SawAungSeptember 2, 20152min04
လွန်ခဲ့တဲ့ သုံးလေးရက်က ဒန်ဒရိုဘီယမ်သစ်ခွအကြောင်း ရေးပြီးတဲ့အခါမှာတော့ ဒီတစ်ခေါက် လိပ်ပြာသစ်ခွအကြောင်းကို ဆက်ရေးပါဦးမယ်။   လိပ်ပြာသစ်ခွလို့ ဆိုလိုက်တာနဲ့ သိတဲ့သူတွေလည်း သိကြမှာပါ။ နာမည်ကြီးတယ်။ အပင်က ပုသလောက် အပွင်းကလှတယ်။ အပွင့်ရဲ့ ပွင့်ဖတ်တွေက လိပ်ပြာတောင်ပံလို ခပ်ဝိုင်းဝိုင်းနဲ့ အရောင်အသွေးအစုံရှိတယ်။ ပွင့်ဖတ်ထူထဲတယ် တော်ရုံမညှိးဘူး။ လိပ်ပြာသစ်ခွကို Phalaenopsis လို့လည်းခေါ်တယ်။ တလောက ကိုဂီရဲ့ လိပ်ပြာသစ်ခွ ဓာတ်ပုံတွေ တွေ့လိုက်သေးတယ်။   စိုက်ပျိုးမှု ၊ ပျိုးခံ   သစ်ခွတွေရဲ့ ထုံးစံအတိုင်း အုန်းခွံ ၊ မီးသွေးနဲ့ ရေညှိတို့ကို ပျိုးခံထားပါတယ်။ အိုးနဲ့စိုက်ကြသလို အပင်ပေါ်တွင်လည်း ကပ်ကာ စိုက်နိုင်ပါတယ်။   ရေပေးဝေမှု   ရေစီးရေလာကောင်းတဲ့ပျိုးခံဖြစ်ရပါမယ်။ ကြပ်သိပ်နေတာမျိုးဆို မကောင်းပါဘူး။ ရေလောင်းလိုက်တာနဲ့ အောက်ကို […]


ေဟသီAugust 31, 20151min013
ယုံကြည်မှု နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတရားက ကတိကဝတ်နဲ့ ရိုက်ချိုးခံရတယ်။။ လူတွေက သစ္စာတရားကို စာရွက်တစ်ခုပေါ်က ခြစ်ရာတစ်ခုထက် ပိုမြတ်နိုးကြတယ် အဖေ…………   ကန်တော့ပွဲနဲ့ မိသားဖသားပီပီ အဖေလာခဲ့စဉ်တုန်းက ပေးခဲ့တဲ့ ကတိနဲ့ ဘုရားသခင်ရှေ့မှာ အမေက နာသည်ဖျားသည် အိုမင်းသည်ထိလို့ ပြောခဲ့တဲ့စကား အဖေရုပ်ခန္ဓာ မီးသဂြိုလ်စက်ထဲ ထည့်တဲ့အထိ တည်ပါတယ်…….   ဖောက်ပြားတဲ့ ယောကျာင်္းတွေကြောင့်ပါလို့ ပြောတယ် ဒါပေမယ့် သူတို့တွေ အဲ့ဒီ ကျန်ခဲ့တဲ့ မိန်းမတွေကိုပဲ မြေနိမ့်ရာ လှံစိုက်ခဲ့တာပါ….   တစ်ခုလပ် တစ်လင်ကွာ သုံးလင်ပြောင်းတဲ့ မယား အို…..စုံလို့ သူတို့ပဲ အမည်တပ်ကြတာ… တံခွန်မရှိတဲ့ ရထား လင်မရှိတဲ့ မယား ပြီးတော့ နစ်နာမှာစိုးလို့ ဆိုပြီး သူတို့ပဲ စည်းတွေတားနေကြတယ်…… ငွေရှိမယ့် […]


alinsettAugust 31, 20151min010
                                  .နေသာတဲ့နေ့ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ .မနက်ဖြန်ရောက်ရင် …. .ထမင်းမဝတဲ့သူတို့… ဟင်းတွေပါ ဝလာမယ်..   .မနက်ဖြန်ရောက်ရင် … .စစ်ဘေးဒဏ်သင့်မြေမှာ…. ပန်းတွေပါ ပွင့်လာမယ်… .မနက်ဖြန်ရောက်ရင် … .ပြိုပျက်နေတဲ့ ကျောင်းအိုမှာ စာအံသံတွေ တစာစာ…ကြားရမယ်… .မနက်ဖြန်ရောက်ရင် … .သုဉ်းသွားတဲ့တောတောင်တွေ ပြန်ပေါက်ရောက်လာမယ်… .မနက်ဖြန်ရောက်ရင်ပေါ့… .ဒုက္ခသည်စခန်းတွေဆီကနေ ကိုယ့်မြေကိုယ့်ယာဆီ .တည်ငြိမ်စွာ ပြန်လာကြမယ်… .မနက်ဖြန်ရောက်ရင်ပေါ့ကွယ်… .ဟောဟိုက ကလေးငယ်တွေဟာ ရေသန့်ဗူးခွံတွေအစား ကိုယ့်သယံဇာတ .ကိုယ်ကောက်မယ်… .မနက်ဖြန်….. .ဟုတ်တယ်….မနက်ဖြန် ရောက်ရင်လေ… .ငါတို့တတွေရဲ့ […]


padonmarAugust 29, 20151min051
ကဗျာဆန်ဆန်ပြောရရင်တော့ ဒီစာကို နှလုံးသွေးနဲ့ ရေးရတယ်လို့ ပြောချင်ပါတယ်။ဟုတ်တယ်။ နှလုံးသွေးမှ အရှင်လတ်လတ် ခုန်နေဆဲ နှလုံးသားကို ဒါးစိုက်လို့ တစက်စက်နာကျင်စွာ ကျရတဲ့သွေး။ဘာလို့လဲဆိုတော့ ကိုယ်အလေးအနက်ထား ပြောခဲ့ရေးခဲ့တာနဲ့ ဆန့်ကျင်ဘက်ပြောရလို့ပါ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တချိန်ကလည်း ရင်နာနာနဲ့ ရေးခဲ့ရတယ်။နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ဆိုပြီး ဘာ့ကြောင့် ချစ်ပါရက်နဲ့ အမိမြေကို စွန့်သွားကြရတယ်ဆိုတဲ့ အကြောင်း။စာအဆုံးမှာတော့ ဆယ်လမွန်ငါးလေးတွေလို ပြန်ချိန်သင့်ပါပြီဆိုပြီး အမိမြေရဲ့ အဝေးရောက်သားသမီးတွေကို ပြန်ခဲ့ဖို့ ခေါ်ခဲ့မိတယ် ။ခေါ်ခဲ့မိပါတယ်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခုတော့…………စက်တင်ဘာလ ၁ရက်ကနေစပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်လိုက်ပြီလို့ ကြေငြာလိုက်ပြီ။အလုပ်သမားလေးတွေဖက်က စဉ်းစားရင် ဝမ်းသာပါတယ်။သူတို့လေးတွေ တူတူတန်တန် လုပ်ခရပြီး ဘဝ အဆင့်တိုးတက်မယ်လို့ မျှော်မှန်းရတာပေါ့။အမိုးအကာအောက်က လုံလုံခြုံခြုံ အလုပ်မှာ တနေ့ ၈နာရီလုပ်ရင် ကျပ် ၃၆၀ဝ ဝင်ငွေကို […]


SawAungAugust 28, 20151min05
ဘယ်ဘက်မျက်လုံးက စနာလို့ တစ်ရက်နှစ်ရက်အကြာမှာ ညာဘက်ကိုကူးတယ်။ သည်လိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်အကျင့်ဆိုတာ ကူးတတ်သလားပေါ့။   ဟံသာဝတီအဝိုင်းကနေ တောင်ဥက္ကလာကို လမ်းလျှောက်ပြန်တဲ့ညတွေရယ်……… ဆာလောင်တဲ့ဝမ်းတစ်ထွာနဲ့ ပီဇာဆိုင်ကိုငေးကြည့်ခဲ့ရတဲ့အချိန် ဒုက္ခဟာ အဖော်အပေါင်းနဲ့လာတယ်ဆိုတာ တကယ်မှန်တယ်။   ဖြတ်ထားတဲ့ စီးကရက်က တော်တော်ကြာ စိတ်ဖြေဖျောက်မှုက စီးကရက်ဆီပြန်ရောက်တယ်။ တခါတလေပေါ့ စိတ်ထွက်ပေါက်ဆိုတာ သက်ရှိ သက်မဲ့ အရာရာတစ်ခုပေါ် သက်ရောက်တတ်တယ်ဆိုတာ….။   ဘတ်စ်ကားခလိုလို့ မမအိတ်ကပ်ထဲကို အလစ်သုတ်တဲ့အချိန် ပိုက်ဆံမပါလာဘဲ လက်ထဲပါလာတာက စီးကရက်တစ်ဘူး ဪ………. သူလည်း စိတ်ထွက်ပေါက်ရှာတယ်ထင်ပါရဲ့ ့ ။   ငွေလိုလို့ အမေ့ဆီ တစ်ထောင်လောက်တောင်းမိတဲ့အခါ အမေပြောတဲ့စကားက သူ့ကိုပေးပြီး ပြန်တောင်းတာများများတဲ့ ဆွံ့  အ သွားတဲ့ နှုတ်ခမ်းအစုံ သွားနဲ့ဖိကိုက်လိုက်တယ်။   ဟုတ်တယ်…အမေ […]


black chawAugust 28, 20151min023
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် လေးတွေ ကို စကားဝိုင်းဖွဲ့ မှတ်မိသလောက် ကိုယ်သိမှီ သလောက်လေးတွေ ပြောလည်းပြော…၊ သူများပြောတာလေးတွေလည်း နားထောင် ရတာ အရသာ တစ်ခုပါပဲဗျာ…။ အခုလည်း စကားဝိုင်းဖွဲ့ရအောင် အစလေး တစ်ခု ဆွဲထုတ်လိုက်ပါဦးမယ်။ ဇော်ဝင်းထွဋ် မှ ဇော်ဝင်းထွဋ် ဖြစ်နေတဲ့ အချိန်မျိုးမှာ (ဆေးဆိုးပန်းရိုက်မျက်နှာထွက်ပြီးကာစ) လေးဖြူ ဆိုတဲ့ အဆိုတော် အသစ်က အားကောင်းမောင်းသန် စွာနဲ့ ပေါ်ထွက်လာခဲ့တာ မှတ်မိကြဦးမှာပါ။ ကန္တာရလမင်း၊ ပင်လယ်အော်သံ တွေ ထွက်ပြီးစ အချိန်) Emperor နဲ့ ဇော်ဝင်းထွဋ် အတွဲလိုက် ဒိတ်ဒိတ်ကျဲ ဖြစ်နေချိန်မှာ လေးဖြူကလည်း Iron Cross နဲ့ လေးဖြူ အတွဲလိုက် တိုင်းသိပြည်သိ ဖြစ်လာခဲ့တာမျိုးပါ။ ဟေးဟေး စိုင်းစိုင်း တို့ […]


အင်းးးးး  အဖြစ်ကတော့ မနှစ်ကနဲ့ မတူ ဆိုသလို မနေ့ကပေါ့ဗျာ ၊ ရုံးကအပြန် လှည်းတန်းဈေးဝင် ၊ စားကောင်းမယ်ထင်တာလေးတွေဝယ် ၊ ဘိုဘိုဟန်ဆိုင်က အက်ဒမန်ဂိုးလ် ဘီယာလေး ၂ ဘူးဆွဲလို့ အိမ်ပေါ်တက် ၊ မီးဖိုထဲမှာက အမေ ၊ ပါလာတာလေးတွေချ ၊ ရေမိုးချိုး ၊ ဟင်းချက်စရာလေးတွေ ပြင်ဆင်နေတုန်း ( ဟဲ့ ဟိုကလေးမတွေ ဖုန်းကိုပဲ ပွတ်မနေနဲ့ ၊ ဒီမှာ နင်တို့အဖေကို လာကူဦးလေ ) လို့ အမေက ပုံမှန်ထက်ကျယ်တဲ့အသံနဲ့သူ့မြေးမ ၂ ယောက်ကို အော်ပါတယ် ၊ ( ခဏလေး အဖွားကြီး ၊   ကက်စတန်မာနဲ့ စကားပြောနေတာ ) ဒါက သမီးကြီးအသံ ၊ […]


ဇီဇီAugust 27, 20151min042
    ရွာထိပ်မှာ အလင်းဆက် တစ်ယောက် ကောက်ရိုးမီးရှို့ နေတာ တွေ့ကြတယ်မို့လားးး အမှတ်တရ- ရွာ့ ပြက္ခဒိန် လုပ်ကြစို့ – Calendar   အဲလာကို တဂျီးက မီးလောင်ရာ လေပင့်ပြီး အင်ဇာဂီကို အောက်ဆီဂျင်ဘူး နဲ့ လွှတ်လိုက်တဲ့ အချိန်မှာ ကောက်ရိုးမီးတောက်အားကြီး ဟုန်းဟုန်းတောက်လောင်ပြီး စလုံးမှာရှိတဲ့ ခင်ဇော် ရဲ့ ခေါင်းကို မီးစွဲပါတော့တယ်။ မနက်ကမှ ကိုယ်ကလည်း သတင်းတွေ လိုက်ဖတ်ပြီးလျှာလျှာရှည်ရှည်… မိန်းမ ခါးပိုက်နှုက်တွေ မိန်းမ အနုကြမ်းတွေ မိန်းမ သူခိုးတွေ အတော် အလုပ်ဖြစ်လာပြီ ဆိုပဲ.. နာ လည်းး နာ့ရုပ်နာ့ရည် အားးကိုးးပြီးး ရွာပြန် ဓားမြတိုက်ဖို့ စဉ်းစားမှ..!!!   ဆိုတဲ့ စတေးတပ်လည်း တင်မိပါတယ်။ ခင်ညားက […]


SawAungAugust 27, 20152min08
သစ်ခွကို တစ်ပင်နှစ်ပင် ဒါမှမဟုတ် အပင် (၄၀) (၅၀)ခန့် စစစိုက်တဲ့ အချိန်မှာ ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ အဲ့ဒါဟာ လူဆယ်ယောက်မှာ ကိုးယောက်လောက် ကြုံကြပါ တယ်။ အဲ့ဒါကို သင်ခန်းစာယူပြီး ဆက်လက်စိုက်ပျိုးရင် အောင်မြင်နိုင်ပါတယ်။   အိုးလဲခြင်း   ကိုယ့်ရဲ့ သစ်ခွပင်ဟာ ပျိုးစာတွေ ဆွေးလာမယ် ၊ အပင်တွေဟာ အရမ်းများလာပြီး အိုးအပြင်ကိုထိုးထွက်နေပြီဆိုရင်တော့ အိုးလဲဖို့အချိန်ရောက်ပါပြီ။ အိုးလဲတော့မယ် ဆိုရင်တော့ အောက်က ပျိုးခံအဟောင်းတွေကို တတ်နိုင်သလောက် ကုန်အောင် ဖယ်ပါ။ ဆွေးနေတဲ့အမြစ်တွေကို ခပ်ကြမ်းကြမ်းလေး ဖယ်ရှားပေးပါ။ အားလုံးသန့်ရှင်းပြီးရင်တော့ မှိုဆေးကျဲကျဲဖျော်ထားတဲ့ ဇလုံထဲမှာ (၁၅)မိနစ်လောက်စိမ်ပါ။ စိမ်ပြီးရင်တော့ မစိုက်ခင် အပင်ကိုခြောက်သွေ့အောင်ထားပြီး စိုက်ပါ။ အိုးအသစ် ပျိုးခံအသစ်နဲ့မို့ အပင်ကို ငြိမ်အောင် ဥယောင်ပင်စည်ကို ချိတ်ထားတဲ့ သံကြိုးနဲ့ဖြစ်ဖြစ် […]


Foolish GirlAugust 27, 20151min010
ခုတလောရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်တာတွေကို ကလေး လူငယ် လူကြီး ဆင်းရဲချမ်းသာ အကုန်လုံးကတက်တက်ကြွကြွနဲ့ လုပ်နေကြတာမြင်ရတော့ကြည်နူးမိတယ်။ ဪလူတွေ တစ်ယောက်ဒုက္ခရောက်တော့ကျန်တဲ့သူတွေကမရှိပေမယ့် ရှိသလောက်ကူညီရိုင်းပင်းကြတာလေးကလည်းကြည်နူးစရာပေါ့။ ဒါပေမယ့်အဲဒီအလှူခံတာတွေနဲ့ပတ်သတ်ပြီးတွေ့ရတဲ့တချို့သောကိစ္စတွေကလည်းစိတ်ကိုမချမ်းမြေ့စေပြန်ဘူး။ ဘုရားမကြောက်တရားမကြောက်လူတွေရဲ့လုပ်ရပ်တွေပေါ့ ရေဘေးအတွက် အလှူခံပါတယ်ဆိုပြီးရသမျှငွေကိုအလှူခံတဲ့သူတွေကအညီအမျှခွဲဝေကြတယ်၊ ရေဘေးအတွက် အလှူခံတဲ့အချိန်မှာ စားသောက်ကုန်ကျစရိတ်တွေကို ရတဲ့ငွေကနေရှင်းတယ် (မရှင်းနဲ့လို့ဆိုတာမဟုတ်ဘဲ ဒုက္ခရောက်တဲ့သူတွေအတွက်လှူထားတဲ့ငွေကို ဆိုင်ကောင်းကောင်းတွေမှာစားပြီးငွေရှင်းတာကိုပြောချင်တာပါ)၊ တချို့တချို့ကျပြန်တော့ နာမည်ကြီးချင်တာရယ် ပေါ်ပြူလာဖြစ်ချင်တာရယ်ပေါ့(fb မှာ status တင်ဖို့ စသဖြင့်ပေါ့) ၊ တချို့များကကျပြန်တော့ ပရိတ်သတ်တွေမုန်းမှာစိုးရိမ်တာပေါ့ ပြောရရင်တော့အများအတွက်လုပ်တဲ့နေရာမှာ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့သူတွေရှိသလို ကိုယ့်အတွက်လုပ်နေတဲ့သူတွေရှိတယ် အဲဒီလိုလုပ်ကြတာကိုအပြစ်လို့မဆိုချင်ပေမယ့် အလှူငွေတွေကောက်ခံတဲ့နေရာက  ငွေကြေးတွေကိုအလွဲသုံးစား လုပ်နေတာတွေကတော့ ဘုရားမရှိတရားမရှိမို့မကြောက်ကြတာလား???? ကျွန်မအနေနဲ့ ကိုယ့်အချိန်တွေကို လူမူကူညီရေးတွေအတွက်မပေးနိုင်ပေမယ့် ကိုယ်တတ်နိုင်သလောက်လှူတဲ့ငွေလေးကိုတော့ တကယ်ဒုက္ခရောက်နေတဲ့သူဆီရောက်စေချင်တယ် ၊ ခုလိုမြန်မာနိုင်ငံသဘာဝဘေးအန္တရယ်ကြုံနေရတဲ့အချိန်မှာ ဒုက္ခရောက်နေကြချိန်မှာ တချို့တချို့သောစီးပွါးရေးလုပ်ငန်းရှင်တွေက သူတို့ကြီးပွါးသထက်ကြီးပွါးအောင်ကုန်ဈေးနှုန်းတွေကိုကစားကြပြန်တယ် အိုးအိမ်မရှိတော့ပါဘူးဆိုမှ စားစရာသောက်စရာတွေအတွက် ဈေးကြီးကြီးနဲ့ဝယ်နေရပြန်တယ်။ ဒုက္ခရောက်နေတဲ့သူတွေခမျာတစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရတယ်။ […]


SawAungAugust 26, 20153min09
ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးကို အားလုံးရင်းနှီးဖူးပြီးသားဖြစ်ကြမှာပါ။ ဒမ်ဒရိုဘီယမ်(Dendrobium)သစ်ခွတွေကို ဈေးတွေ စူပါမားကတ်တွေမှာ အများဆုံးတွေ့ ရတတ်ပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် သစ်ခွဆိုတာကလည်း အလွန်ဂရစိုုက်ရတဲ့မျိုးမဟုတ်လား။   တစ်ပင် နှစ်ပင်စိုက်တာမဟုတ်ဘဲ အများအပြား တစ်နိုင်တစ်ပိုင်စိုက်မယ်ဆိုရင်တော့ ကိုယ်စိုက်တဲ့သစ်ခွမျိုးရဲ့   သဘာဝကိုသိထားတာအကောင်းဆုံးပါ။ နည်းစနစ်အတိအကျ အပူအချိန်တွေ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် သူကြိုက်နှစ်သက်တဲ့ အနေအထားမျိုး လုပ်ပေးနိုင်တယ်ဆိုရင် သစ်ခွဟာ ဖြစ်ထွန်းတတ်တဲ့ အပင်မျိုးပါ။   အခု ပို့စ်လေးမှာ ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးနဲ့ မိတ်ဆက်ပေးပြီး ဘယ်လိုပြုစုပျိုးထောင် ရတယ်ဆိုတာကိုပါ ရေးသားပေးမှာဖြစ်ပါတယ်။ ဒမ်ဒရိုဘီယမ်လို့ခေါ်လိုက်လို့  မသိဘူး လို့ ထင်နေကြမှာပါ။ ဓာတ်ပုံလေးမြင်ရင်တော့ ဪ ဒီသစ်ခွမျိုးပဲဆိုတာ သိကြမှာပါ။   ကျွန်တော်တို့ မြန်မာပြည်မှာ အစိုက်များတဲ့ ဒမ်ဒရိုဘီယမ်မျိုးလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။       […]