သက်ရောက်မှုများ Effects …………………………….. လိပ်ပြာသက်ရောက်မှု Butterfly Effect လူတစ်ယောက် တောစပ်တစ်နေရာ ရောက်လာသည်။ သစ်ပင်တစ်ပင်အောက် အမောပြေ ထိုင်နေတုန်း သူနဲ့ မလှမ်းမကမ်း မြက်ပင်ဖျားမှာ လိပ်ပြာတစ်ကောင် အတောင်ပံ တဖျတ်ဖျတ် ခတ်ရင်း ဂဏာမငြိမ်ဖြစ်နေသည်ကို သူ သွားတွေ့၏။ ပျံတာလည်း မဟုတ်၊ နားတာလည်း မဟုတ်၊ မြက်ပင်ဖျားမှာ ကြိုးခုန်သလို ခုန်ဆွခုန်ဆွ လုပ်နေတဲ့ လိပ်ပြာကို ကြည့်ရင်း နားမလည်နိုင်တဲ့အဆုံး ထိုလူက လိပ်ပြာကို သွားမေးသည်။ “ခင်ဗျား.. အားနေရင်လည်း ဒီအတိုင်း နားနေလို့ မရဘူးလား၊ ဘာဖြစ်လို့ မလိုအပ်ဘဲ အတောင်တဖျတ်ဖျတ် ခတ်နေတာလဲ” “ဪ.. ဒါလား၊ အလကား ခတ်နေတာ မဟုတ်ဘူးဗျ၊ နောက်တစ်ပတ်မှာ တိုက်ဖို့ လေဆင်နှာမောင်းကြီးတစ်ခု ဖန်တီးနေတာ” လိပ်ပြာ […]


sorrowOctober 1, 20131min019
”အူငဲလ်လ်လ်..”ပြဲကားပြာလန်နေသော အသံအကြားတွင် မွေးခန်းထဲမှ သူနာပြုမလေး မျက်လုံးပြူးထွက်သွားသည် ။ မွေးခန်းအနီး ဓါတ်ကြိုးပေါ်တွင် နားနေသော ကျီးကန်းနှစ်ကောင်….အ ….တစ်လုံးသာအော်နိုင်သည် ။ အဘယ်ကြောင့်မှန်းတော့မသိ.. ဖုတ်ကနဲကျသေသည်…. အနှီးနှင့်ပတ်ထားသည့် လူမမယ်လေးကို ကိုင်အမြောက်တွင် ပြတင်းပေါက်မှမြင်နေရသော ညောင်ပင်ကြီး..သွက်သွက်ခါရမ်းသွားသည်။ “သောက်ကျိုးနည်း….’ ငါကိုက ဖင်ရှည်တာ….သောက်ရုပ်ကလဲဆိုးပါ့…ဂစ်ဂစ်ဂစ်….”‘ ရေရွတ်ရင်းက ..ပါဝါမတူသူကိုမှသွားရှိုးမိသော သရဲတစ်ကောင်အဖြစ်က…ရင်နှင့်ဖွယ် .သရဲခြောက်သည်ဟုနာမည်ကြီးသော အပင်ကြီးက နောက်ရက်မှဘာအသံမှမကြားရတော့ ”အမငီး…သောက်ပလုတ်တုတ်…ဆိုးလိုက်တဲ့ရုပ်…..လူမှဟုတ်ရဲ့လားဟ…” ပတ်ဝန်းကျင်က ဝိုင်းဩဘာပေးသည် ။ ထင်လဲထင်ချင်စရာ… စနူပီခွေးကလေး မျက်နှာကိုပျဉ်ပြားနှင့်အလျားလိုက်ဖြတ်ရိုက်ထားသလို…..ရှုံ့ခွက်တွန့်ဝင်နေသော…အခွက်က…လန်ထွက်နေသော.. .နှုတ်ခမ်းဖြင့်အနားသတ်ထားသည်။ မျက်လုံးနေရာတွင်…ဘလိတ်ဒါးရှထားသလို…မျက်စိဟုခေါ်လို့ရလောက်အောင်သာ.. အရာလေး.စူထွက်နေသော…ဗိုက်ကလေး၏ အောက်ခြေမရောက်တရောက်တွင်…မုန့်လက်ဆောင်းဖတ်လေး.. ကပ်နေသည့်နှယ့်… ဘယ်သောအခါမှ…တိုက်ပွဲဝင်အဆင့်မရောက်လာနိုင်သော…တိုက်ချင်းပစ်ဒုံးကျည်…ပေါက်စနလေး….ဂငယ်ပုံစံခြေထောက်တိုလေးများက. အရွယ်ရောက်လာလျှင်..ကွတိုဟူသော…နာမည်ကိုရလာမည်မှာမဆန်း…. ”ဟင်……တယ်လေ..ဒီမိန်းမ…..ဝက်မမွေးပါနဲ့ဆို..မွေးတယ်…ပုပါးမသွားနဲ့ဆိုသွားတယ်..အခုတော့ဝက်နဲ့မျောက်လေး. .စပ်ထားတာထွက်လာတယ်…မှတ်ပလား….ငါတယ်လေ…” မွေးသဖခင် ကတ်ကတ်လန်အသံအဆုံးတွင် ”အောင်မယ်….ကိုရင်ရဲ့ .ရှင့်အပြစ်လဲပါတယ်..ရှင်တရက်နှစ်ခါနွားမလေးတွေသွားသွားညှစ်လို့ရှင့်ကလေး..ချိုပါတာလဲထည့်ပြော ”” “ကိန်..ကြောက်ပါပြီဂျ..” ရင်ဘတ်ကို…တရုတ်ဗုံတီးသလို…..ဂေါ်ဇီလာအခြောက်..ရန်စွာသလို…ဘယ်ညာထုရင်းက ဒေါသပုန်ထနေသော…ဆောရိုးအလောင်းအလျာ.၏ ဖခင်က ဝလုံးနေသောကိုယ်လုံးနှင့်မလိုက်ဖက်…မွေးခန်းအထွက်ထဲတွင်ခုန်ဆွနေရင်းက ပုဆိုးစုတ်လေးက […]


ဘိုးလေးဖိုးခွေးဆိုတာ အဘွားရဲ ့ မောင် ၂ဝမ်းကွဲလားတော်ပါတယ်…..။ နာမည်ရင်းက ဦးဖိုးခွေးပါ….ဘိုးလေးတော်တယ်ဆိုတော့လည်း ကျနော်တို ့တစ်တွေက ဘိုးလေး ဖိုးခွေး လို ့ဘဲ ခေါ်ကြတာပါ…. ကျနော်က အဘွားနဲ ့အတူတူနေတာဆိုတော့ ဘိုးလေးဖိုးခွေးကို ခဏခဏ မြင်ဘူးပါတယ်..။ ဘိုးလေးက တစ်ကိုယ်ရေသမားကြီးဆိုတာတော့ သိတယ်..။ ဘိုးလေးက ခပ်ပေပေ၊ ခပ်ဆိုးဆိုးပါ….။ ဘိုးလေးစတိုင်က အမြဲတမ်း ကတုံးနဲ ့၊အကျီင်္ င်္ဘယ်တော့မှ မဝတ်ဘူး၊ ပုဆိုးဝတ်ရင် ဒူးခေါင်းလောက်၊ ပုဆိုး ခါးပုံစကြီးကတော့ အကြီးကြီး။ အိမ်ကိုလာရင်တော့ အဘွားကို အစ်မတင်၊ အစ်မတင်နဲ ့ တော်တော် ချစ်ပုံ ရပါတယ်..အဘွားကလည်း သံယောဇဉ်ကြီး ပါတယ်.. အဘွားမှာကလည်း မောင်”ဆိုလို ့မောင်အရင်း တစ်ယောက်နဲ ့ ဒီမောင်ဝမ်းကွဲ ဘဲ ရှိတာကိုး…။ […]


“ဗျို့ ဦးဖိုးလူ .. ဦးဖိုးလူကြီးရ.. ဘယ်နှယ့်တုံး.. အလှူပြီးကတည်းက ခင်ဗျား နဲ့ ကျွန်တော် စကားကို အေးအေးဆေးဆေးမပြောရဘူးဗျာ.. ကျွန်တော့်အိမ်လေးဘက်တောင် ခင်ဗျား လှည့်မလာပါလားဗျ..” ကျွန်တော် ရန်ကုန်ပြန်မယ့်ရက်မို့ ကျွန်တော်နဲ့ အေးဆေးမတွေ့တာကြာနေတဲ့ ဦးဖိုးလူအိမ်ကိုဝင်လို့ ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်.. ဟုတ်တယ်ဗျ ဒီလူနဲ့ကျွန်တော် မတွေ့တာကြာပေါ့.. အလှူပြီးကတည်း က ကြွေးမြန်မြန်ကြေအောင်ဆိုပြီး ဒီလူကြီးအလုပ်တွေချည်းဖိလုပ်နေလေရဲ့ .. အရင်ကဆို ကျွန်တော်ကလေးတွေ ကျောင်းဆင်းပြီးပြီဆိုတာနဲ့ ကျွန်တော်နေတဲ့ ဖွားစိန်ရဲ့ အိမ်ကို အရင်ရောက်နှင့် နေသူက ဒီ ဖိုးလူကြီးပါပဲဗျာ .. ခုနောက်ပိုင်းတော့ ကျွန်တော့်ကျောင်းသားလေးတွေ စာမေးပွဲဖြေနေရတဲ့ အချိန်မို့ ကျွန်တော်လည်း အလုပ်ရှုပ်နေတာမို့ ဦးဖိုးလူကြီးကိုတောင်မတနိုင်တော့ဘူး.. ခုတခါ စာမေးပွဲပြီးတော့လည်း ကျွန်တော်အမေ့ဆီပြန်ဦးမှာမို့ ဝင်နှုတ်ဆက်ရတယ်.. နို့ သူ့မနှုတ်ဆက်လို့ဆိုပြီး ပြန်လာတဲ့အခါ ထပ်ရစ်နေမှာ ကျွန်တော်သိပါ့ […]


အချိန်​ကားးးးးး … ၁၁ ရက်​ စက်​တင်​ဘာလ ၂၀၁၃ …. ခုနစ်​စင်​ကြယ်​​ပြောင်​အမြီး​ထောင်​သည်​့ညသန်​း​ကောင်​​ကျော်​ ….. ဂဇက်​ရွာတစ်​ရွာလုံးသည် အထူးပင်​တိတ်​ဆိတ်​လျှက်​ အိပ်​​မောကျ​နေ​လေသည်​။ တချက်​ချက်​ ဆွဲဆွဲငင်​ငင်​ အူလိုက်​​သော​ခွေးအူသံမှတပါး ဆိတ်​ငြိမ်​လျက်​ ………. ရွာ​တောင်​ပိုင်​းမှ အဘ​ဖော၏​ချောင်​းဟန်​့သံပင်​ ယ​နေ့ည မကြားမိ​ချေ။   ထိုအခိုက်​……….. ရွာပြင်​စည်​းရိုးစပ်​မှလူရိပ်​သဏ္ဍန်​တစ်​ခုသည်​ ရွာဆီသို့ဦးတည်​၍တ​ရွေ့​ရွေ့ဖြင်​့ချည်​းကပ်​လာ​ခဲ့သည်​။ ထိုလူရိပ်​သဏ္ဍန်​အား အနီးကပ်​ကြည်​့မည်​ဆိုပါက …. လွယ်​အိပ်​​ဟောင်​းကြီး တစ်​လုံးက်​ုစလွယ်​သိုင်​းထားပြီးလျှင်​ လက်​တစ်​ဖက်​က ဓတ်​မီး ၊ ကျန်​​သောလက်​၌ ​ခွေးရိုက်​တုတ်​ကိုကိုင်​၍ ပုခုံးထက်​တွင် ကြက်​ဆင်​တံဆိပ်​ ထီး​ကောက်​ကြီးကိုချိတ်​ထားသည်​ကို​တွေ့ရ​ပေလိမ်​့မည်​။ ထိုသူကားးး…. တစ်​လှမ်​းခြင်​း​အေး​ဆေးစွာ ရွာလည်​လမ်​းတစ်​​လျောက်​ ဝင်​​ရောက်​လာခဲ့​လေသည်​။ ထိုသူသည်​ မည်​သူဖြစ်​မည်​နည်​း။ ပုံပြင်​ထဲက ကျိကုန်း​ဘိုး​တော်​ပင်​​လော …။​ ဖြစ်​နိုင်​သည်​မှာ အိမ်​​ခြေရာမဲ့ ခရီးသွားတစ်​ဦးသာဖြစ်​​ကောင်​းဖြစ်​နိုင်​ပါလိမ်​့မည်​ ။   ထိုလူစိမ်​းအား မည်​သူမျှ မမြင်​ဖူးလိုက်​​ပေ။ […]


နွမ်းကြေတဲ့ ခြေလှမ်းများစွာနဲ ့ငေးမောခြင်းကို အဖော်ပြုရင်း အိ်မ်အပြန်တောင်ကုန်းလေးကို တက်လာခဲ့ရင်း ကိုယ့်ကိုကို သတိပြုမိတော့ ဒီလောက်အေးတဲ့ ရာသီမှာတောင် လက်၂ဖက်လုံး ချွေးစေးတွေ ။ ဘာဖြစ်တာလဲ…။ ပန်းချီဆွဲရင်း ခင်မင်ရင်းနှီးခဲ ့တဲ့ ပန်းချီကိုနေမျိုး( စာရေးဆရာ နေမျိုး မန ္တလေးကို သတိရနေတယ်..။ ချိုင်းထောက်၂ဖက်နဲ ့သီချင်းဆိုနေတဲ့ ချင်းအဆိုတော်မလေး မီလာနျန်းကို မျက်စေ့ထဲ မြင်လာတယ်…။ အရောင်တွေ ..ဆေးရောင်စုံတွေ.. ရောင်စုံပဝါပါးတွေလို တစ်လွှာချင်း တစ်လွှာချင်း ကိုယ့်ရှေ ့မှာ လွှမ်းခြုံလာတယ်… မောလိုက်တာ..ရင်ဘတ်ထဲမှာ နင့်နေအောင်မောလိုက်တာ…။ အရောင်တွေကို ခင်တွယ် ကစားနေတဲ ့ ပန်းချီသမားတယောက်က အရောင်တွေရဲ ့အတ္တကို ကိုယ်နားလည်သလောက် ခွဲခြမ်းမိတယ်..။ အတ္တ…။ ဖြူစင်လွန်းပါတယ်ဆိုတဲ့ အဖြူရောင်မှာတောင်..အဖြူ ဆိုတဲ့ အရောင်အတ္တစွဲနဲ ့ပါလား..။ နီ …ဝါ …ပြာ……စိမ်း…. ခရမ်း…နက်ပြာ……….. အို…ရှိသမျှ အရောင်တွေ..။ အားပြိုင်နေတဲ့ အရောင်တွေ… […]


ကီနို၏အိပ်မက် ကီနိုတစ်ယောက်ပုလဲရှာတွေ့သွားတယ်ဆိုတဲ့ သတင်းဟာ တမုဟုတ်ချင်းမြို့လေးထဲမှာ မထင်မှတ်လောက်အောင်ကို ပျံ့နှံ့သွားတယ်။ ကီနို၊ ဂျူနာနဲ့အခြား ငါးဖမ်းသမားတွေဟာ ကီနိုရဲ့ သစ်သားအိမ်လေးဆီကို ပြန်လာကြတယ်။ တစ်မြို့လုံးမှာတော့ ကီနိုတစ်ယောက် ကမ္ဘာ့အကြီးဆုံးပုလဲကြီးကို ရှာတွေ့သွားပြီဆိုတဲ့ သတင်းပျံ့နှံ့နေတယ်။ ဘယ်လောက်များမြန်လဲဆိုရင် သားသည်အမေတွေဟာ သူတို့ကလေးတွေ အဲဒီသတင်းအကြောင်း လာပြောတဲ့အချိန်မှာ သူတို့က သိနှင့်နေပြီ။ ဒီသတင်းဟာ သစ်သားအိမ်လေးတွေတင်မက လူချမ်းသာတွေနေထိုင်တဲ့ ကျောက်တုံးအိမ်တွေအထိပါ ပျံ့နှံ့သွားတယ်။ ဘုန်းတော်ကြီး ဟာ အဲဒီသတင်းကြားတော့ သူရဲ့ ဘုရားကျောင်းမှာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ နေရာတွေအကြောင်းကို စဉ်းစားမိတယ်။ ဘုန်းတော်ကြီးဟာ ပုလဲရဲ့ တန်ဖိုးကို ခန့်မှန်းနေတယ်။ ကီနိုဟာ ကိုရိုတီတိုကို ဘုရားကျောင်းကိုများ ခေါ်လာဖူးသလား လို့ စဉ်းစားနေတယ်။ နောက် ..ကီနိုနဲ့ ဂျူနာကို သူ လက်ထပ်ပေးဖူးခဲ့သလားဆိုတာကို အသည်းအသန် စဉ်းစားနေတယ်။ ဈေးဆိုင်တွေဆီကို […]


(၁)   လိပ်ဆိုတဲ့ကောင်ဟာ သိပ်ပြီး အာချောင်တယ်တဲ့ အရင်ဆုံး ငါးစင်လုံးက ထပြောတယ်။   ဟုတ်ပါ့၊ တစ်နေ့တစ်နေ့ တွေ့ရာလူနား လိုက်ကပ် သူ့ခွင်ထဲဝင်တာနဲ့ 150 wps နှုန်း ပစ်ခတ်တော့တာပဲတဲ့ အနားက ဖားက ဝင်ထောက်ခံတယ်။   ဒါတင် ဘယ်ကမလဲဗျ သူပြောတာတွေကိုလည်း ကြည့်ကြဦး အန္တာတိကဒေသမှာ မြေဈေးဘယ်လောက် သက်သာတယ်ဆိုတာမျိုး ကမ္ဘာကြီး တဖြေးဖြေး ပူနွေးလာနေလို့ နေလုံးကြီးကို ဘယ်အရပ် ပို့ရမယ်ဆိုတာမျိုး သက်တံတွေကို ကွန်နဲ့ပစ်ဖမ်းပြီး ပန်းထုတ်လုပ်ရင် ဘယ်လို လှပမယ်ဆိုတာမျိုး သူ့အချိုးတွေ ရိုးနေပြီတဲ့ ပိုးနသန်ကောင်ကလည်း ဝင်လှောင်ပြန်တယ်။   နောက်တစ်ခါ ပုရွက်ဆိတ်ခေါင်းကြီးက ခေါင်းထောင်ပြီး ပြောတယ် လိပ်ဆိုတဲ့ကောင် ပါလေရာကြောင်ချေးတဲ့ တစ်ခါက ပုရွက်ဆိတ်တွေ အခွန်ကိစ္စ တိုင်ပင်နေကြတုန်း […]


ကီနို ပုလဲ ရှာပြီ!   ငါးဖမ်းသမားတွေရဲ့ အိမ်ဟာ ပင်လယ်ကမ်းခြေအနားမှာ ဆောက်ထားတယ်။ အိမ်တွေရဲ့အရှေ့မှာ ကနူးလှေတွေရှိကြတယ်။ ကီနိုနဲ့ဂျူနာဟာ သူတို့ရဲ့ ကနူးလှေရှိရာကို ဖြေးဖြေးခြင်း သွားနေကြတယ်။ အဲဒီကနူးလှေဟာ ကီနိုပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုပါ။ ဒီ အိုဟောင်းနေပြီဖြစ်တဲ့ ကနူးလှေဟာ ကီနိုရဲ့ အဘိုး ၊ အဖေနဲ့ လက်ထက်ကထဲက အသုံးပြုလာကြတာ ခု ကီနို လက်ထက်အထိပဲ။ ကနူးလှေဟာ သူတို့အတွက်ကတော့ စားစရာ ရတနာသိုက်ကြီးပါပဲ။ ကနူးလှေတစ်စီးရှိတာနဲ့ စားစရာအတွက် ပူစရာမလိုဘူး။ စားစရာမရှိမှာကို ကြောက်စရာမလိုဘူး။ နှစ်တိုင်းနှစ်တိုင်း ကီနိုဟာ သူ့ရဲ့ ကနူးလှေလေးရဲ့အပြင်ပိုင်းကို သူ့အဖေသင်ပေးခဲ့သလို အထပ်ထပ် ပလာစတာကိုင်လေ့ရှိတာကြောင့် သူ့ရဲ့လှေလေးဟာ ပိုပြီး ခိုင်မာကောင်းမွန်နေတယ်။ ခု ကီနို သူ့ရဲ့ လောင်းလှေကလေး ရှိရာကိုလာပြီ။ သူဟာသူ့ရဲ့ […]


“ဆရာဝန်က လာမှာမဟုတ်ဘူး” လို့ တံခါးပေါက်ကလူတွေက ပြောကြတယ်။ “ဟုတ်တယ်” “ဆရာဝန်က ငါတို့ပင့်လည်း လာမှာ မဟုတ်ဘူး” လို့ ဂျူနာကို ကီနိုလှမ်းပြောတယ်။ ဂျူနာတစ်ယောက် အေးစက်စက်မျက်ဝန်းတွေနဲ့ ကီနိုကိုလှမ်းကြည့်တယ်။ ကိုရိုတီတိုဟာ ဂျူ့နာ့ရဲ့ သားဦးလေး.. သားဟာ သူမဘဝအတွက် အရေးအကြီးဆုံးပဲ။ “သူမလာရင် ငါတို့ သူ့ဆီကိုသွားမယ်” လို့ ဂျူနာပြောလိုက်တယ်။ တဘက်တခြမ်းကို ပုခုံးပေါ်တင်ပြီး တခြမ်းကိုတော့ ကလေးရဲ့ မျက်နှာပေါ်ကို လွမ်းခြုံလိုက်တယ်။ တံခါးနားက လူတွေကို တွန်းဝှေ့ပြီး ဂျူနာ အိမ်ပြင်ကိုထွက်လိုက်တယ်။ ကီနိုနဲ့ဂျူနာ ထွက်သွားတဲ့အနောက်ကို အိမ်နီးချင်းတွေပါ လိုက်ကြတယ်။ သူတို့အားလုံးလည်း ကီနိုတို့နဲ့အတူတူ ဆရာဝန်ဆီကိုလိုက်လာကြတယ်။ အားလုံးဟာ ခြေလှမ်းသွက်သွက်နဲ့ မြို့လယ်ကို လျှောက်လာကြတယ်။ ဂျူနာနဲ့ကီနိုကတော့ ရှေ့ဆုံးကနေပေါ့။ အိမ်နီးချင်းတွေရော ကလေးတွေပါ သူတို့အနောက်ကနေ လိုက်လာကြတယ်။ […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဘဝသစ်မှာအချစ်စစ်နဲ့ ထောင်တွင်းရှိ စိုက်ခင်းတွင် ဖားသက်ပြင်း အလုပ်များလျှက်ရှိသည်။ ထိုအခိုက်တွင်ထောင်အရာရှိတစ်ဦးရောက်လာပြီး ဖားသက်ပြင်းအားရုံးခန်းဆီသို့ခေါ်ဆောင်သွားလေသည်။ ရုံခန်းထဲအရောက်တွင် ထောင်ပိုင်ကြီး ဦးကျောက်ခဲမှ အရေးကြီးသောစာရွက်တစ်ရွက်ပေးသည်။ ဖားသက်ပြင်းအားထောင်မှလွှတ်လိုက်ပြီဟု အသိပေးသောစာ။ ဖားသက်ပြင်းသည် ပျော်ရွှင်ဟန်လည်းမပြ၊ စိတ်ဝင်စားဟန်လည်းမပြပဲ စာရွက်ကိုယူသည်။ အမှန်တော့  သူ လေးနှစ်တိတိထောင်ထဲတွင်နေရမည်ဖြစ်သည်။ အခုသူရောက်ခဲ့သည်မှာ ဆယ်လမျှရှိခဲ့ပြီ။ အမှန်အားဖြင့်သူ ထောင်ကျတိုင်း […]


JuvenilemaySeptember 16, 20131min09
“သဘာဝဟာ.. သဘာဝပါ…….” စိုင်းထီးဆိုင်ဆိုထားတဲ့ သီချင်းလေးကို ကျွန်မပြန်ကြားယောင်နေမိတယ်။ ဟုတ်ပါတယ်။ သဘာဝဟာ.. သဘာဝပါပဲ။ ဘာမှပြုပြင်ပြောင်းလဲလို့မှမရနိုင်တာလေ……. (၁) ကျွန်မဟာ Retail Shop တစ်ခုရဲ့ Customer Service Desk မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ နေ့စဉ်ရက်ဆက် ဝယ်သူတွေနဲ့ ဆက်ဆံနေရတယ်။ အမြဲတမ်း ဘာသာစကားမတူတဲ့ လူမျိုးခြားတွေ၊ ယဉ်ကျေးမှုမတူတဲ့ လူမျိုးတွေ၊ အကျင့်စရိုက် စိတ်နေစိတ်ထားမတူတဲ့ လူမျိုးတွေနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရပါတယ်။ ကုလားလူမျိုး၊ အင်္ဂလိပ်လူမျိုး၊ အာရပ်လူမျိုး၊ တရုတ်လူမျိုး၊ ဖိလစ်ပိုင်လူမျိုး စတဲ့ လူမျိုးပေါင်းမြောက်များစွာနဲ့ နေ့စဉ်မြင်နေတွေ့နေရပါတယ်။ ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူတဲ့အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရတာ တစ်ခါတလေ ထိုင်ငိုချင်လောက်အောင်စိတ်ညစ်ခဲ့ရတဲ့အချိန်တွေလည်းအများကြီးပါပဲ။ တချို့လူတွေက ပိုက်ဆံအရမ်းချမ်းသာတော့ စကားအပြောအဆိုမှာ အရမ်းမောက်မာကြတဲ့လူတွေရှိတယ်။ တချို့လူတွေက ကြည့်လိုက်ရင် ခြွတ်ခြုံကျနေတဲ့ပုံစံမျိုးနဲ့ စကားပြောတာအရမ်းရိုင်းဆိုင်းကြတယ်။ တချို့တွေကျပြန်တော့ တစ်ပြားကို […]


ကီနို နိုးတော့ မနက်အစောကြီးပဲရှိသေးတယ်။ ကောင်းကင်မှာ ကြယ်တွေကို မြင်နေရတုန်းပဲ။ ကြက်တွေက တွန်စပြုပြီး ဝက်တွေလည်း စားဖို့ရှာဖွေနေကြတယ်။ သစ်သားအိမ်လေးရဲ့ အပြင်မှာတော့ ငှက်ကလေးတွေ တစ်ကိုင်းကနေတစ်ကိုင်းကူးပြီး သီချင်းသီကျူးနေကြတယ်။ ကီနို တံခါးကလာတဲ့ အလင်းရောင်ဆီကို မျက်စိဖွင့်ကြည့်လိုက်တယ်။ နောက် ..သားဖြစ်တဲ့ ကိုရိုတီတို အိပ်နေတဲ့ ပုခက်ဘက်ကို လှမ်းကြည့်လိုက်တယ်။ ပုခက်ကြိုးကို အိမ်ခေါင်မိုုးမှာ ချိတ်ဆွဲထားတယ်။ နောက်ဆုံး သူ့ဘေးနားက ဖျာပေါ်မှာအိပ်နေတဲ့ သူ့ရဲ့ မိန်းမဖြစ်တဲ့ ဂျူနာဘက်ကို လှမ်းကြည့်လိုက်တယ်။ တဘက်တစ်ထည်က ခန္ဓာကိုယ်ပေါ်တစ်ဝက် မျက်နှာကိုတစ်ဝက်ဖုံးထားတယ်။ ဂျူနာရဲ့ မျက်လုံးက ပွင့်နေတယ်။ ကီနို နိုးတဲ့အချိန်တိုင်း ဂျူနာက အရင်နိုးနေပြီ။ သူမရဲ့မျက်လုံးတွေက ကြယ်ကလေးတွေလိုပဲ။ ကီနို အိပ်ယာအနိုးကို လှမ်းကြည့်နေတယ်။ ကီနိုတစ်ယောက် ကမ်းခြေက လှိုင်းပုတ်သိုံတောင် ကြားနေရတယ်။ အဲဒီ […]