“အေးကွာ … မင်းရေးထားတာကတော့ မဆိုးပါဘူး” “ဟုတ်” “ဒါပေမယ့် .. တစ်ခု .. မင်း ကလောင်နာမည်ကြီးက ……………….” ဆိုပြီး အယ်ဒီတာချုပ်ကြီးက သူ့စကားကို ရပ်လိုက်တယ်။ ပြီးတော့ သူက ကျွန်တော့် စာမူကို နောက်တစ်ခါ အစကဖတ်ပြန်တယ်။ ဖတ်ပြီးသွားတဲ့အခါ သူက စကားဆက်ပြန်တယ်။ “အေး .. အက်ဆေးလေးက တော်တော်လေးကောင်းတယ်ဟေး” “ဟုတ် …” “ဒါပေမယ့် … ခက်နေတာက ….. ကလောင် ………… ကလောင်နာမည်ကြီး …… အဲဒီ ရင်နင့်အောင်ဆိုတဲ့ နာမည်ကြီး …” “ဗျာ … ဟုတ် … ဘာဖြစ်လို့လဲဟင်” “အေးကွာ …. နာမည်ကြီးက ရင်နင့်အောင်ပဲ လုပ်တော့မှာလိုလို …. […]
