ဒီလောင်းကစားကို ငါတသက်လုံးလုပ်ခဲ့တာပါ ကွ…ဘယ်တော့မှ မကြီးပွားခဲ့ဘူး…မင်း ရှေ့ဆက်ပြီး ဒါကို မစွန့်ပဲ ပေကပ်ပြီးဆက်လုပ်နေမယ်ဆိုရင် မင်းတနေ့ ခွေးဖြစ်မယ်….. (အဖေ) ယောက်ကျားက ဒီလောင်းကစားကို နေ့ကော..ညကော အိမ်ပြန်မလာစတမ်း လုပ်နေလို့ ဘယ်နားမှာ သေနေပြီလဲ…အဖမ်းခံနေရပြီလားဆိုပြီး တသက်လုံး မျှော်ခဲ့ရတယ်…စိတ်ဆင်းရဲခဲ့ရတယ်…သူ့ကိုတော့မနိုင်လို့ထားလိုက်တော့…ငါ့သားတွေအလှည့်ကျရင် လုံးဝမလုပ်စေရဘူး…ငါနိုင်အောင် ဆုံးမမယ်လို့ ဆုံးဖြတ်ထားတာ နင်တို့က နင့်အဖေထက်တောင် အပုံကြီး ပိုဆိုးနေပါလား…ငါ နင်တို့ကို ဘာဆိုဘာမှကို မပြောချင်တော့ဘူး…. (အမေ) ငါလဲ လောင်းကစားလုပ်ပါတယ်…ဒါပေမယ့် မင့်ဟာကြီးက လွန်လွန်းတယ်…နိုင်ရင်တော်တော့လေ…မင်းက နိုင်ချင်တာ မဟုတ်တော့ဘူး…လောင်းကစားလုပ်ရတာကို ပျော်နေတာ… (အကို) အရက်သမားကို ချစ်ရတာကမှ သူ့လစ်မစ်နဲ့ သူရှိသေးတယ်…တစ်လုံးသောက်ရင် မူးတဲ့သူက တစ်လုံးပဲဖိုးပဲကုန်တယ်…လောင်းကစားသမားကို ချစ်ရတာ များ စိတ်ဆင်းရဲလိုက်တာ…ဘာလစ်မစ်မှမရှိဘူး…. (ပထမချစ်သူ) အကိုသာ လောင်းကစားမလုပ်ပါနဲ့…ရှိတာအကုန်ရောင်းပြီး အကြွေးတွေ အကုန်ဆပ်ပြီး စိတ်အေးအေးချမ်းချမ်း နေချင်လှပါပြီ… […]
