လူတစ်ချို့က ငါလွန်ခဲ့တဲ့ ဆယ်နှစ်အကျော်က ဖြတ်သန်းခဲ့ဖူးတဲ့ လမ်းမှာ မျက်စေ့လည် လမ်းမှားနေကြတုန်း ဒီတော့ ငါဟာ သူတို့တွေထက် ဆယ်နှစ်အကျော်လောက် ရှေ့ကို စောရောက်နေပေါ့ …… ။ သူတို့တွေကလည်း အားကျမခံပြန်ပြောပေါ့ မင်းအခု မျက်စေ့လည်း လမ်းပျောက်နေတဲ့လမ်းကလည်း ငါတို့ ဆယ်နှစ်အကျော်က ဖြတ်သန်းခဲ့ဖူးပြီ တဲ့လေ အဲ့ဒိတော့ ငါက သူတို့ရဲ့ ဆယ်နှစ်အကျော် နောက်ကျနေပြန်ရော …… ။ သက္ကရာဇ် တစ်ခု ထဲမှာပဲ ငါဟာ ရှေ့ကိုရောက်လိုက် နောက်ကျလိုက်နဲ့ ပစ္စက္ခ တစ်ခု ချိန်သားကိုက်ဖို့ ချိန်ညှိနေရပေါ့ ….. ။ နေဝန်းနီ
