မနေ့ကညပိုင်း ၊ ရုံးပြန်ရဦးမယ့် ကျနော် အိမ်မှာ အမေနဲ့ စကားပြောနေတုန်း ဖုန်း ဝင်လာပါတယ် ၊ မင်းနိူင်ဆီကပါ ၊ ရှေ့နေလုပ်နေတဲ့ အောင်မြင့်ရယ် တွံတေးသိန်းတန်သား မြတ်သူတို့လည်း ပါသတဲ့ ၊ အိမ်နားက ရွှေလီမှာ စောင့်နေမယ်ဆိုလို့ တွေ့ဖြစ်ခဲ့ကြပါတယ် ၊ ၄ ယောက်သား ဆုံတော့ အသံအကျယ်ဆုံးဝိုင်းဟာ ကျနော်တို့ ဖြစ်မယ်ထင်တာပါပဲ ၊ မင်းနိူင် ၊ မြတ်သူတို့နဲ့က ပြီးခဲ့တဲ့ ( ၁၉၇၄ – ၁၉၈၁ တီတီစီ ကျောင်းသားဟောင်းများ ) ဆရာကန်တော့ပွဲမှာ တွေ့ခဲ့ပေမယ့် အောင်မြင့်နဲ့ မတွေ့တာ ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ ၊ ကျောင်းအုပ်ဆရာမကြီးအထိဖြစ်ခဲ့တဲ့ ၉ တန်း အတန်းပိုင်ဆရာမ ဒေါ်ခင်နွယ်တင့် […]

