ ………..   လူလိမ်မ………….။   “…လူကြီးမင်း […]


၂၀၁၄ ခုနှစ် ပူပြင်းလှသောနွေရာသီ၏ နေ.တစ်နေ. ……။ သံချောင်းနေထိုင်ရာဖြစ်သော ပေါရိသာဒ သချင်္ိုင်းတွင်းသို.ဝင်လိုက်သည်နှင်.ဆိုင်းဘုတ်ခတ်ကြီးကြီးတစ်ခုကဆီးကြို လျက်ရှိသည် ။ ကိုယ်.မျက်လုံးပင်ကိုယ်မယုံ နှစ်ခါပြန်၍ ဖတ်ကြည်.မိသည် ။ ” ရာဇာသံချောင်း နာရေးအထွေထွေဝန်ဆောင်မှုလုပ်ငန်း”  တဲ. သုဘရာဇာသံချောင်းသည် ရာဇာသံချောင်းဖြစ်၍နေပေပြီ  ……ယခင်က ပေါက်တူးတစ်ချောင်းဖြင်. အုပ်ဂူကြားတွင် တွေ.ရသောသံချောင်းသည် ယခုအခါတွင် အပြောင်းလဲကြီးပြောင်းလဲ၍နေပြီဖြစ်သည်။ သံချောင်း၏အသွင်သဏ္ဍန်ကိုကြည်.ပါဦး …..ခါးတွင် မဲမဲပြားပြားလေးနှစ်ခုကိုချိတ်၍ နားရွက်နှစ်ဘက်တွင်လည်း ချိတ်ကောက်လေးနှင်. ……ဘာပါလိမ်.ဟူ၍ သေချာကြည်.လေမှ သိရသည် ။ လွန်စွာအလုပ်များလေသောရာဇာသံချောင်းသည်ကား တယ်လီဖုန်းနှစ်လုံးအား ခါးတွင်ချိတ်၍ နားရွက်တွင်လည်း Bluetooth တပ်ဆင်ထားခြင်းဖြစ်လေတော.သည် ။ ယခင်သံချောင်းနှင်. ယခုသံချောင်းအကွာကြီးကွာခြားသွားလေပြီ ။ အလောင်းမြှုတ်ရန် ပေါက်တူးဖြင်.မြေမတူးတော. … စည်ပင်သာယာတွင်မြောင်းပုတ်ဖေါ်သည်.မြေတူးစက်ပေါက်စလေးအား အဟောင်းအစုတ်လေလံတွင် ဈေးပေါပေါနှင်. ဝယ်၍ မြေတူးသည်မို. စက်မှုဖွံ.ဖြိုးသော နိုင်ငံတော်ကြီးနှင်. […]


htet wayMay 9, 20121min018
ကိုယ်ဆရာရေ မီဒီယာ ခင်မောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ကိုမင်းဆိုတဲ့ ကွမ်းယာရောင်းတဲ့ ကောင်လေး ဝင်လာတယ် အသက်က ၂၃နှစ်လောက်ရှိပြီ ကွမ်းယာရောင်းတယ် ဆိုပြီး လျှော့မတွက်နဲ့ ကိုယ့်ဆရာရေ ဆိုင်နဲ့ ကန္နားနဲ့ ရောင်းတာပါ ဆိုင်ကယ်နဲ့ ဟမ်းချိန်းနဲ့ တော်တော်လေးပြေလည်တယ်။ “ ဆရာခင်မောင်ကို လိုက်ရှာနေတာ ကျွန်တော် တိုင်ပင်စရာ ရှိတယ် ” ကိုမင်းက ခင်မောင်ကို ဆရာလို့ခေါ်ပုံထောက်တော့ အင်တာနက်ကိစ္စပဲဖြစ်မယ် ဆိုတာ ကျွန်တော်သိလိုက်တယ်ခင်မောင်ကို ကြည့်လိုက်တော့ ခပ်တည်တည်ကြီးနဲ့ မသိမသာ ရင်ကော့ထားတယ် ဟန်ပါပါ စီးကရက်ကို ဖွာပြီး “ပြောလေကွာ ” လို့ မပွင့်တပွင့် ပြောတယ်။ “ ဒီလို ဆရာ မီဒီယာရေ့ ဆရာသမားကျေးဇူးနဲ့ ရန်ကုန်က ကောင်းမလးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီ ဘာရမလဲ ဆရာရယ် […]


alinsettMay 9, 20121min011
( ကဗျာ..) * သိမ်းပိုက်ခြင်းကင်းသော….လက်တွေက… အရာရာကို သိမ်းပိုက်ဖို ့..တဲ ့…. ထွက်ခွါသွား ကြပြီ ။ * ( ယုယခြင်းတွေ နည်းပါးတဲ့ မြေပြင်မှာတော့.. ကောင်းကင်ပြာပြက ခြေထောက်မပါပဲ…. ပြီးတော့ ခြေထောက်…မပါပဲ…. လှမ်း..လျှောက်နေလေရဲ ့…) * ဘယ်တော့လဲ..ကွယ်… မင်းတို ့ရဲ ့တိုငိးပြည်မှာ…. နာကျင်စရာတွေက……. ….. * ဘယ်တော့လဲ.ကွယ်….. မင်းတို ့ရဲ ့ ့အိမ်ကလေးမှာ…. ချို ့တဲ့မှုတွေက…….. …… * ဘယ်တော့လဲ.ကွယ်… ကုန်ဆုံးခြင်းတွေ.စတင်ဖို ့……. * ဘယ်တော့လဲ.ကွယ်…. ။ ပြီးတော့…. ဘယ်တော့လဲ..ကွယ်…..။ ။ အလင်းဆက် 20 . 3 .2012 ________________________________________________________ ကဗျာ […]


htet wayMay 8, 20121min019
ကိုယ့်ဆရာရေ မီဒီယာခင်မောင်က ဖြစ်လိုက်မှ အထူးအဆန်းကြီးပဲ ။အခုလည်း အင်တာနက်ဆိုင်ကို အချိန်ပြည့်ထိုင်နေတယ်။နောက် အင်္ဂလိပ်စကားပြော စာအုပ်တွေ ဖတ်နေတယ် နိုင်ငံခြားထွက်မယ်လို့တော့ သတင်းသန့်သန့်ရတယ်။အရင်လို ဂျီတော့ပြောတာတွေ ဘာတွေလည်း မလုပ်တော့ ဘူး။သူက ကျွန်တော်ကိုတွေ့တော့ ရှင်းပြနေသေးတယ် LOVEepic.com ဆိုတာရှိတယ် ချစ်သူရှာလို့ရတယ်။ဓါတ်ပုံတွေလည်း ပါတယ် ကြိုက်ရာရွေးတဲ့ ။နောက် မြှားနတ်မောင်မဂ္ဂဇင်းကို ဖတ်မလား ဒေါက်တာလွဏ်းဆွေဆိုက်ရှိတယ်။ သစ်ထူးလွင် သတင်းတွေကြည့်မလားရတယ်။နောက် လမ်းပြကြယ် ကြည့်မလား ဆရာ ဟိုဟာ ဒီဟာ ဝါသနာပါရင် ဒေါက်တာချက်ကြီးရှိတယ်တဲ့ ။ သူဘယ်လောက် အင်တာနက်သုံးလည်း ကိုယ့်ဆရာစဉ်းစားကြည့်ပေတော့။မှတ်သားစရာ စကားလည်း သူကပြောသေးတယ်ဗျ “ဒီမှာ ဆရာထက်ရဲ့ အင်တာနက်သုံးတယ်ဆိုပြီးChatting ချက်တင်သုံးစွဲသူ ၈၂ရာခိုင်နုန်းရှိတယ် game (ဂိမ်း)ကစားသူတွေက ၁၅%ပဲရှိတယ်ဗျ။”ကျွန်တော်တို့လို သတင်းဖတ် ဝက်ဘ်ဆိုက်ကြည့်သူတွေက နည်းတယ် ကိုယ့်ဆရာရေ ဒီလိုကြတော့ […]


marblecommetMay 8, 20121min027
မြင်ကွင်း(၁)။ ။ ပတ်ဝန်းကျင်သည် အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ် ငြိမ်သက်နေချေ၏။ လေရူးတစ်ချက် သုတ်ကနဲ တိုက်ခတ်သွားသော အခါ ခြုံစပ်တွင် ထိုးထိုး ထောင်ထောင် လိပ်တက်နေသည့် နွယ်ပင် နွယ်လိပ်တို့ ယိမ်းနွဲ့လှုပ်ခါသွားသည်။ ဤသို့ တိတ်ဆိတ်နေခြင်းမျိုးကား ကျောချမ်းဖွယ် ကောင်းလှပေချိမ့် . . .။ xxxxx မုန်တိုင်း မလာခင် ပင်လယ်ပြင်၏ ငြိမ်သက်ခြင်းမျိုးနှင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် မကြာခင် အချိန်၌ တစ်စုံတရာသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်လေတော့မည့် အတိတ် နိမိတ် တစ်ခုခုကို ဆောင်နေသယောင် ရှိနေသည်။ ခြုံစပ်တစ်ခုတွင် ပြားချပ်နေအောင် ဝပ်နေသော “ညောင်ဝဒုတ်” သည် နှာခေါင်းစီးကြောင်းမှ ပါးစပ်ထဲသို့ ဝင်လဲဆဲဆဲ နှပ်တွဲကို (ညှစ်လိုက်လျှင် ) အသံထွက်သွားမည် စိုးသဖြင့် […]


htet wayMay 8, 20121min08
မီဒီ ယာ ခင်မောင်ဆိုတာ ခေသူတော့ မဟုတ်ဘူး အလုပ်ကလမ်းဘေးဈေးရောင်းတယ်။ ဒါပေမယ့် လူတော်တော်များများက သူ့ကို ကြောက်ကြတယ် ။ ထစ်ကနဲဆို အင်တာနက် ထဲ ထည့်တော့ တာပဲ သူက ဖေ့ဘုတ်မှာ တင်တယ်။ တလောက လူမှုရေး အဖွဲ့ အစည်း ကိစ္စတစ်ခု ကို ဖေံဘုတ်တင်လိုက်လို့ ပြဿနာတွေ တက်လိုက်တာ မပြောပါနဲ့တော့ ကိုယ့်ဆရာရေ။ မနေနိုင် မထိုင်နိုင် စာရေးဆရာ အဖွဲ့ ကိုလည်း ကူပါအုံး ကယ်ပါအုံးဆိုလို့ ညှိနှိုင်းပေးလိုက်ရသေးတယ်။ မီဒီ ယာ ခင်မောင်က လူပျို ကြီးပါ ။ အင်တာနက် မှာ တစ်နေ့နှစ်ရာရီ ထိုင်ပြီး ဂျီတော့မှာ ကောင်မလေးတွေနဲ့ ကြူတယ်။ အင်တာနက် မှာ ကြွေးတွေတက်နေလို့ သူ့ခမျာ […]


ချစ်မိတ်ဆွေ စာဖတ်သူရေ…. ဖြစ်ပုံက ဒီလိုဗျ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပေါ့… အဲဒီ တစ်ပတ်ကျော်ရဲ ့တစ်နေ ့သ၌ တုန်းကပေါ့ဗျာ…( တစ်နေ ့ကတော့ တစ်နေ ့ဘဲဗျ ၊ သ၌ ဆိုတာကတော့ ဘာကြီးမှန်း ကျုပ်လဲ မသိပါဘူး ) မောင်ပေ ဆိုတဲ့ ကျုပ် ဟာ ဝယ်နေကြ ကွမ်းယာဆိုင်လေးမှာ ကွမ်းယာမှာရင်း ၊ အဲဒီဆိုင်က ဝယ်ထားတဲ့ အဲဒီအပတ်ထွက် ဂျာနယ်တစ်စောင် ကို ဖတ်ဖြစ်ခဲ့တယ်။ ဂျာနယ်ထဲမှာပါတာကတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ ကုန်ဈေးနှုန်းတွေ ၊ အပြောင်းအလဲ ဘာညာ အိုဗျာ..စုံစေ့နေတာပေါ့ဗျာ။ အဲ့မှာ ဘွဲ ့ရပြီး အလုပ်မရလို ့ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ ဖတ်လိုက်ရတယ်ဗျ ။ […]