(တောက်…….) ဘယ်လိုမှ ငြိမ်နေလို့မရတော့ပဲ ယားနေလှတဲ့ လက်မောင်းကို ကုတ်ဖဲ့ရင်း မီးထဖွင့်လိုက်ရတယ်။ မီးရောင်အောက် ကျနော့် မွေ့ယာပေါ်မှာတော့ ကာလနာ သေချင်းဆိုးကြမ်းပိုးက ပြေးပေါက်ရှာနေပြီ၊ ရှိသမျှ အားကို လက်ညှိုးနဲ့ လက်မကြားထားပြီး ဖိချေလိုက်တဲ့အခါ ဖောင်းကားနေတဲ့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက ဗျစ်ကနဲ ထွက်လာခဲ့တယ်။ ဒါ……..သူ စုတ်ယူထားတဲ့ ကျနော့်သွေးတွေပဲ။ x x x တကယ်တော့ ကျနော့် အိမ်လေးမှာ အရင်တုန်းက ကြမ်းပိုးဆိုတာ သိပ်မသောင်းကျန်းလှပါဘူး။ ကျနော် ငယ်ငယ်တုန်းက ကြမ်းပိုးဆိုတာလည်း သိပ်ဂရုမစိုက်မိသလို အိပ်ပြီဆိုရင်လည်း တုံးကနဲကိုး၊ ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ ဒီကြမ်းပိုးတွေဟာ […]
