ဘော့လုံးပွဲ တစ်ပွဲ ကန်တယ်…. တစ်သင်းက ညစ်ပြီး နိုင်နေတယ်….ဒါပေမယ့် ခြေအနေအထားက မကောင်းတော့ဘူး…သေချာပေါက်လောက်နီးပါး ရှုံးတော့မယ်… ရှုံးနေတဲ့ အသင်းကလဲ ပရိတ်သတ် အားကိုးနဲ့ ကဘောက်တိ ကဘောက်ချာ ကန်နေတယ်… ဒိုင်ကလဲ ဒိုင်လို့ သာ ပြောရတာ… နိုင်တဲ့အသင်း ဂျာစီပေါ်က ဒိုင်ဂျာစီ ကြီး ထပ်ဝတ်ပြီး နိုင်တဲ့ အသင်းဘက်ကို ညစ်နိုင်သလောက် ညစ်ပေးနေတယ်… လုံခြုံရေးစောင့်နေတဲ့ သူတွေကလဲ လုံခြုံရေးလို့သာ ပြောရတာ…နိုင်တဲ့ အသင်းကလူတွေပဲ ဂျာစီ ပြောင်းဝတ်ထားကြတာ… တစ်ယောက်နဲ့ တစ်ယောက် ကပ်ခါရှိသေး…. ရွှီး… .ဖောင်းဘော… နိုင်တဲ့ အသင်းဘက်ကကြီး အမြဲ ကန်ခွင့်ရနေတယ်… ဧရိယာအတွင်းထဲရောက်ရင် ပယ်နယ်တီ ချပေးဖို့ ဒိုင်ကလဲ ပါးစပ်မှာ ခရာက အဆင်သင့်… ရှုံးတဲ့ အသင်းကလဲ […]

