ေဟသီAugust 4, 20152min013
မိတ်ဆက်စာရေးပြီးမှ ရုတ်တရက် နှစ်ရက်လောက် ပျောက်သွားတဲ့ ကျွန်မကို ရွာသူ ရွာသား အားလုံး ထူးဆန်း နေကြလိမ့်မည်ဟု ထင်မိသည်။ တကယ်တော့ ပီပီပြင်ပြင် စာရေးမယ်လို့ စိတ်ကူးပြီးကာမှ အားလုံးသိကြတဲ့ အတိုင်း မြန်မာ တစ်ပြည်လုံး ရေကြီး ရေလျှံ ရေမြှုပ်မှု သတင်းတွေကို မကြားချင်မှ အဆုံး (အစိုးရပိုင် Media များမှလွဲ၍) မြင်သိ ကြားနေကြရသည်။ အတိုးချ နားမယ်လို့ စိတ်ကူးထားတဲ့ သုံးရက်အတွင်း ကွန်ပျူတာ မဖွင့်နိုင်အောင်ကို စိတ်ထဲလေး နေတာက ဒီရေဘေး ကိစ္စ ဖြစ်သည်။ ညဆိုလည်း အိပ်လို့ မပျော်တော့၊ မျက်စိမှိတ်ပြီး အိပ်ဖို့ ကြိုးစားတိုင်း မြန်မာ နိုင်ငံ၏ (၇၈.၆%)က ရေဘေး ခံစားနေရကြောင်း၊ တိုင်းနှင့်ပြည်နယ် (၁၁) ခု […]


လောကကြီး ထဲမှာ သူများတွေထက် အောင်မြင်နေ တဲ့ သူ တွေ ရဲ့ အတွေးအခေါ်တွေ၊ သူတို့ ဘဝဖြတ်သန်းခဲ့ရပုံတွေ ဟာ လိုက်ကြည့်ရင် အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီလို တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကြိုးစားအားထုတ်ရမှု တွေ၊ ကြီးပျင်းလာရပုံ တွေလဲ ကွဲကြပါတယ်။ ဒါပေမဲ့ အားလုံး မှာ တူတာကတော့ သူများ နဲ့ ကွဲပြားတဲ့ တီထွင်စိတ်ကူး ရှိကြခြင်း နဲ့ ပြင်းပြသောဇွဲ လုံ့လ နဲ့ ကြိုးစားကြခြင်း တို့ပါဘဲ။ အဲဒါတွေကဘဲ သူတို့ ကို သူမတူ တဲ့ အောင်မြင်ခြင်း တွေ ပေးတာ ထင်ရဲ့။ မနေ့က Post တင်ထား တဲ့ “ဂျေကေ ရိုးလင်း ၏ […]


. မြတစ်ယောက် လက်ခမောင်းခတ် နေသည်။ . တောမီးလောင်၍ တော့ မဟုတ်။ ရည်မှန်းချက် ပြည့်ခါနီး၍ ဖြစ်သည်။ ကိုယ့်ရှေ့မှ ချစ်သောသွေးသောက်ညီအစ်မကလဲ အသော့နှင်နေလေပြီ။ မဝေးသော တစ်နေ့တွင် မ နှင့် မြ တွဲ၍ ပန်းဝင်နိုင်မည် မှန်း၏။ :-)) . ရှေ့ မှာရှိသူ ချစ်မမ နောက်မှ လိုက်ဖို့ သာ ဆုံးဖြတ်ထားသည်။ ထို့ကြောင့် လီဗာကိုလျှော့ ကာ ဘရိတ်နင်းသင့်နင်းရပေမည်။ . မြသည် အဖော် ကို အင်မတန် မင်သည်။ “တစ်ယောက်ထဲ ဆို နိဗ္ဗါန်ရောက်မည်။ အဖော်နဲ့ ဆို ငရဲ သွား ရမည်” လို့ ပြောလျှင် ငရဲကို ရွေးလိမ့်မည်။ သို့သော် အတည်မမှတ်လိုက်ကြပါနဲ့  […]


Ma MaAugust 2, 20153min012
Oxford ဆရာတော် ဒေါက်တာ ဓမ္မသာမိဟောတဲ့တရားကိုနာပြီး လူတွေရဲ့ ငြီးငွေ့တတ်မှုနဲ့ အပြောင်းအလဲကို လိုချင်တတ်တဲ့သဘာဝကို ကိုယ့်ကိုကိုယ်မှာလည်း ပြန်ရှာတွေ့မိတယ်။  🙁   ဘယ်လောက်ပဲ သဘောကျကျ ကြာလာရင်ငြီးငွေ့တတ်တဲ့ သဘောရှိတာမို့………….. တစ်နေ့ပြီးတစ်နေ့တွေကို အတော်လည်းငြီးငွေ့နေလောက်ပါပြီ။   သို့သော်လည်း သဂျီးဆာဗာမှာ အလကား ၂၀ဝကျပ်တင်း (ပိုစ့်တစ်ပုဒ် ၂၀၀) ရတာအပြင် ကာတွန်းပြက္ခဒိန်ကို တစ်နှစ်လုံးအတွက် မှတ်တမ်းတင်ချင်လေတော့ ရေးရပေဦးမည်ပေ့ါ။ :k:   ဒီတစ်ပတ်အတွက်ကာတွန်းတွေကတော့ ဩဂုတ်လ ၂၁ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။ အပြိုင်အဆိုင်ဈေးကွက်ခေတ်ကြီးမှာ ……………. ဝန်ဆောင်မှုကို လက်နက်ကောင်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။   ဟိုးတုန်းက သိန်းပေါင်းများစွာပေးရတဲ့ ဖုံးလိုင်းကဒ်တစ်ကဒ်ကို ဝယ်ယူခွင့်ရဖို့ လျှောက်လွှာတင်၊ အကြာကြီးစောင့်ရတယ်။ ဝယ်ယူခွင့်ရပြီဆိုရင်တော့ သိန်းဆုကြီးပေါက်ပြီပေ့ါ။   အခုအချိန်မှာ ဖုံးလိုင်းကဒ်တစ်ကဒ်ဟာ […]


alinsettAugust 1, 20152min018
#ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်# (A) ခါးသက်ကြမ်းရှ … ကိုယ့်လက်ထဲက ကံကြမ္မာများ တခွမ်းခွမ်း ကျကွဲတဲ့ညကပေါ့ကွယ်… (B) ဝှက်ဖဲတစ်ချပ်ကို ဝှက်သည်ထက်ဝှက်ရင်း…. နောက်ဆုံးမှာ… ကိုယ်ကိုယ်တိုင် ပျောက်ဆုံး… ဟောဒီ – ခမ်းနားကြီးကျယ်လှပါသော အညတရလူသားရဲ့ မလှမပ-ညဆိုးများ… ဘယ်ဆီမှာ အနားသတ်သွားပါသလဲ…. (C) အမှောင်မိုက်ဆုံးတိမ်တိုက်မှာတောင် ငွေရောင် အနားကွပ်လေး ရှိသေးသတဲ့… ဟေ့အေး… အဲဒါက ကြည့်သောသူနှင့်သာ ဆိုင်ပါတယ်…. ရွှေခေတ်မှာတောင် ရွှံ့စော်နံတဲ့သူ.. ငါလိုလူ ဤဇဗ္ဗူမှာ ထပ်မရှိနိုင်ဘူးရယ်လို့… (D) ဒီလိုပဲပေါ့ကွယ် … ဖတ်ခဲ့ဖူးတဲ့ စာသားတစ်ပိုဒ်အတိုင်း … ဘဝဆိုတာကိုက လက်ဖက်ရည်ခွက်ထဲ ကျသွားရတဲ့ ယင်ကောင်လို… ရုန်းရင်းကန်ရင်း ချိုမြိန်လိုက်ရတာပါပဲ… (E) ဝင်္ကပါသာ ဆန်ပြီး ထွက်ကမ္ဘာမဆန်ပါသော … လမ်းတချို့မှာ … […]


. မြ တို့ မွေးမြေရဲ့ နေရာ အနှံ့ မှာ လူအများ အတိဒုက္ခရောက်နေတာကို အဝေးကဘဲ ငေးရင်း အလှူငွေလေး ထည့်ပေးနော် လို့ ပြောနိုင်တာက လွဲလို့ ဘာမှ လုပ်မပေးနိုင်။ ဘာမှ လုပ်မပေးနိုင်လို့ FB ထဲ သတင်းတွေချည်း ထိုင်ဖတ် တော့ လပြည့်နေ့မှာ ကုသိုလ်စိတ်မဖြစ်ဘဲ အကုသိုလ်တွေ အလုံးအရင်းဝင်သည်။ တကဲ့ သတင်းမှန် ထက် ဖာသတင်း တွေ မြင်ရ၍ ဖြစ်သည်။ ဖာတာ ကို အပြစ်မပြောပါ။ သို့ပေမဲ့ စိုးရိမ်သင့်သည် ကိုတော့ စိုးရိမ်ရမည်။ . ဖြစ်ပွါးလာနိုင်သည့် ဆိုးကျိုးများ ကို ကြို တင်ပြီး မြင်နိုင်မှ ကြိုတင်ကာကွယ် မှုများ လုပ်နိုင်မည်။ Risk assessment […]


“ အဖြေမရှိတဲ့ ပဟေဠိများနဲ့နိုင်ငံ “ တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၁၀)   ကျနော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက မယုံနိုင်လောက်စရာ စဉ်းစားလို့မမှီနို်င်စရာတွေနဲ့ပြည့်နှက်လိုနေပါတယ်။ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းပုံတွေက လူသာမန်တွေစဉ်းစားလို့မလိုက်နိုင်တဲ့ ဖြေရှင်းနည်းတွေဘဲကြုံနေပါတယ်။ အံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ပေါ်လာတာကလဲ အံ့ဩစရာဆိုတာထက်ပိုအံ့ဩဘို့ကောင်းနေပါသေးတယ်။ တိုင်းပြည်ပဲ့ကိုင်ခေါင်ချုပ်တစ်ဦး ကွယ်လွန်သွားချိန်နဲ့တိုက်ဆိုင်စွာ နာမယ်ကျော်စီးပွားရေးသမားရဲ့ပိုင်ဆိုင်တဲ့ နေရာထဲမှာ စိတ်ကြွဆေးပြားကားတစ်စီးတိုက် ပိုင်ရှင်မဲ့ တွေ့ရပြန်သတဲ့။   ပြဿနာအတော်များတဲ့ မင်းအုပ်စိုးအမူ့ကိုတစ်သက်တစ်ကျွန်းချလိုက်တဲ့အချိန်မှာ သစ်ခိုးခုတ်တဲ့အမူ့ကိုလဲတစ်သက်တစ်ကျွန်းချလိုက်ပြီးဆိုတဲ့သတင်းထွက်လာတော့ ဟုတ်မှဟုတ်ရဲ့လားလို့ ထင်သူထင်။ ထင်ဆိုလဲထင်လောက်စရာပါဘဲ ။ ပညာရေးအတွက်တိုက်ပွဲဝင်တာကလွဲလို့ ဘာအမူ့အခင်းမှမလုပ်ခဲ့ဘူးတဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ရုံးထုတ်ရင်လက်ထိပ်ခပ်ထားပေမယ့် လူတစ်ယောက်အသက်ကိုမသေမချင်းသတ်ခဲ့ရုံမက အမူ့အခင်းများစွာ ရင်ဆိုင်ခဲ့ဘူးတဲ့သူကတော့ လက်ထိပ်မခတ်။ ဝတ်စားထားပုံကမိုက်ပြစ်အတွက်အပြစ်ဒဏ်ကျခံရတော့မယ့်သူနဲ့မတူ။ ဘာကြောင့်လို့ ဒီလိုကွာခြားသလဲလို့မေးကြည့်ရင်ဒါကလဲပဟေဠိတစ်ခု။   တိုင်းပြည်ကို တရား မဝင်ခိုးဝင် သစ်တွေခိုးခုတ်။ (ဒီအလုပ်တွေက လဲ အတွင်းလူမပါဘဲလုပ်လို့မရ) တဲ့တိုင်းတပါးသားကိုလဲ တစ်သက်တစ်ကျွန်းတွေဘာတွေဟန်တန်ပန်တန်နဲ့ ချလိုက်တော့ ဒီတစ်ခါတော့ […]


CourageJuly 30, 20152min020
နှင်းဆီများနှင့် စီးမျောခြင်း   နှင်းဆီလို့ ဆိုလိုက်တာနဲ့ ချစ်ခြင်းရဲ့ သင်္ကေတအဖြစ် အများက သတ်မှတ်ထားမယ်ဆိုတာ ယုံမှားဖွယ်တော့မရှိပါဘူး။ ဒီအယူက ယေဘူရအားဖြင့်တော့ မှန်နိုင်ပေမယ့် တစ်ကယ်တန်းနှင်းဆီမှာ သူ့အရောင်နဲ့သူလိုက်ပြီး ဆင့်ပွား အဓိပ္ပါယ်တွေလဲများစွာရှိနေပါတယ်။ နှင်းဆီအရောင်ကွဲများစွာရှိတဲ့ အထဲမှာမှ အတွေ့များ အမြင်များရတဲ့ နှင်းဆီပန်းများနှင့် သူ့အရောင်နဲ့လိုက်ကာ ဖေါ်ဆောင်နေတဲ့ အဓိပ္ပါယ်တွေကို လက်လှမ်း မှီသလောက် ဖေါ်ပြရမယ်ဆိုရင် အနီရောင် နှင်းဆီ (Red Rose) – အချစ်။ ချစ်ရေးချစ်ရာနှင့် သက်ဆိုင်ခြင်း ပန်းရောင် နှင်းဆီ (Pink Rose) – ချစ်ခြင်း။ ကျေးဇူးတင်ရှိခြင်း။ တန်ဖိုးထားခြင်း။ နားလယ် သဘောပေါက်ခြင်း။ အဖြူရောင် နှင်းဆီ (White Rose) – ထိမ်းမြားလက်ထပ်ခြင်း။ ယုံကြည်သက်ဝင်မှု။ ပြန်လည်စတင်ခြင်း။ အပြစ်ကင်းစင်ခြင်း။ […]


“ပြေ ကွဲ ဇာတ်လမ်း”   ပုတီးကုံး အစည်းပြေ အစီစီ မွကြဲ တစ်ကွဲစီ။   မှန်တစ်ချပ် ကျကွဲကြေ အစိတ်စိတ် မွကြဲ တစ်ကွဲစီ။   အချုပ်ပြေသော် တစစီကွဲ ဖြစ်မြဲ ဓမ္မတာ။ ထိပ်ခေါင်ချုပ် ပြောင်းကြွကြွေ တစ်စစီ ကွဲ မကွဲ အစည်း ပြေ မပြေ စိတ်ဝင်စားပါသလေ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 30-7-2015              


ေဟသီJuly 30, 20151min036
ဒီရွာကြီးထဲရောက်ပြီး လေးနှစ်ကျော်မှ လှုပ်လှုပ်ရှားရှား လုပ်ပြီး မိတ်ဆက်ရတာ တမျိုးကြီးတော့ ဖြစ်မိသည်။ အရင်က comment ပင် မရေးမိ။ စာတွေချည်းသာ လိုက်ဖတ်နေခဲ့သူ။ ရှားရှားပါးပါး comment နှစ်ခုတော့ ရှိသည်။ ပို့စ်တင်ဖို့ ဆိုတာ ဝေးလာဝေးသည်။ ခုမှ ဘယ်လို ဖြစ်ပြီး စိတ်ရူးပေါက်သလဲ ရှင်းတော့ ရှင်းပြချင်သည်။ လွန်ခဲ့တဲ့ လေးနှစ်က သာမာန် ရုံးဝန်ထမ်း သာမညကလေးမို့ အလုပ်ချိန်ပြီးလျှင် အနားယူချိန်များသည်။ သို့သော် စာရေးရန် ဝမ်းစာမပြည့်တော့ သူများရေးသမျှ ဖတ်ချည်းသာနေရသည်။ စာဖတ်တာလည်း ဝါသနာပါသည်။ ဪ သူရေးပုံလေးက ဘယ်လို…. ဒီလူ ရေးပုံက မိုက်သား…… ဒီလိုလေးလည်း ရေးလို့ရသား နဲ့ ဆိုပြီး သူများရေးသမျှတွေကို စိတ်ကသာ မှတ်ချက်ပေးပြီး ဖတ်မိသည်။ ဒီလိုနဲ့ […]


padonmarJuly 29, 20151min027
ဝါဆိုလပြည့်ဆိုရင် တရားဦး ဓမ္မစကြာဟောတာကိုပဲ သတိရမိတတ်ပါတယ်။ တရားဦးနာကြားခွင့်ရပြီး ဂေါတမမြတ်စွာဘုရား သာသနာမှာ ပထမဆုံး သောတာပန်အဖြစ် သစ္စာလေးပါးတရားကို နားလည်သွားသူကတော့ လူတိုင်းသိတဲ့ အရှင် ကောဏ္ဍည မထေရ်ကြီး ဖြစ်ပါတယ်။ မြတ်စွာဘုရားက `အညာသိဝတဘော ကောဏ္ဍညော ၊ အညာသိဝတဘော ကောဏ္ဍညော =ကောဏ္ဍညတော့ တရားမှန်ကိုသိသွားပြီဟေ့ ´ လို့ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးခံရတဲ့ အတွက် `အညာသိ ကောဏ္ဍည =တရားကို ဦးဆုံးသိသူ ကောဏ္ဍည ´ရယ်လို့ နာမည်ကျော် ဧတဒဂ်ရ မထေရ်ကြီး ဖြစ်ပါတယ်။ ဒီဘုရား သာသနာမှာ နောက်ဆုံး ကျွတ်တန်းဝင်တဲ့ (ဘုရားမျက်မှောက် နောက်ဆုံး ရဟန္တာ အဖြစ်ရသူ) သာဝက ကိုတော့ သိသူနည်းပါတယ်။ သုဘဒ္ဒပရဗိုဇ် လို့ခေါ်ပါတယ်။ (ဘုရားဖြစ်ရာ ဗောဓိပင်အောက်ကနေ ဓမ္မစကြာတရားဟောဖို့ […]


. မြ တစ်ယောက် စကားပုံ တစ်ခု အကြောင်း စဉ်းစားနေသည်။ “ကိုယ့်ငါးချဉ် ကိုယ်ချဉ်” ဟူသော စကားပုံ ဖြစ်သည်။ တကယ်တော့ စားမကောင်း တဲ့ ငါးချဉ် ကို တော့ မည်သူက မျက်စိမှိတ်၍ စားနိုင်မည်နည်း။ စားလို့ မကောင်းအောင် အရသာ ရှိသောအစာ ကို စားမိ ရင် အနည်းဆုံးတော့ သူ့မျက်နှာပေါ် မှာ အဖြေရှာ၍ ရနိုင်သည် မဟုတ်လော။ ရှုံ့တွတွ နှင့် မအီမလည် ခံစားမှု သည် ဖုံးလို့ တော့ မရနိုင်ပေ။ ပြီးခဲ့တဲ့ ရက်ထဲ ဘေးကတစ်ယောက်မှ အတင်းလာပြောသည်။ . မြ ရဲ့ မောင်ဝမ်းကွဲလေး ရဲ့ ဖေစ့်ဘုတ် ပေါ်က Status အကြောင်းကို […]


SawAungJuly 29, 20151min09
ခုတလော သီချင်းတွေ တော်တော်နားထောင်ဖြစ်နေတယ်။ ပြီးတော့ အိပ်မက်ဆုံရာ (ရာသက်ပန်)မှာ Winner ဖြစ်သွားတဲ့ အောင်ထက်အကြောင်းကိုရောပေါ့။ ပြို င်ပွဲမှာ ပြိုင်တဲ့ သီချင်းတွေဟာ အဟောင်းတွေချည်းပဲ ဆိုပေမယ့် ပုံစံအသစ်နဲ့ ပြန်ဆိုရတဲ့ ပွဲတစ်ပွဲ ပေါ့။ ပွဲစဉ်တစ်လျှောက် သူပဲ ထင်းထင်းလင်းလင်း အရမ်းကောင်းနေတာတော့ ကြည့်မိ တိုင်း သိပေမယ့် သူပြိုင်တဲ့ သီချင်းအကုန်လုံးကိုတော့ နားမထောင်ဖြစ်ခဲ့ပါဘူး။   ပွဲပြီးဆုံးချိန် Winner ဖြစ်ပြီးနောက်ပိုင်းမှာ သူပြိုင်ခဲ့တဲ့ သီချင်းတွေဒာ You Tube တွေ အွန်လိုင်းသီချင်းဝက်ဆိုက်ဒ်တွေမှာ ပျံ့ နှံ့လို လာခဲ့ပါတယ်။ သီချင်းအားလုံးကောင်းပေမယ့် ပထမဆုံး ပြောပြချင်တဲ့ သီချင်းတစ်ပုဒ်က သူဆိုတဲ့ပုံစံနဲ့ မူရင်းဆိုတဲ့ အဆိုတော်ပုံစံ အရမ်းကွဲထွက်ပြီး မူရင်းဆိုတဲ့ သူတုန်းက မကြိုက်ဘဲ သူ့ဆိုပေါက်မှ ကြိုက်ခဲ့တဲ့အတွက်ပါ။ […]