ကျွန်မတွင် တထွှာသာသာ နံသာရောင် ဘူးလေးတလုံး ရှိသည်။ သားနှင့် သမီးသည် သည်သေတ္တာလေးကို သိပ်စိတ်ဝင်စားကြသည်။ စိတ်ဝင်စားဆို သူတို့နှင့် သက်ဆိုင်သည်ကိုး။ လူဆိုသည်မှာ သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားသည့် သတ္တဝါဖြစ်သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝင်စားကြသည်။ အဲ့သည့်အထဲတွင် လက်ပတ်လေးနှစ်ခုအပြင် သူတို့ ဘဝနှင့်သက်ဆိုင်သော မှတ်တမ်းလေးတွေ ရှိနေသောကြောင့်ဖြစ်သည်။ သားနှင့်သမီးမွေးစတွင် မိခင်နာမည်၊ မွေးရက်၊မွေးချိန် ၊ ပေါင်ချိန်တို့ကို ရေးထားသော လက်ပတ်လေးတွေ တခုစီပတ်ထားသည်။ ဆေးရုံက ဆင်းသောအခါ ကျွန်မက အမှတ်တရ သိမ်းထားခဲ့သည်။ ယခု ကြီးပြင်းလာသောအခါ ထို လက်ပတ်ကလေးသည် အတော်သေးသေးလေး ဖြစ်နေ၍ နှစ်ယောက်သား အမြဲ အံ့ဩကြသည်။ သူတို့ရဲ့ ငယ်သွားလေးများနဲ့ ထူးထူးခြားခြား အဖြစ်အပျက်လေးများနဲ့ ကြီးပြင်းလာပုံ မှတ်တမ်းစာအုပ်လေးကို တွေ့တိုင်း […]
