ဒြပ်မဲ့ ဗိုင်းရပ် ဗိုင်းရပ် လို့ ခေါ်ပြီးမှ အကောင်အထည်မရှိဘူးလားလို့ မမေးလိုက်ပါနဲ့ ။ အဲ့ဗိုင်းရပ် က အကောင်အထည်မရှိပါဘူး ။ ပြီးတော့ ဘယ်ဓာတ်ခွဲခန်းမှာမှ မရှာဖွေနိုင်ပါဘူး ။ အကောင်အထည်မှ မရှိဘဲ ။ သို့ပေမဲ့ နေဝန်းနီ တို့အနီးအနားမှာ လူမှုကွန်ယက်ပေါ်မှာကတော့ အဲ့ဒိ ဗိုင်းရပ် ကူးစက်ခံထားရသူတွေ တွေ့နိုင်ပါတယ် ။ ဟုတ်ပါတယ် ။အရက် ဆေးလိပ် မူးယစ်ဆေး စွဲသူတွေက ဖြတ်ဖို့ ဆေးရုံဆေးခန်းရှိပါတယ် ။ ကုသပေးမဲ့ ဆရာဝန် သူနာပြုလည်း ရှိပါတယ် ။ ဒီဗိုင်းရပ် ကူးစက်ခံရသူတွေအဖို့ ဘယ်ဆေးရုံဆေးခန်းကမှ လက်ခံကုမှာမဟုတ်ပါဘူး ။ ဘယ်ဆရာဝန်ကမှလည်း ကုမပေးနိုင်ပါဘူး ။ ” ဒါ ရောဂါ မဟုတ်ဖူး ” လို့ပဲ […]
