မချုန်းဘဲရွာတတ်တဲ့တိမ်တွေကိုထွေးပွေ့လို့ ကောင်းကင်ဟာ အိမ်ဦးမှာအုပ်မိုးထားတယ် သီးခံပေးဆပ်တတ်တဲ့မြေဆီတွေကို ယုယလို့ မြေပြင်ဟာ အိမ်နောက်မှာ ဖြန့်ခင်းထားတယ် သူတို့ရဲ့ ပေတစ်သီး ကျီးတစ်သားတွေကို အံဝှက်ထဲမှာ ထည့်လို့ ဓားတောင်ကိုကျော်ကာ မီးပင်လယ်ကိုဖြတ်နေကြတယ် အဲဒီခြေသံတွေလား ဟောဒီသွေးကြောတွေထဲမှာကြားနေရတယ် ရဲရဲဝံ့ဝံ့ ယုံ ။ ကိုစစ်
