padonmarJune 6, 20161min05
ယ်ငယ်တုံးက သီချင်းလေး တပုဒ်ကြားဖူးပါတယ်။ ဇော်မင်းလေးနဲ့ နွဲ့ယဉ်ဝင်း ထင်ပါရဲ့။ }ဟေ့ကောင်မလေး…. ကမာ္ဘပေါ်မှာ မြန်မာပြည်ဟာ….. အယဉ်ကျေးဆုံး တိုင်းပြည်တခုပါ} တဲ့။ အခုတော့ …ဟုတ်ပါ့မလားလို့ အခါခါ စဉ်းစားမိပါတယ်။ ကျမ အပါအဝင် မြန်မာပြည်က လူတွေ ဖုန်းပြောရင် ပြောစရာရှိတာပြောပြီး အေးဒါဘဲနော် လို့ ဖုန်းချလိုက်တာပါပဲ။ ဈေးသွားဝယ်ရင် ဈေးသည်က သူရောင်းတဲ့ ပစ္စည်းပေး ဝယ်သူက ပိုက်ဆံပေး၊ပြီးရင်တော့ ချာကနဲ လှည့်ထွက်လိုက်ကြပါတယ်။ ကိုယ့်ကို တစုံတယောက်က ကူညီတယ်ဆိုရင်လည်း အကူအညီလက်ခံပြီး ပြီးသွားတာပါပဲ။ လမ်းပေါ်မှာ မျဉ်းကျားမှာဖြစ်စေ လမ်းကူးဖို့ စောင့်နေလို့ ကားရပ်ပေးရင် နိုင်ငံခြားသားတွေက လက်ကလေးထောင်နှုတ်ဆက်တာနဲ့၊ ပြုံးပြသွားတာနဲ့ တုန့်ပြန်မှု ပေးသွားတတ်ကြပါတယ်။ ရွှေတွေကတော့ ခပ်တည်တည်ပဲ၊ လှုပ်လီလှုပ်လဲ့ သူ့လုပ်စာစားနေရသလိုအိပဲ့ပဲ့လျှောက်ပြီး အရေးမစိုက် ဖြတ်နေတဲ့ သူတွေ […]


KyaemonJune 6, 201636min03
  တချိန်တုန်းကနော်ဝေနိုင်ငံဟာ ဆင်းရဲပြီး ခေတ် နောက်ကျ ခဲ့တယ်၊ နောက်ပိုင်းမှာဖွံ့ဖြိုးကြွယ်ဝ လာကာ ဥရောပ တိုက်မှာ ဆိုရင် တဦးချင်းဝင်ငွေ GDP ဒုတိယအမြင့်ဆုံးဖြစ်လာတယ်၊ ရေကာတာ တွေကို လုပ်ဘို့ ကိုယ့်နည်းကိုယ့်ဟန်၊ လက်လှမ်းမှီရာ တတ်နိုင်တဲ့ကရိယာတန်ဆာပလာ သံတူကြီးတွေနဲ့ပင်ပန်းကြီးစွာလုပ်ဆောင်ခဲ့တယ်၊   ကြွက်သေတခုအရင်းပြု၍ကြွယ်မှုထက်ဆုံး သူဋ္ဌေးထုံးကိုနှလုံးပိုက်ခဲ့ပုံရတယ်၊    ၁၉၈ဝ မှ ၂၀၁၄ ထိ ဇယား အရ နှစ်စဉ် ရေအားမှလျှပ်စစ်အားပို၍ ပို၍ ထုတ်လုပ်နိုင်တယ်၊ အိမ်နီးချင်းနိုင်ငံတို့ဆီ TWh နဲ့ချီပြီး ရေအားလျှပ်စစ် စွမ်းအား တင်ပို့ရောင်းချတယ် TWh = ၁၀၀ဝ GWh= ၁,၀၀၀,၀၀ဝ MWh= ၁,၀၀၀,၀၀၀,၀၀ဝ KWh T =Terawatt, G=Gigawatt, M=Megawatt, K= Kilowatt […]


padonmarJune 6, 20161min08
ကျမတို့ ရွှေပြည်ကြီးက ရွှေမြန်မာတွေ သုံးနေကျ စကားပုံ တခုရှိပါတယ်။ အကျိုးဆော့ အကန်းမော့တဲ့။ ခြေထောက်ကျိုး/မသန် တဲ့သူ ဆော့ရင် အပြစ်ပါတဲ့။ မျက်စိမမြင်တဲ့သူကန်းတဲ့သူ မော့တော့တော့ လမ်းလျှောက်ရင် အပြစ်ကြီးပါတဲ့။ တကယ်လည်း အပြင်မှာ ခြေလက်မသန်တဲ့သူတွေ မျက်မမြင်တွေဆိုရင် လူတန်းစားတရပ်လို သဘောထားကြပါတယ်။ အသနားခံ၊အပယ်ခံ၊လူတောမတိုးနိုင်တဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။ မျက်မမြင်တွေ အတွက် မျက်မမြင်ကျောင်း ၂ကျောင်း (သမိုင်းခဝဲခြံနဲ့ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်း) က အသက်မွေးဝမ်းကျောင်းသင်ပေးရုံပါပဲ။ ဆွံ့အနားမကြားသူတွေအတွက် မေရီချက်ပမင်ကျောင်း ၁ကျောင်းပဲ ကြားဖူးပါတယ်။ ခြေလက်မသန်စွမ်းသူတွေအတွက် သမိုင်း မသန်စွမ်းဆေးရုံ နဲ့ မင်းဓမ္မလမ်းထဲမှာ ဂျပန်က လာဖွင့်ထားတဲ့ မသန်စွမ်း သက်မွေးသင်တန်းပဲ တွေ့ဖူးပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံ့ထားတဲ့ ထီလှည်းလေးတွေဆိုလည်း တခါတရံမှ တွေ့ရတတ်တာပါ။ မျက်မမြင်တွေတွက်လည်း တနှစ်မှ တခါ မျက်မမြင်လမ်းလျှောက်ပွဲ […]


padonmarJune 3, 20161min010
မြေပဲကျွန်း ထိုင်ဝမ်မှာ ခဏနေတုံး ယာဉ်မျုးိစုံ စီးပြီး သွားခဲ့ပါတယ်။ Bullet Train (ကောင်းထျယ် )ဆိုတဲ့ အမြန်ရထားလည်း စီးခဲ့ရသလို MRT (Mass Rapid Transit=ကျယ်ယွင့်) ဆိုတဲ့ မြေအောက် ရထားလည်း စီးရပါတယ်။ မိတ်ဆွေတွေ လိုက်ပို့တဲ့ ဆလွန်းကားမျိုးစုံနဲ့ ဇိမ်ကျကျ သွားရသလို တက်စီနဲ့ လိုရာ ပြေးရတာလည်း ရှိပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတော့ စီးခွင့်မရခဲ့ပါ။ ကိုယ့်တိုင်းပြည်နဲ့ အလှမ်းဝေးနေသေးတဲ့ Bullet Train တွေ MRT တွေ အကြောင်း မပြောချင်ပါဘူး။ ကိုယ်တို့ လက်လှမ်းမီတဲ့ ဘတ်စကား စီးဖြစ်တဲ့ အကြောင်းပဲ ဖောက်သည်ချချင်ပါတယ်။ ထိုင်ဝမ်ဘတ်စကားလေး စီးကြည့်စမ်းပါ လို့ တိုက်တွန်းကြတော့ ဘတ်စကားကို စပ်စုဖို့ တရက်မှာ အခွင့်အရေးရပါတယ်။ […]


” ဝေး ” ဘဝ ဆိုတာ တစ်ခါ တစ်ခါ ပါတ်ကြားအက် နေတဲ့ မြေလိုဘဲ နီးနီးလေး ပေမယ့် ဝေးကွာ တစ်လွှာစီ ကွာခြား လားရာတွေ မတူညီသလိုပါဘဲ။   ကိုပေါက်လက်ဆောင်အတွေးစဉ်။ ၃၆၁၆  


Foolish GirlJune 3, 20161min06
ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေရှင်သန်နေထိုင်သွားလာပြုမူလုပ်ဆောင်ချက်တွေက ခေတ်ရေစီးအလိုက်တိုးတက်လာတာ အားလုံးရဲ့မျက်မြင်ကိုယ်တွေ့ပါပဲ….. အရာလုံးက digital ဖြစ်လာပြီ ATM တွေပေါ်လာပြီး ငွေထုတ် ငွေလွှဲ ငွေပေးခြေစနစ် စတဲ့ငွေကြေးနဲ့ကိစ္စရပ်တော်တော်များများကို လက်ထဲငွေကိုင်စရာမလို ကဒ်လေးတစ်ကဒ်သယ်ရုံနဲ့လုပ်နိုင်လာပြီ အရင်ကဆိုအလုပ်လျှောက်ချင်တယ်ဆို နီးစပ်ရာတွေပြောပြလို့ အလုပ်ခေါ်တယ်ဆိုတာသိရတယ်၊ ကိုယ်တိုင်ခြေတိုအောင်လျှောက်ပြီးလိုက်ရှာရတယ်.. တဖြည်းဖြည်းနဲ့ အလုပ်ကို ခြေတိုအောင်လိုက်ရှာစရာမလိုအောင် အခွင့်အလန်း ဂျာနယ်လိုမျိုး အလုပ်ခေါ်စာတွေကိုတစ်နေရာတည်းမှာ တွေ့နိုင်ပြီး ကိုယ်သဘောကျတဲ့အလုပ် ကိုရွေးပြီး သွားလျှောက်လို့ရလာတယ် အခုဆိုရင် အွန်လိုင်းကနေတဆင့် အကျိုးဆောင်ခပေးစရာမဆိုတဲ့ အလုပ်အကိုင်ကြော်ငြာလေးတွေကို လွယ်လင့်တကူရှာပြီး ကိုယ်တိုင် CV form တင်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ CV Form တင်လာနိုင်ပါပြီ….. အစ အစရှိသဖြင့်ပေါ့ (အစပျိုးတာများနေပြီမို့) ဒါပေမယ့်တစ်ချက်တော့ထောက်ချင်တယ်ဗျာ လူတွေအတွက် အဲဒီစနစ်ကလွယ်ကူတာမှန်ပါတယ် ဒါပေမယ့် မှန်ကန်လား ၊ ယုံကြည်ရလားဆိုတာမျိုးတွေအတွက် အာမခံချက်မရှိတာတော့အမှန်ပဲ အွန်လိုင်းကနေအလုပ်လျှောက်တာ အဆင်ပြေသွားတယ် လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ် လက်ခံပါတယ် ဒါဆို ဘာလို့ မှန်ကန်လား […]


padonmarJune 3, 20161min07
မြေပဲ ကျွန်း ထိုင်ဝမ်မှာ ဘယ်တွေ ရောက်ခဲ့လဲ လို့ မေးရင် ဆေးရုံတွေ ရောက်ခဲ့ပါတယ်လို့ ဖြေရပါမယ်။ Dalin Tsu Chi Buddhist Hospital Havo Medical Center Shin Kong Memorial Hospital West Garden Hospital Far Eastern Hospital နာမည်မှတ်မရတာ ကျန်ဦးမယ်ထင်ပါရဲ့။ ရောက်တဲ့ ဆေးရုံမှာ ဆေးဘယ်လိုကုတယ်ဆိုတာတော့ အရည်ပျော်ဦးနှောက်က စိတ်မဝင်စားဘဲ Volunteers လို့ နာမည်ထိုးပေးထားတဲ့ waist coat တွေ ဝတ်ထားတဲ့ သက်ကြီးပိုင်းတွေကို လိုက်ကြည့်နေမိပါတယ်။ အဲဒီ Volunteer တွေက လူနာတွေကို စာရင်းသွင်းပေးတာ၊ သွေးဖောက်ဖို့ လမ်းညွှန်ပေးတာ၊ သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်ပြီး မှတ်တမ်းစာရွက်လေး ထုတ်ပေးတာ၊မသွားတတ်တဲ့ […]


Tawwin PanJune 2, 20161min015
ကားဂိတ်တွေမှာ ကားစောင့်နေတာပဲဖြစ်ဖြစ်၊ ကားလမ်းကူးချိန်မှာ တဖက်ယာဉ်ကြောမရှင်းသေးလို့ လမ်းလယ်မှာ ရပ်စောင့်နေရတာပဲဖြစ်ဖြစ်၊ လမ်းသွားနေရင်း ကားမလွတ်လို့ လူကရှောင်ပေးရချိန်မှာပဲဖြစ်ဖြစ်၊ နှပ်နှပ်တွေညှစ်လိုက်တဲ့အချိန်မှာဖြစ်ဖြစ်၊ ကိုယ်သွားတဲ့လမ်းမှာ ဓါတ်တိုင်လို ကိုင်စရာတွေ့ရင် သူမတို့ လူတတွေကတော့ အမှု့မဲ့အမှတ်မဲ့ လှမ်းကိုင်မိကြတာပါပဲ။ ဒီနေ့တောင် လမ်းထိပ်မှာ ရုံးဖယ်ရီစောင့်နေတဲ့သူတစ်ယောက်က ဓါတ်တိုင်ကို အသေအချာမှီပြီး ကျကျနန ဖုန်းပြောနေတာ ကို တွေ့လိုက်ရတော့ လောလောလတ်လတ်ဖြစ်ထားတဲ့ အဖြစ်အပျက်လေးကြောင့် စိုးရိမ်စိတ်တွေဖြစ်သွားတာတော့ အမှန်ပါပဲ။ သူမတို့ သံလမ်း လမ်းမကြီးရဲ့စည်ကားချက်ဆိုတာကလည်း မသိတဲ့သူများမြင်ရင်တော့ ပွဲဈေးကျင်းပနေတဲ့အတိုင်းပါပဲ။ ကားတွေ၊ စက်ဘီး၊ ဆိုက္ကားတွေအပြင် လူတွေနဲ့ပါ ကြိတ်ကြိတ်တိုးနေတဲ့ လမ်းဆိုတော့ လူလူချင်းရော၊ ကားတွေ ဆိုက္ကားတွေ ရှောင်ရတဲ့အချိန်မျိုးမှာ အနားမှာရှိတဲ့ ဓါတ်တိုင်တွေကို ကိုင်မိတတ်ကြတာပါပဲ။ ကလေးတွေဆိုလည်း ဓါတ်တိုင်ကိုဖက်ပြီးဆော့နေတတ်ကြတာပါပဲ။ အခုတော့ ေမေလ (၃၁)ရက်က လမ်းထဲက ကလေးတစ်ယောက် […]


Foolish GirlJune 1, 20161min011
တစ်ခါတုန်းက မိတ္ထီလာကွန်ပျူတာတက္ကသိုလ်မှာ ကောင်လေးနဲ့ကောင်မလေးရှိတယ် သူတို့မှာ ခံစားချက်ကိုယ်စီရှိတယ် ရည်မှန်းချက်လည်းကိုယ်စီရှိတယ် ခေါင်းချင်းဆိုင် run ခဲ့ကြတဲ့ VB တွေ C++ တွေ Java တွေရှိတယ် အဖြေမရောက်ရောက်အောင်တွက်ခဲ့ကြတဲ့ သချာင်္ပုစာ္ဆ လှလှလေးတွေရှိတယ် 1 နဲ့ 1 ပေါင်းပြီး 10 ရတဲ့ ဘာသာနဲ့ခေါင်းရှုပ်ခဲ့ရတဲ့နေ့တွေရှိတယ် ဆရာမေးလို့ငုံ့နေဖူးတဲ့ ခေါင်းတွေရှိတယ် အားပေးရင်းဖြေခဲ့ကြတဲ့စာမေးပွဲတွေရှိတယ် အတန်းဖျက်ပြီးလျှောက်လည်ခဲ့တဲ့နေ့ရက်တွေရှိတယ် အဖြူရောင်သံယောဇဉ်နဲ့ သီဆိုခဲ့တဲ့သီချင်းတွေရှိတယ် စာမေးပွဲမှာ စာတွေမေ့ကုန်လို့ စိတ်ညစ်ရတဲ့နေ့တွေရှိတယ် ကျောင်းပိတ်တုန်းသတိတရဖုန်းဆက်တဲ့နေ့တွေရှိ သလို စာတွေအပြန်အလှန်ရေးခဲ့တဲ့နေ့တွေလည်းရှိတယ် စိတ်အခန့်မသင့်လို့အချင်းချင်းစိတ်ကောက်တဲ့ရက်တွေရှိတယ် အလျှော့ပေးရင်းပြုံးပြကြတဲ့ အပြုံးလှလှတွေရှိတယ် စာမေးပွဲနီးမှ အဆောင်ပိတ်တဲ့အထိစာရှင်းပြရတဲ့နေ့တွေရှိတယ် သန်းခေါင်ကျော်မှအပြန်အလှန်ပေးတဲ့ စပေါ့ ေတွေရှိတယ် ခုံတန်းတွေရှိတယ် အောင်စာရင်းတွေရှိတယ် အိမ်ပြန်ချိန်တွေရှိတယ် တကယ်ရှိခဲ့ပါလျက်နဲ့သူတို့ မရှိစေချင်ခဲ့တာက သူတို့နှစ်ယောက်ရဲ့ခွဲခွါချိန်


Foolish GirlJune 1, 20161min06
ရယ်စရာတွေပြော ဟသတွေလုပ် အတူတူစနောက်ရယ်မောခဲ့ကြတာတွေကို မမေ့နဲ့နော်…..   Lecture ချိန်အိပ် Break ပေးရင်လန်းတတ်တဲ့ တို့တွေရဲ့စာသင်ချိန်တွေကို မမေ့နဲ့နော်….   ခူယားကောင်ကောက် ဗူးထဲထည့်လို့ စနောက်ရယ်မောကြတာတွေကို မမေ့နဲ့နော်…….   ရုံးခန်းနားသွား ဇီးသီးပုတ်လို့ ပျားတုပ်ခံရတဲ့ရက်တွေကို မမေ့နဲ့နော်…….   Ferry အလာ နေရာရရေးစာအုပ်ပစ်လို့ ခုံဦးရတဲ့ရက်တွေကို မမေ့နဲ့နော်…….   တော်လမ်းကိုနင်း မြွေကိုမကြောက် ခြုံတောတိုးလို့ ကျောင်းလစ်ခဲ့တဲ့ရက်တွေကို မမေ့နဲ့နော်………


KyaemonMay 31, 201635min018
  ပဉ္စမ မေးခွန်းနဲ့ဆဋ္ဌမ မေးခွန်းအတွက် အဖြေရှာဘို့ဘဲကျန်တော့တယ်၊ ၎င်းမေးခွန်းတွေကို ပြန်lသတိရအောင် အောက်မှာထပ်ဖော်လိုက်ပါတယ်၊ အဖြေတွေက အပြန်အလှန် အကျိုးပြု ဆက်နွယ်နေလို့ အမှတ်စဉ် ရ က စပြီး ဆက်ဘတ်ရင် အဖြေတွေရလာမှာပါ၊ အမေရိကန် အိန္ဒိယ နော်ဝေ လားအိုး စတဲ့နိုင်ငံတို့ရဲ့ရေကာတာများ အကြောင်းဆွေးနွေးသွားမှာပါ၊   ————- ပဉ္စမ မေးခွန်း ရေအားလျှပ်စစ်စွမ်းအားထုတ် ရေကာတာတွေက မြန်မာနိုင်ငံအတွက် အကျိုးမပေး သူမြားနိုင်ငံကိုဘဲအကျိုးပေးတယ် ဆိုတာမှန်ကန် ပါသလား ဆဋ္ဌမ မေးခွန်း ရေကာတာလုပ်ပြီးလျှပ်စစ်စွမ်းအားတင်ပို့ရောင်းချတာကြောင့် နော်ဝေနိုင်ငံသားတဦးချင်းရဲ့ဝင်ငွေကအမေရိကန်တဦးချင်းရဲ့ဝင်ငွေ ထက်သာသွားတယ်ဆိုတာရယ်၊ အလားတူ ရေကာတာလုပ်ပြီးရေအားလျှပ်စစ်ရောင်းစားလို့လဲ လားအိုးပြည်သူတဦးချင်းရဲ့ဝင်ငွေကမြန်မာထက် နှစ်ဆခွဲ မက သာလွန်နေပြီဆိုတာရယ် မှန်ကန်ပါသလား ————- အမေရိကန် ရေကာတာအကြောင်းနဲ့စ ကြစို့၊ ဘာဖြစ်လို့ အကြီးစားရေကာတာ လုံးရေ ၈၀၉၂ […]


WowMay 31, 20161min030
ကြောင် : မောင်းဝတ် Wow : မောင်ကြွတ် ကြောင် : နင်ဘုလအင်ထဲ Wow : နိဟာနိဘာထင်ထင် ကြောင် : အလဂေါင်ကား Wow : သွသူတော့ဈေးရမှာပါအေ ကြောင် : အုဖြုတ်ယောင်းတောင် ဝယ်မယ့်သူမချိ Wow : နိမှာက ဖြုတ်ရောင်းစယာကို မရှိတာမလား ကြောင် : နီကုသိုလ် မလိုခြင်တကား နိကို ကုသိုပေးမို့ Wow : တေပါ့လား ကြောင် : အကောင်းပေါမို့ သေခြာနောင်ထား ဆရာမ ချစ်မြတ်နိုး မှော်ဘီမှာ ဓမာရုံဆောက်မလို့ အဲဒါ နီမလှူခြင်လား Wow : လှူချင်တယ်လေ ဘူသူအူးဆောင်မှာလဲ ကြောင် : နီပို့စ်တင်ရေ နီနဲ့ ဝီဂါမွတ်မ […]