သံမဏိအူးကြောင်… အာမီရမ်စစ်စစ် လိုက်ရှာပြီး …ရေမပါပဲသောက် သူအမြဲပြောပါတယ်။ မာမီတွေဆွဲ သမီးလေးတွေတွဲ ငွေယူပြီး ….ဆန္ဒထုတ်မဖော်ဖို့ သူအမြဲပြောပါတယ်။ အရက်ထိုင်သောက် အဝှာတန်းမရောက်ဖို့ ….တွေ့ရင် သူအမြဲပြောပါတယ်။ ပုလင်းလက်ကျန် ကုန်အောင်မဖြတ်နိုင် ဓါတ်တိုင် သေးမပန်းပါနဲ့ သူအမြဲပြောပါတယ်။ ဘေးထိုင်ဘုပြော မူးအောင်ထိုင်သောက် အီးမပေါက်နဲ့ သူအမြဲပြောပါတယ်။ မာဆပ်၊ကေတီ ဝိုင်းထိုင်တူတူ မသွားရန်သူ အမြဲပြောတယ်။ ဂန်ဒူးနဲ့ မနန့်ဘူးဆိုတဲ့ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ကဗျာစပ်ဖို့ သူအမြဲပြောပါတယ်။ တို့တွေရင်ထဲ ပျော်စေနိုင်မယ့် သမီးလေးတွေဓါတ်ပုံ သူအမြဲရှဲတင်ပါတယ်။ တို့တွေ နေ့တိုင်းဘူးအောင် အကျပ်စကားကို သူအမြဲပြောပါတယ်။ တို့တွေရဲ့ရွာ မန်ဒလေးဂဇက်ဒေ့ါကွန်း အလည်က သံမဏိအူးကြောင်လေးပါကွယ်.. …။ ။ (ရေး/ဆို – ရွာသားအသစ် ရှဲဒိုးဆာယေးဆယာ အဘဘုတ်)


အရိပ္စစ္October 29, 20131min020
  ငေး အရောင်တွေ  ဆွေး လေပြည်လေးတွေ  ဖြည်းဖြည်းအေး ကြယ်စင်ကြွေလေးတွေ  ဟိုးဝေး ဝေး အချိန်တိုတိုလေးထဲက အိပ်မက်နွေးနွေး …။     ။                                   အရိပ်စစ်


အရိပ္စစ္October 28, 20131min010
ကြိုသိခဲ့လို့ မဟုတ်ဘူး ရလဒ်တစ်ခုက ဒဏ်ရာတွေပဲဖြစ်မယ်ဆိုတာ  သေချာနေလို့ အဲဒီတုန်းက တွေဝေခဲ့တယ်ဆိုတာ ရှားရှားပါးပါး မြတ်နိုးမူ့တစ်ခုကို နှမျောမိလို့.. ဝေးကွာခြင်းတစ်ခုကို  သယ်ဆောင်သွားတဲ့အတွက် နောင်တရနေမလား… လုံးဝမေ့ထားခဲ့သည်ပဲဖြစ်စေ အရင်လိုဆောင်းညမှာ သီချင်းတွေ အော်ဆိုကြဦးစို့… ခပ်မဲ့မဲ့အပြုံးတစ်ချက်နဲ့ ခပ်အောင့်အောင့်ပဲ ရယ်မောလိုက်ပေါ့.. နင်ပြုစားမရတဲ့ ကျောက်ရုပ်ရဲ့ မျက်ရည်တစ်စက ဟာသဖြစ်နေမလား… နေရာဟောင်းတစ်ခုမှာ ငါ စိုက်ခဲ့တဲ့ သစ်ပင်လေးကို ကိုယ်တိုင်ပဲ ရိတ်သိမ်းနေပါတယ်  ရွေးချယ်ခဲ့တဲ့ လမ်းမတစ်ခုက နင့်အမုန်းတွေအတွက် ဖြေဆေးတစ်ခုရှိပြီးသားပါ အချိန်လွန်ကာမှ ငါ့ကိုခွင့်လွှတ်ရင်း  နင်ပြန်လွမ်းပစေပေါ့.။  ။                                   […]


“ မိုက်မဲသူတစ်ယောက်အကြောင်း”  လူမိုက်ဆိုတဲ့လူမို်က်မှာ နောင်တ တရားတွေကတော့များမှများ။ သူတို့ရဲ့လက်သုံးစကားတွေကတော့ “ဆုံးရှုံးမယ်မှန်းသိရင် စကတည်းက မယူခဲ့ပါဘူး။  ခွဲရမယ်ဆိုတာသိခဲ့ရင် စကတည်းက လွဲအောင်နေမိမှာပါ။ အဆုံးသတ်မှာ ဝေးရမယ်ဆိုရင် ပြေးတွေ့ဘို့ကြိုးစားမိမှာမဟုတ်ဘူး။ မုန်းသွားမယ်ဆိုတာကြိုသိရင် ချစ်မိအောင်မနေခဲ့ပါဘူး။ “ ဆိုတာပါဘဲ။   မသိစိတ်ရဲ့ချဉ်ခြင်းကို သိစိတ်ရဲ့ ဆင်ခြင်ခြင်းက အရှုံးပေးလိုက်ရတဲ့အခါ ကိုယ်ကိုကိုယ် မကျေနပ် မှန်ရှေ့မှာရပ်ရင်း စွတ်စွဲငြင်းခုံခြင်းတွေနဲ့ ရန်ဖြစ်တတ်တာကလဲ အဲဒီလိုလူမိုက်ပါဘဲ။ ဟော……………. ကျနော်လဲအခုမှန်ရှေ့မှာရပ် ရန်ဖြစ်နေမိပြန်ပြီ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 25-10-2013  


ေရႊဘိုသားOctober 25, 20131min011
ကောင်းကင်ကငှက်တစ်ချို့ကိုကြည့်ပြီး ကြည်နူးကြဖူးတယ် ကောင်းကင်ကငှက်တစ်ချို့ကိုကြည့်ပြီး လွမ်းဆွတ်ကြဖူးတယ်။ သစ်ပင်တစ်ချို့ကိုကြည့်ပြီး သံဝေဂတွေရကြဖူးတယ် သစ်ပင်တစ်ချို့ကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေရကြဖူးတယ်။ လောကကြီးရဲ့သဘာဝအလှတရားတွေကို ခံစားကြဖူးတယ် လောကကြီးရဲ့ သဘာဝအလှတရားတွေကို ဖျက်စီးကြဖူးတယ်။ ညရဲ့အလှတရားတွေကို စောင့်မျှော်ကြည့်ခဲ့ကြဖူးတယ် ညရဲ့အလှတရားတွေကို မေ့လျော့စွာနေခဲ့ကြဖူးတယ်။ လူတစ်ချို့ကိုကြည့်ပြီး ပြုံးခဲ့ကြဖူးတယ် လူတစ်ချို့ကိုကြည့်ပြီး မျက်ရည်ဝဲခဲ့ကြဖူးတယ်။ မြို့ပြကြီးကိုကြည့်ပြီး ပျော်ရွှင်ခဲ့ကြဖူးတယ် မြို့ပြကြီးကိုကြည့်ပြီး စိတ်ညစ်ခဲ့ကြဖူးတယ်။ မူးယစ်စေတဲ့ အရာတွေကြောင့် မှားခဲ့ကြဖူးတယ် မိမိအတ္တတွေ လောဘတွေ ဒေါသတွေ မာနတွေကြောင့် ပိုမှားခဲ့ကြတယ်။ အချိန်ရှိတိုင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်ဝေဖန်ဖို့ သတိရကြပြီး အချိန်ရှိတိုင်း မိမိကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ မေ့လျော့နေခဲ့ကြတယ်။ ိ ထိုသို့သော သတ္တဝါများသည် ကျွန်ုပ်တို့ လူသားတစ်ချို့ပင် ဖြစ်ကြပါသည်။


koyin sithuOctober 23, 20131min011
ချစ်သူ … လူတစ်ယောက်ဟာ ပန်းတစ်ပွင့် မဟုတ်နိုင်ဘူး၊ သို့ပေမဲ့ မင်းဟာ ငါ့အတွက် ပန်းတစ်ပွင့်၊ လူတစ်ယောက်ဟာ မီးလျှံတစ်ခု မဟုတ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကတော့ ငါ့နှလုံးသားကို   လောင်ကျွမ်းစေတဲ့ မီးလျှံ၊ ငါ့နှလုံးသားကတော့ မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားရတဲ့ သံတွေခဲတစ်ခု…။ ချစ်သူ … အချစ်အတွက် အသက်စွန့်ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက် လူတွေဟာ အသက်ကို စွန့်ကြသတဲ့။ ဒါပေမယ့် ချစ်သူ… မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ငါပါ။ မင်းပူဆွေးသောက   ရောက်နေပါရဲ့ ဆိုတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာ   မြင်နိုင်ခဲ့ရဲ့။ လူအဖွဲ့အစည်း […]


ကျနော်လွမ်းသည် မိုးဖွဲပြီးစနံနက်ခင်းတစ်ရက် အဝါရောင်ကောင်းကင်ကြီးအောက်က ကန်ရေပြင်နံဘေး ကျနော်အရောက် အေးငြိမ့်သက်သက်လေပြေလေးတွေက ဖြေးဖြေးမွမွ။ လေတိမ်းတိုင်းယိမ်းကတတ်တဲ့ သူ့ဆံပင်တိုစစ လေးတွေကို သတိရမိတော့။ ကျနော့်လွမ်းပါတယ်။ ဟိုးအဝေးးးးးးးးးက ပြေးထွက်လာတဲ့သံစဉ်များ ဘာမှန်းမသိ ကျနော့်နားထဲမှာကြားနေမိတာကတော့ “လွမ်း တယ် လွမ်းတယ် လွမ်းတယ်” တဲ့ အဲဒါကလဲ ကျနော်ကိုလွမ်းစေပါတယ်။ မိုးမိပြီးစ သစ်ပင်ကိုင်းဖျားမှာ ငှက်ကလေးက နားလို့ခို သစ်ရွက်အဖျားမှာ ငွေရည်မိုးစက်တို့က တွဲလွဲခို သူနဲ့ခွဲ ခဲ့ရတဲ့နေ့ကလဲ အဲသလို သူ့ခေါင်းမှာမိုးစိုစို ကျနော်ခေါင်းမှာမိုးစိုစို အို ပိုလို့တောင်လွမ်းလာသလိုလို။ ခုတော့သူက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အဝေးဆီကိုပြေးထွက် တစ်ယောက်တစ်နေရာ ဆုံနိုင်ရန်ဝေးးးးးးးးးးးးးးးးးးးးးးးး နေတဲ့သူ့ကို သတိရတိုင်း အောက်မေ့တိုင်း တမ်းတတိုင်း လွမ်းတိုင်း “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ် “”တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” […]


marblecommetOctober 19, 20131min015
ကျည်ပွေ့ကို အတက်ဖောက်ပြီး အနုပညာကို အမဲလိုက်နေသူ ရှိနှင့်ပြီးသား သတ္တုကို ဒြပ်စင်ထုတ်ပြီး ပင်မဂုဏ်ရည်ကို ငတ်မွတ်နေသူ . . .။ ဖြစ်ချင်တော့ အနုပညာဟာ အနုပညာကို တန်ဖိုးထားသူတစ်ယောက်ရဲ့ ရင်ဝမှာ တိမ်းတိမ်းပွေပွေ ပြည့်ကျပ်လို့ ကျွန်တော်တို့ လောကထဲက တောက်ပရင်းကြွေ ကြွေရင်းတောက်ပတဲ့ ညနေကြယ်တွေကို ငေးရင်း ညီလေးရေ့ . . . ဆိုတဲ့ အော်ညည်းသံလေး ဝင်လာပြီဆိုရင် ဖြစ်ရမယ် ဒီလူ . . .အနုပညာ အနုကြမ်းစီးချင်နေပြန်ပြီလို့ . . .။ အစ်ကိုရေ့ . . . ဘဝဟာ တစ်ခါတစ်လေ လိုအပ်တာထက် ပိုသွေးရိုးသားရိုး ဆန်လာပြီဆိုရင် အရေခွံခဏချွတ်ပြီး အောင်ပွဲခံလိုက်ရတယ်ဗျ ကျွန်တော်တို့ဟာ တိုတောင်းတဲ့အချိန်ကလေးမှာ တတ်နိုင်သလောက် […]


alinsettOctober 17, 20138min085
🙄   🙄     🙄     🙄     🙄 သီတင်းကျွတ်ပြီ….။ သီတင်းကျွတ်ဆိုသည်မှာ …. မိုးလေ ကင်းလွတ်သော ပွင့်လင်းရာသီဖြစ်သည်။ စိုစွတ်အိုက်စပ်သော ရာသီဥတု နေ့ရက်များဆီမှ. . . …ဆောင်းအငွေ့အသက် ခပ်သဲ့သဲ့နှင့်  သာသာယာယာ နေချင်စဖွယ်နေ့ရက်များဆီကို . . . လှစ်ခနဲ ကူးပြောင်းလိုက်ခြင်းသည် . . .သီတင်းကျွတ် ဖြစ်သည်။ ဗမာပြည်သူပြည်သားတို့၏ ထုံးတမ်းစဉ်လာအရ. . . ဤအချိန်အခါသည်. . . သမိုင်းရာဇဝင်မှာ အစဉ်အလာကြီးသော အခါကြီးရက်ကြီးဖြစ်သည့်အပြင် မြင်မြတ်တင့်တယ်သော ပြုဖွယ်အစုစုတို့ ့နှင့် စည်ကားသိုက်မြိုက်သော အချိန်အခါလည်း ဖြစ်ပါသည်။ ဗမာလူမျိုးတို့၏ အစဉ်အလာများထဲမှ ချစ်စရာကောင်းသော အစဉ်အလာတစ်ခုအဖြစ် . . […]


    မေမေ.. မေမေ သင်ပေးတဲ့ ချိုမိုင်မိုင် ကျနော့် နှလုံးသားထဲ အမြစ်ခိုင်ခဲ့တာ သိခဲ့လို ့လား..။ ရှက်တတ်တဲ့ ကောင်လေးမှာ မာန တခုတော့ ရှိခဲ့တယ်..မေမေ။ .. မိဘတွေ မချစ်ခဲ့တဲ့သား… ချစ်သူတွေ များတယ်.. ဖြူစင်ခြင်းနဲ ့ပန်းလက်ဆောင်တွေ အလယ်.. အချစ်တွေ ကျနော်ရခဲ့တယ်..မေမေ။ သူတို ့ရင်ခွင်က ကျနော့်အိမ်.. သူတို ့လက်ခုပ်သံက ကျနော့် အဟာရ တစ်ထောင့်တစ်ညမက ရှည်လျှားတဲ့ ညများစွာ မေတ္တာတွေ ဖလှယ်ရင်း ကျနော် အသက်ရှင်ခဲ့တယ်..။ … အကျီင်္လေးတစ်ထည် တောင်းဆိုမိလို ့ မေမေ ရိုက်ခဲ့တဲ့ပါး အခုတော့ သူများတွေ နမ်းလိုက်ကြတာမေမေ…။ အဲဒီအချိန်က သွေးစီးကျခဲ့တဲ့… နှုတ်ခမ်း မေမေ့အတွက် မဆန်းပေမယ့်. ချိုသာသော […]


sorrowOctober 15, 20131min021
စိုက်တဲ့အတိုင်းပဲ…ရိတ်ရမတဲ့….. အဲ့လိုမဟုတ်ခဲ့ပါဘူးကွယ်….. ဘာမှလဲ..မမျှော်လင့်ခဲ့ပါဘူး..လွမ်းတတ်နေယုံ.. ကိုယ်ချစ်တဲ့ပန်း…လန်းနေရင်တော်ပြီ…. မြတ်မြတ်နိုးနိုးနဲ့…ပန်းပျိုးသူအတွက်… ဆုလာဒ်တွေက …ဆူးမဟုတ်ရင်တော်ပြီ…… တိုးတက်ဖို့လား ဒီပုခုံးကို….နင်းတက်သွားလိုက်ပါကွယ်.. ခက်ခဲတဲ့လောကကြီးထဲ …. တရက်တနေ့….မလိုအပ်ခဲ့ရင်…ဒီလွင်ပြင်နဲ့..ဒီရင်ခွင်က ဒီရင်ဘတ်ကြီး..ထားပြီးထွက်ပေးမယ်…ပျော်မယ်မလား မတ်မတ်ဖြောင့်ဖြောင့်..သူ့အကိုင်းနဲ့သူ့အခက်..သူ့ခြေထောက်ပေါ်.မတ်မတ်ရပ်နိုင်ပါစေ. ပျိုးကြဲတဲ့လက်….ရိတ်ဖို့မဟုတ်ခဲ့ဘူးကွယ် စိုက်တဲ့အတိုင်း ပြန်ရိတ်သိမ်းချင်တာ … ခပ်ညံ့ညံ့ ဥယျာဉ်မှုးတွေပါ ….


လရောင်ချို အခင်းအကျင်းနဲ ့ တိမ်တွေနဲ ့ စစ်ခင်းတဲ့ တစ်ခဏ ကြယ်တွေ ကြွေတဲ့  ညဉ့်မှာ ငါ့မျက်ရည်တွေ……… မြက်ခင်းလေးပေါ်အိပ်စက်ခဲ့တယ်.. လူမသိအောင် ရှိုက်ငင်သံတွေ အဖော်ပြုလို ့..။ ……….. ဘာတွေကများ တည်မြဲလို ့လဲ…..။ ………………….. မြက်ဖျားနှင်းလေးတွေလေ တစ်လက်လက်တောက်ပစွာ မာနတွေ ပြိုင်နေလိုက်ကြတာ……။ ………. ငါ့မျက်ရည်က မတည်မြဲပါဘူး ကလေးရယ်… နေရောင်လာတဲ့အခါ….. မင်းသိလာပါလိမ့်မယ်….။ အရာရာပေါ့လေ တစ်ခဏ အတွင်းလေးမှာပေါ့ မိုးခါးရေတွေကို ဘာသာရေးတံဆိပ်ကပ်လို ့… ဝံ့ကြွားသောက်သုံးကြတယ်… သူတို ့မှ မရူးရင် ဘယ်သူရူးမှာလဲ ကလေးရယ်.. ငါ့ မေမေ…သိပ်ကြောက်နေမှာ …. မတူညီခြင်းတွေ မှန်သမျှ တူညီမှုတခုအောက်မှာ ပြိုင်ဆိုင်ကြတယ်.. တူညီမှုတခု အောက်မှာ… မတူညီတာတွေ အဆုံးသတ်ကြမယ်.. ကလေးရေ… […]


alinsettOctober 13, 20134min09
မနေ့က မိုးတွေ… ဗျန်းဗျန်းကွဲ ရွာတယ်မေမေ…. ———————- ချစ်သောသူလေးတစ်ယောက် ဖျက်ဆီးသွားလို ့…ဖျောက်ဆုံးသွားရတဲ့ နှလုံးသား… ဘယ်မှာ သွားရှာရမလဲမေမေ….. ((((ဖျောက် = ဖျောက်ဖျက် = ဖျောက် +  ဆုံး = ဆုံးပါးကွယ်ပျောက် = ဆုံး = = ဖျောက်ဆုံး )))) ———————–   မနေ ့တုန်းက… သားရဲ ့ရင်ထဲကို. …အက်ဆစ်မိုးတွေက ဗျန်းဗျန်းကွဲ ရွာတယ်မေမေ မနေ ့တုန်းက… သားရဲ ့ရင်ထဲကို. …အက်ဆစ်မိုးတွေက ဗျန်းဗျန်းကွဲ ရွာတယ်မေမေ မနေ ့တုန်းက… သားရဲ ့ရင်ထဲကို. …အက်ဆစ်မိုးတွေက ဗျန်းဗျန်းကွဲ ရွာတယ်မေမေ မနေ ့တုန်းက… သားရဲ ့ရင်ထဲကို. …အက်ဆစ်မိုးတွေက ဗျန်းဗျန်းကွဲ […]