maung khinminJune 27, 20121min014
တစ်ခါ တစ်ရံ ကာရံ နုသစ် ပျိုမြစ် စိတ်ကူး ပေါင်းကူး ချိတ်ဆက် အိပ်မက် ပန်းခင်း အသက် သွင်းကာ ကဗျာ တစ်စ လှပ နရီ သံစဉ် ညီညွတ် လွတ်လပ် ပုံဖော် ရုပ်လုံး ပေါ်စေ သန္ဓွေ  လွယ်လျှက် ခက်လက် ဝေဆာ တန်ဆာ ဆင်မြန်း ကဗျာ ပန်းပွင့် ရဲရင့် စမ်းကွယ် လွမ်းလို ့ နွမ်းသူ ကြမ်းလို ့ ပမ်းသူ အပူ သောက လူ ့လောက ထဲ အပမ်း လည်းပြေ စိတ်ဖြေ ကြည်နူး ပွင့်ဖူး မာလာ ဥယျာဉ် သာ၌ ကဗျာ ရေးစပ် ကျေနပ် သူ..။။။


marblecommetJune 27, 20121min013
မိသားစု ထမင်းဝိုင်း အကြောင်း တွေးပြီဆိုရင် စိတ်ပရိဒေဝက ခရီးအဆုံးမိုးရွာ…။ ရင်ထဲက စုန်းမီးတောက်လေးလင်းလာတော့ သူမအတွက် တစ်ခါပဲ ပြောလိုက်ရတဲ့စကားတစ်ခွန်းကို အဆွေးက နောက်ပြန်လန်…။ ကိုယ့်လူတွေနဲ့ လောကဓမ္မဆွေးနွေးခန်းမှာ ငွေကြေးကို ချစ်ရ မုန်းရမယ့် အဓိပါယ်…။ ပြန်မရနိုင်တော့တဲ့ ပန်းပွင့်ဝတ်ဆံပွင့်ဖတ်လေးကို မျှော်လေတိုင်း အရိုးဆွေးတဲ့ မျက်ရည်ညတွေရှည်…။ ကိုယ်လုံးကိုယ်ပေါက်လှတဲ့ အနုပညာကိုပဲ ညစဉ်ညတိုင်း အမှောင်မှာသင်ယူ…။ ဘဝအရေး လိုအပ်တဲ့ အသွေးအသားကို လောကပါလ တရားလေးနဲ့ ဆင်ခြင်…။ ကျောင်းတုန်းက သူငယ်ချင်းအချို့ အခုတော့ အရသာ ပြောင်းသွားတဲ့ဝိုင်…။ ကိုယ်မသိရသေးတဲ့ ဒုက္ခသီချင်းကို ဒီ့ထက်မက ချိုမြိန်အောင်နမ်းဖို့ သစ္စတရားအတိုင်း တေလေမယ့် မနက်ဖြန်…။ ကမ်းဝေး (ဇွန်၊ 27၊ 2012၊ နံနက် 1နာရီ ငါးဆယ့်တစ်)


ကမ္ဘာပေါ်မှာလူသားတိုင်း ပြောခဲ့ဖူးကြတဲ့ စကားလေးတစ်ခွန်း… ဘာတဲ့…. ( ချစ်တယ်..ချစ်တယ် ) တဲ့လား တစ်နေ့….ချစ်တယ် ရက်ပေါင်းများစွာ…..ချစ်တယ် တစ်လ….ချစ်တယ် လပေါင်းများစွာ…..ချစ်တယ် အချိန်တွေပြောင်းလဲလာတယ်.. ဒါပေမယ့်…..ချစ်တယ် ပြောင်းလဲခြင်းတွေအစပြုလို့…. နင့် ချစ်ခြင်းတွေပြောင်းလဲလာတယ်.. င့ါအတွက်ဆိုပြီး အချိန်တွေနည်းလာတယ်.. နင် ညာပြောတတ်လာတယ်.. နောက်ထပ် မရေရာ မသေချာမှုတွေနဲ့.. နင့်ရဲ့ စိတ်အစဉ်မှာ.. ဘယ်လိုအကြောင်းအရာတွေ ရှိလာဦးမလဲဟာ.. ငါလေ..ဝေဝေဝါးဝါးနဲ့ မျှော်လင့်ခြင်းတွေကို…. မုန်းတီးနေတတ်ခဲ့ပါပြီ …ချစ်သူရယ်.. နင် ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့စကားတစ်ခွန်းကဘာလဲ… ငါကိုယ်တိုင်တောင်နားမလည်ခဲ့ဘူး….။ ချစ်ခြင်းတွေ ကမ္ဘာတည်သ၍ တကယ်ချစ်တဲ့ အချစ်စစ်တွေ ခိုင်မြဲပါစေလို့…..မိုက်လေး ဆုတောင်းပေးပါတယ်..။


maung khinminJune 26, 20121min010
ကြည့်လေရာ…ကိလေသာ…အတိ အရှိကို…အသိအောက်မှာ…. ထားကြည့်ဖို ့…..ကိုယ့်စိတ်ကိုယ်… ကြိုးညှိ  ရင်း…….အဲဒီ အလင်းများ    ရှိရာ  ဒုန်းစိုင်း မုန်တိုင်း တွေ ကြားမှာ… ဒေသနာ တွေ  နာကြားရဦးမယ်   ဘယ်မှာ နားမလဲ……. ဇရာ ရဲ့..ဓါးသွား က   ငါ့ ခန္ဓာကို.. ပါးပါးလှီး  လာလိုက်တာ မရဏ  ရဲ့တံခါး ဝ… ရောက်လုနီး..ခဲ့ပေါ့   အျည်းအနှီးမဲ့  လောကဓံ ရေ သစ္စာ တရားဆီ….အဆန်ခရီးမှာ အလျှံ ညီးညီး  မီးတောက်တွေ..ကြားကနေ ငါဟာ…….ပျံပြီး တတ်မယ့် ဖီးနစ်(စ်) ငှက်  တစ်ကောင်လဲ.. မဟုတ် ပြန်ဘူး..။။။


maung khinminJune 26, 20121min018
မော်ဒန် ကဗျာ တစ်ပုဒ် ဖတ်ရ သလို… အချစ် ဆိုတာ…. မျက်မှောင်ကုပ်…ခေါင်းရှုပ် ပြီး အဆီ အနှစ် ကို….စုုပ် ထုတ်ရတာမျိုးလား……   အငြင်း အခုံ …မုန်တိုင်းသည်းထဲ ရဲရဲ ပွင့်လိုက် ပ… အန်ချ လိုက်တဲ့…ကဗျာ တွေ… ဖူးဖူး  ကို ဝေလို ့….မဆုံး………..   လွတ်လပ်စွာ…သဘောထား ကွဲလွဲမှု  တွေနဲ ့အတူ ခံစားချက် ကို…ညှိယူလို ့…. ရစတမ်းဆို….*စစ်* ဆိုတာ… ဝေါဟာရ   အသစ် ဖြစ်သွားလိမ့်မယ်…   ဘာပဲ  ဖြစ်ဖြစ်…အချစ်မပါပဲ.. ကဗျာ ကိုတည်ဆောက်လို ့…မရသလို ကမ ္ဘာ ကို…လည်း စိုက်ပျိုးလို ့..မရ ဘူး..   ငါ….ယုံကြည်မိတဲ့..အချစ်က နှလုံးက […]


အကြွေးသင့် ကျုပ်လေ ဒင်းတို့ကို စောင့်မျှော်နေခဲ့ရတာပါအေ ဒါပေမယ့် .. ဒင်းတို့မလာခဲ့ပါဘူး 🙁 ကျုပ်လေ ဒင်းတို့ဆီက စကားလေးတစ်ခွန်းနဲ့ မျှော်နေခဲ့ရသူပါအေ ဒါပေမယ့် ဒင်းတို့ အလေးမထားခဲ့ပါဘူး..။ ကျုပ်လေ ဒင်းတို့ကိုသတိရလို့ တိတ်တိတ်လေး ဆဲနေမိတာ.. ဒါပေမယ့် ဒင်းတို့ကဂရုမစိုက်ခဲ့ပါဘူး..။ ကျုပ်လေ ဒင်းတို့နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ.. ဒါပေမယ့် ဒင်းတို့မေ့ထားခဲ့တယ်နော်..။ ကျုပ်လေ ဒင်းတို့အကြောင်းတွေ တွေးတိုင်းကျိန်တတ်နေခဲ့တာ.. ဒါပေမယ့် ဒင်းတို့အတွေးထဲမှာ ကျုပ်မရှိခဲ့ဘူးလေ..။ ကျုပ်လေ လမ်းပေါ်မှာ ဒင်းတို့ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း ဒင်းတို့ဝင်လာမလား မျှော်နေမိသူပါအေ… ဒါပေမယ့်အေ ဒင်းတို့အမြဲတမ်း ကျုပ်ကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော…ဟင်း…ဟင်း ဒင်းတို့ပြောတဲ့ ( နောက်ရက်ကျ ) ဆိုတဲ့ စကားက ဒါပဲလား……… ကျုပ်မှာ မျှော်လင့်ခြင်းတွေနဲ့အတူ နေ့ပြန်တိုးဆိုတဲ့ အရိပ်ဆိုးကြီးက နေဝင်ချိန်တိုင်းမှာ […]


maung khinminJune 25, 20121min011
တစ်ယောက်  တစ်လက်….ကိုယ် စီ  ယှက်ပြီး.. တစ်စိတ်တစ်ဝမ်း….ဦးပဲ့ ထမ်းကာ တတ်လှမ်း ရွယ်ရည်….ပန်းတိုင် ဆီသို ့ ရွှေပြည်တော်ကြီး….ပြန်လည်တည်……   မှုန်ရီ ဝေဝါး….အတိတ်ခါးကို လှေကား လိုတတ်…သမိုင်းဆက်ရန် ပိုင်းဖြတ် ပညာ…စာမျက်နှာသစ် ရာဇဝင်ဖြင့်…ကျန်ရစ်စေ……   တိုင်းရင်း စုံလင်….မြန်ပြည် ခွင်ဝယ် စည်ပင် ယဉ်ကျေး…ပေါင်းစု ဝေးလျှက် ချစ်မြတ် ကြည်ဖြူ…ဖေးမ ကူရင်း ဒို ့သွေးရင်းမို ့….ညီအစ်ကို ပေ…   ဒီမို ကရေစီ…ညီအစ်ကိုတတွေသည် သည်မြေ သည်ရေ..ဘိုးဘွား အမွေကို တိုးပွား ဆင့်ကဲ…ဒို ့လက်ထဲ မှာ ရှေ့သို ့ ရဲရဲ….အားမာန်ချီ………   ခေါင်းဆောင် ဟူသည်…တူညီမျှတ လမ်းမှန် ပြလျှက်…အတတ် အသိ ထန်းညှိ မောင်းနှင်….ပြုပြင် စိတ်ဓါတ် […]


maung khinminJune 24, 20122min04
အမှားတစ်ရာ  မကကြတော့ဘူး… အမှန်တရားဆီ  ခရီးနှင် ခဲ့ကြတယ်… နောက်ပြန်မလှည့်ချင်တဲ့  စိတ်ကို အတိတ်  တွေက  ပဲ့ကိုင်ခဲ့……….   ကောင်းကင် အမိုးကို  ဖောက်ခွဲ ဆန္ဒ မျိုးစေ့တွေ ကြဲချ…. ညည်းတွား မှုတွေကို  ခဝါချဖို ့.. ခွန်အားအသစ် …မွေးဖွား ဖို ့လိုတယ်…   လွတ်လပ်မှု ကငါ့ထံ  မလာတော့လည်း.. လွတ်လပ်ခြင်းဆီ…ငါပျံ ရမှာ ပ တစ်နေ ့ တစ်လံ မက….ခရီးဆန် ့… နောက်ပြန် စီးဆင်းနေတဲ့…မြစ်ထဲ တစ်ကယ်ဆို….လုံ ့လ ကအားနည်းနေသေး….   တစ်မိန် ့ တစ်သံကို…. နိမ္ဗာန် ထင်မှတ်ခဲ့ကြတာတော့….မဟုတ်ဘူး.. စိတ်မမှန်တဲ့  အရူးတွေရဲ့  လက်မှာ အနာဂတ် ဆိုတာ….မှုန်ဝါးဝါး ဒီလိုနဲ ့..လုံးပါးပါးခဲ့ကြ…. […]


maung khinminJune 24, 20121min011
အလှပေါ် အယဉ်ဆင့်ပါလို  ့ ပန်းတော်ဝင်  သဇင်ပွင့်တွေက ပင်မြင့်မှာ…စံ   တောဂနိုင် နံနက်ခင်းမှာလ ပန်းရောင်စုံ  ကတ္တီပါခင်း တွေနှင့် အလှချင်း လည်းပြိုင်   ဘယ်မနိုင် ပြိုင်စံရှားပါပေ့.. မော်ကြွားကာ လှဂုဏ်မောက်မာတယ်.. ကွယ်…….တစ်နေ ့တော့ ရင်ဖြင့်.. ကြွေလွင့်မှာ ဓမ္မတာ…သူမသိပေ သမို ့ ဝေပွင့်ပါ….ပင်ယံထက်ဆီမှာ စွမ်းကုန် ဝင့်ဝါလို ့… ပန်းတို ့ သဘော…..။။။။


အဖြူလို့ သမုတ်ထားပေမယ့် ခပ်နွမ်းနွမ်းရယ်ပါ … အပြာရောင် မသန်းနိုင်တော့တဲ့ ကောင်းကင်ရဲ့ ဇာတ်လမ်းကလည်း မိုးတိမ်တွေနဲ့ပဲ တစ်ခန်းရပ်ခဲ့ … ဒါကိုပဲ ပြောကြတယ် မိုးတွင်း မို့လို့ … တဲ့ စိမ်းလဲ့လဲ့ သစ်ရွက်က ချစ်ခြင်းရဲ့ နိမိတ်ပါဆိုရင် ကျုပ်ရင်ထဲ ဝင်ကြည့်လှည့် ရော်ရွက်ဝါတွေက ပျူငှာစွာ ကြိုဆိုနေပါလိမ့်မယ် … စိတ်တိုတိုနဲ့ ခဲတစ်လုံး ကောက်ကိုင်ပြီး အဝေးကြီး ပစ်ချလိုက်တယ် … ဆုတစ်ခုတော့ တောင်းလိုက်မိရဲ့ ကျုပ်ရဲ့ ကြေကွဲမှုတွေ အဲဒီ ခဲနောက် ပါသွားပါစေ … ဒေါက်ခနဲ ပြန်ကျ ကိုယ်ပစ်တဲ့ ခဲ ကိုယ့်ခေါင်းကို ပြန်ထိကာမှ အသိတစ်ခုရ ပေါက်ကွဲမှုတိုင်းဟာ ကိုယ့်ဆီကို ပြန်ရောက်လာတဲ့အခါ မိအေး နှစ်ခါနာ ဖြစ်ရပါလား ………….. […]


maung khinminJune 23, 20121min08
ဒို ့တိုင်း ဌါနီ…မြန်မာပြည်ဝယ် ဆန် ရေ စပါး…လွန်ပေါများပြီး သစ် ကျောက် လောင်စာ…ပေါလျံ ပါ၏…   သို ့ပေငြားလည်း…ဒို ့ပြည်သားတို ့ ဝမ်းမီးတောက်လောင်…လူတို ့ဘောင်ဝယ် မကြွယ်ဓန…မလောက်ငှရှာ တစ်နေ ့စာအတွက်…အရှာ ခက်မြဲ..   ငတ်မြဲ ကြာရှည်….မြန်မာပြည်မှာ အာဇာနည်ဘွား…ပြည်ချစ်သားတို ့ ကြိုးစား မျှော်ရည်…တန်းတူညီဖို ့ ညီညာ ပေါင်းစု….ဓိဌါန် ပြုရင်း ဖြေရှင်း ပညာ…အနာဂတ်သာအောင် ညီ နောင် တိုင်းရင်း….သွေးစည်းခြင်းဖြင့် ရင်း နှီးအောင်ပြု….ပြည်ထောင်စု မှာ တိုး တတ် ချမ်းသာ….မြန်ပြည် သာမည် တွဲလက် များလည်း….ညီစေသော်…။။။    


maung khinminJune 23, 20121min013
ဖြူစင်စိတ်ထား…စကားတည်စေ သွေးချင်း ညီမျှ…ပေါင်းစည်းအားမာန် ဒို ့နိုင်ငံအတွက်….ပေးဆပ် ကြိုးစား ကမ ္ဘာတစ်လွှားမှာ….မော်ကြွား ရဲရင့် ပွဲလယ် တင့်အောင်….ကြံဆောင် လုံ ့လ ဝိရိယထူ…ဉာဏ်ကူဆောင်ရွက် အမျိုးမြတ်မှ…တိုးတတ်တိုင်းပြည် ခိုင်ခံ့ တည်မည်……. ထိ်န်ညီး ရောင်ဝါ…သာသနာလည်း နေ မီး လျံထွက်…လင်းလက်စေသား နိုးကြွား ထလော့….အို မြန်မာ..။။။


ဂ်စ္စူJune 22, 20121min070
မမြင်လို ့လဲ……….. မနင်းမိစေနဲ ့ မသိလို ့လဲ…………. မနင်းမိစေနဲ ့ ယောင်လို ့လဲ………. မနင်းမိစေနဲ ့ မတော်တဆဆိုလို ့လဲ….. မနင်းမိစေနဲ ့ ငါဟာ……. ငါ့လမ်းငါသွား ငါ့အစာငါစား လို ့.. တိတ်ဆိတ်စွာ နေလိုတဲ့……. အာရုံနောက် မခံနိုင်တဲ့…. အသည်းနုသော အညှိုးကြီးသော သတ်ရဲသေရဲသော….. အဆိပ်ပြင်းသူ ဖြစ်တယ်။ ( ဘာရယ်မဟုတ် ဒီလိုပဲ လက်စမ်းခြင်းသာဖြစ်ပါ၏ )