aye.kkDecember 18, 20161min08
တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ ့တစ်ယောက် ကောင်းမွန်သောနေရာ ကောင်းမွန်တဲ့အချိန်အခါ ကောင်းမွန်သောတွေ့ဆုံတဲ့ အချိန်အခါ,နေရာဒေသအလိုက်၊တွေ့ဆုံကြခဲ့ရင် အများအားဖြင့်တော့၊မင်္ဂလာပါနော်။ မင်္ဂလာပါခင်ဗျာလို့နှုတ်ဆက်ကြပါတယ်။ အရမ်းရင်းနှီးတဲ့သူငယ်ချင်း,အချင်းချင်းဆိုရင်တော့ စားပြီးလား?သူငယ်ချင်း နေကောင်းရဲ ့လား?သူငယ်ချင်းလို့နှုတ်ဆက်ကြတာ၊များပါတယ်။ ကိုယ့်ထက်အသက်အားဖြင့်၊ဂုဏ်ဝါကြီးသူများကိုတော့ မင်္ဂလာပါရှင်၊မင်္ဂလာပါခင်ဗျာလို့နှုတ်ခွန်းဆက်သကြပါတယ်။ အပြန်အလှန်၊အားမနာတမ်းခင်မင်ရင်းနှီးကြတဲ့၊လူငယ်သဘာဝအရ နှုတ်ဆက်ကြရင်တော့၊(အထူး)အားဖြစ်တော့တွေ့ချင်ရင်ရသားနဲ ့၊လာချင်ရင်အနီးကလေး ဖြစ်ရဲ ့နဲ ့မတွေ့မဆုံပဲနေကြတာ၊ကြာမိတဲ့အခါ(အကြောင်းကြောင်းကြောင့်လဲပါတာပေါ့နော်)၊ ကိစ္စ,ဝိစ္စရှိမှလာတွေ့တဲ့အခါကြရင်တော့၊သရဲလာခြောက်တာလား?၊သေပြီအောက်မေ့?လို့ စသဖြင့်ပြောဆိုနှုတ်ဆက်တတ်ကြပါတယ်။ တစ်ခါတော့ကိုယ်တွေ့အဖြစ်လေးပါ။ အရမ်းခင်တဲ့သူငယ်ချင်းနဲ ့မမျော်လင့်ဘဲပြန်တွေ့တော့၊မင်းထမင်းစားပြီးလားလို့?ဆိုပြီး ဝမ်းသာအားရနှုတ်ခွန်းဆက်မေးပါတယ်။ ကိုယ်ကလည်း မစားရသေးတာမို့၊မစားရသေးဘူးလို ့ အမှန်အတိုင်းပဲဖြေလိုက်ပါတယ်။ သူကလည်းကျွေးချင်တဲ့စေတနာသဒ္ဓါထက်သန်နေတော့၊လက်ကိုအတင်းဆွဲပြီး နီးရာစားသောက်ဆိုင်ထဲ၊ခေါ်ပြီးကျွေးတော့တာပါ။ ငြင်းရခက်တော့မစားချင်လည်းစားလိုက်ရပါတယ်။ တစ်ခါကလည်း၊အကြောင်းကိစ္စတခုနဲ ့သူငယ်ချင်းအိမ်ရောက်သွားတော့၊ထမင်းစားပြီးလားလို့၊နှုတ်ခွန်းဆက်စကား အဖြစ်အမေးခံရပြန်ပါတယ်။ စားပြီးပြီပြောပြတော့၊စားပြီးလဲမရဘူး။ မင်းကြိုက်တတ်တဲ့ဟာ,ငါလုပ်ကျွေးမယ်၊စားပြီးမှပြန်ပါလို့ပြောပြီး၊မရှိရှိတာနဲ ့အကောင်းမွန်ဆုံးဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပြီး၊ပူပူနွေးနွေးချကျွေးပါတယ်။စားပြီးပြောပြလည်းမရ၊အတင်းကျွေးနေတော့ အားနာပြီးစားတော့၊ဗိုက်အင့်ပြီးနေရခက်သွားပါတယ်။ သူငယ်ချင်းကိုယ်တိုင်လဲ၊အစာကြေဆေးကိုအနားမှာအသင့်ချထားပေးတော့၊ ကိုယ့်မှာသူ့ကိုဘာပြောရမှန်းမသိအောင် စိတ်ထဲလေးစားမိသွားပါတယ်။ သူငယ်ချင်းတွေဆုံရင်,ဆုံတဲ့အခါတိုင်း၊သူငယ်ချင်းအားလုံးရဲ ့ဆက်ဆံမှုတွေက တစ်ပုံစံတည်းလိုအမြဲဖြစ်နေတော့၊ဗုဒ္ဓဘာသာဖြစ်ရတာ၊အလိုလိုဂုဏ်ယူမိပါတယ်။လေးစားမိပါတယ်။ တစ်ခါကအသိမွတ်စလင်အိမ်သွားဘူးပါတယ်။ထမင်းစားပြီးလား?လို့အရင်ဦးစွာနှုတ်ခွန်းဆက်မေးပါတယ်။ အိမ်ကနေထမင်းစားပြီးမှရောက်သွားတာမို့၊စားပြီးပြောပြလည်းမရပါဘူး။ ထမင်းစားပြီးမှပြန်ပါ။မစားရင်မခင်လို့ဆိုတော့၊အင်မတန်ကိုအားနာပြီး၊မစားချင်လည်းသူတို့စိတ်ကြေနပ်အောင် စားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုတရုတ်ကပြားမှန်းလည်း,သူတို့သိကြပါတယ်။တရုတ်သွေးစပ်နေတာမို့၊မွတ်စလင်အိမ်က ထမင်းဟင်းတွေကိုတော့မစားချင်တာကအမှန်ပါ။ သူတို့စေတနာသဒ္ဓါတရားကောင်းလွန်းနေတာကို၊စိတ်ကခံစားမိပါတယ်။ ဘယ်ဘာသာရယ်လို့တော့၊ကိုယ့်အနေနဲ့ကမခွဲခြားမိတော့တာ၊အမှန်ပါ၊ဗုဒ္ဓဘာသာဖြစ်မှလဲမဟုတ်ဘူးပေါ့နော်။ တစ်ဦးနဲ့တစ်ဦး၊တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ရင်းနှီးခဲ့ရင်၊ရင်ထဲမှာကျွေးချင်မွေးချင်တဲ့စေတနာ,သဒ္ဓါတရားထက်သန်လွန်းလှတဲ့ စိတ်စေတနာအရ ကောင်းမွန်တဲ့အချိန်,ကောင်းမွန်တဲ့နေရာလိုမျိုးမှာတွေ့ဆုံခဲ့ကြရင် ချိုသာခွန်းဆက်,နှုတ်ဆက်ကြပါလျှင် မင်္ဂလာရှိတဲ့နှုတ်ခွန်းဆက်စကားလေးက ထမင်းစားပြီးလား?ဆိုတဲ့နှုတ်ခွန်းဆက်စကားကို ကိုယ့်ကိုယ်ကိုတိုင်၊အင်မတန်နှစ်သက်သဘောကျမိရပါတယ်။။။ […]


ko sixDecember 11, 20161min06
လေဆာနဲ့ထိုးလိုက်တဲ့ အသစ်လွင်ဆုံးမြစ်ပါ။ လက်ခံရရှိကြောင်း လက်မှတ်ရေးခြစ်လိုက်ပါတယ်။ အပျော်နဲ့ အပျော်ကို ထွန်းရင်း အလင်းနဲ့ ရင်ဘတ်အချင်းချင်း တီးခတ်ကြရအောင် ဟော ခြေမကြားမှာ သီးနေတဲ့မျက်ရည်တွေ တကယ်တော့ ငိုခြင်းလို့ အဓိပ္ပာယ်မဆောင်ပါဘူး။ အပျော်ဆိုတာ အဲလိုလေး ညှိရလွယ်ပါတယ်။ ကိုစစ် 12.11.2016


”  သွားကြရအောင်” ချစ်သူ ရေ   ဟိုး အဝေးမှာ အပြာရောင်လွှမ်းနေတဲ့ တောင်တန်း   ဒီလမ်းကလေးအတိုင်း သွားကြရအောင်   လမ်းဆုံးရောက်အောင်ပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၀၁၃၁၆     ဒီနေရာလေးရောက်အောင် လိုက်ပို့ပေးတဲ့  Ko Sein Win ကိုကျေးဇူးတင်ပါတယ်။  


” စိတ် ငှင်ခြင်း ” တစ်ခါ တစ်ခါ အဝေး။   တစ်ခါ တစ်ခါ အနီး။   တစ်ခါတစ်ခါ အလိုမကျ။   တစ်ခါတစ်ခါ ကြည်နူး။   တစ်ခါတစ်ခါ တစ်ခါ တစ်ခါ တစ်ခါ တစ်ခါ မတူခြားနား အပြောင်းအလဲများလှတဲ့ စိတ်ကို ဘာ နဲ့ ငှင် ရင် ကောင်း မလဲ ဟင် ?????   ကိုပေါက်လက်ဆောင်အတွေးစဉ် ၇၁၂၁၆


“ဖြေ”   ဘဝတစ်ခုနဲ့ငွေ ဘဝတစ်ခုနဲ့ဂုဏ်သိက္ခာ   လဲမှာလား လဲရဲလား   စဉ်းစားပြီးတော့မှ ??????????????   ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၁၂၁၆


” ခွဲ” ဆုံတွေ့ပြီးတဲ့ အဆုံး ကြုံပြီးတဲ့ သကာလ လက်တွဲမရ တော့တဲ့ အခါ   ငြိမ်းအေးစွာ ခွဲခွာကြပါစို့။   ကိုပေါက်လက်ဆောင် အတွေးစဉ်   ၁၁၂၁၆  


SawAungDecember 1, 20165min05
ဟယ်ရီပေါ်တာရဲ့ ပရိတ်သတ်တွေ အလွမ်းပြေစေဖို့ J.K Rowling ဟာ ဟယ်ရီပေါ်တာလိုပဲ မှော်ကမ္ဘာကြီးထဲကို ခေါ်ဆောင်ပေးသွားပါဦးမယ်။ ဂျေကေဟာ Fantastic Beasts ကို ဇာတ်ညွှန်းစာအုပ်ပုံစံထွက်ရှိခဲ့တာပါ။ အခု ဒီဇာတ်ကားမှာတော့ ရုပ်ရှင်ဇာတ်လမ်းပုံစံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကား ထုံးစံအတိုင်း ထင်မထားတဲ့လှည့်ကွက်တွေနဲ့ ထူးဆန်းတဲ့ မှော်သတ္တဝါ အမြောက်အမြားကို ဒီဇာတ်လမ်းမှာ ရင်သပ်ရှုမောကြည့်ရှုရဦးမှာပါ။ Fantastic Beasts ဟာ ဟယ်ရီပေါ်တာရဲ့ နောက်ခံကျောရိုးချင်းတူပေမယ့် ဟယ်ရီပေါ်တာ ဇာတ်ကားတွေလိုပဲ စာအုပ်ဖတ်ပြီးသားလူဟာ ပိုကြည့်ကောင်းစေမှာပါ။ ဒါပေမယ့် Fantastic Beasts ကို မကြည့်ရှုခင်မှာ ဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဇာတ်ဆောင်တွေနဲ့ သတ္တဝါတွေအကြောင်းကို သိထားမယ်ဆိုရင် ဇာတ်လမ်းဟာ ပိုကြည့်ကောင်းပြီး မှော်ကမ္ဘာထဲမှာလည်း ကြည့်ရတာ မျက်စိမလည်ပဲ ပိုစိတ်ဝင်စားစေဖို့ စာအုပ်ထဲကအချက်အလက်တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ […]


မျှစ်ကြော် ဆယ်ကျော်သက်အရွယ်ကတည်းကနေ ဒီကနေ့ထိ  ကြွေခဲ့ရတဲ့  ကမာ္ဘကျော် အချစ်ကဗျာလေး တစ်ပုဒ်။ ရွာသူ ရွာသားတွေကိုလေ  အဲဒီကဗျာစာလုံးလေးတွေကို ဇွန်းလေးနဲ့ ခွံ့ခွံ့ ပြီး ကျွေးချင်တာရယ်။ ကဗျာကတော့ အားလုံး သိပြီးသားလို့ ထင်ပါတယ်။ How do I love you?  တဲ့။  ကဗျာဆရာမကလည်း အားလုံးသိထားပြီးသား။ Elizabeth Barrett Browning  ပါ။  အယ်လီဇဘက်သ်  ဟာ သူ့ခင်ပွန်း  ရောဘတ် ဘရောင်းနင်း ကို ဘယ်လောက်ချစ်တဲ့ အကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ ခန့်က စပ်ခဲ့တဲ့ ကဗျာ ဖြစ်လျက်နဲ့ ဒီကနေ့အထိ ခေတ်မတိမ်သေးတဲ့ ကမာ္ဘကျော်ကဗျာ။ ပြီးတော့ abstract  စစ်စစ်။ အင်္ဂလန်မှာကတော့  ဒီကဗျာကို […]


“ငါ့ ကြောင့် ငါ အခါ ခါ သေ ရ ၏” နေ့စဉ်နဲ့အမျှ ဘဝမှာ ကြုံဆုံ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ရှောင်လွှဲမရ ဖြေရှင်းရသောအခါ   မနိုင်၍ သည်းခံရခြင်း သည်းခံထိုက်၍ သည်းခံရခြင်း ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်း မနာလိုခြင်း အနိုင်ယူလိုခြင်း ခြင်းပေါင်း အကြောင်းများစွာတို့ကို အခြေပြု၍ ဖြစ်တည်လာသော   ဒေါသ လောဘ မောဟ သောက ဗျာပါဒ တို့ကြောင့် ကိုယ့်ဘာသာကိုယ်လောင်မြိုက် စိတ်လောင်တိုက်သွင်းမိခြင်းကြောင့် ငါကြောင့် ငါကိုယ်တိုင် နေ့စဉ်နှင့်အမျှ အကြိမ်ကြိမ် အခါခါ သေရလေတော့၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၅၁၁၁၆


ရွာကွပ်ပျစ်မှာ.. ယူနီကုတ် နဲ့ ညဈေးတန်းနဲ့ကို ဆက်စပ်ကြရင်း ညဈေးတန်းနဲ့ ပတ်သက်တဲ့အမြင်တွေကို မှတ်တမ်းတင်ချင်တာကြောင့် ရွာထဲကို ဆွဲခေါ်လာပါတယ်.. တိမ်မည်း ။ စဉ်းစားကြည့်တာပါ….အစိုးရက ယူနီကုတ် ပြောင်းခိုင်းတယ် လို ့ဆိုပါစို ့…. ပြည်သူတချို ့။ ။ ဘာလို ့ပြောင်းခိုင်းရမှာလဲ… အရင်ရှင်းပြသင့်တယ်… ဒီလိုမျိုးအတင်းပြောင်းခိုင်းလို ့ရမလား… ဘယ်လောက် အခက်အခဲရှိတယ် ထင်လဲ…. အစိုးရက လမ်းဘေးဈေးသည်တွေ ပြောင်းခိုင်းတယ်…. ပြည်သူတချို ့။ ။ အစိုးရကို နားလည်သင့်တယ်… တချိန်ကျရင် အဆင်ပြေမှာ… အစကတော့ နာမှာပေါ့… နဲနဲသည်းခံရင် အဆင်ပြေမှာပါ…. အတင်းပြောင်းခိုင်းတာ ကောင်းစားဖို ့ဆိုတာ နားလည်သင့်တယ်…. ကျနော်ပဲမှားတာနေမှာပါ…   ဆူး ။ အခုတော့ ကမ်းနားလမ်း ကားရပ်ပြီး ဈေးဝယ်နေတာ […]


KyaemonNovember 25, 201617min02
  ကြိုဆိုတုန်းဘဲ နံမယ်ကျော်နိုင်ငံရေးသတင်းထောက်စာရေးဆရာBertil Lintner   ကပြောတယ်၊လူမှုအခွင့်အရေးနဲ့ဒီမိုကရေစီအရေး နှစ်ရပ် ဟာ အမေရိကန်ရဲ့အဓိကအရေးတွေမဟုတ်ပါ၊(ပထဝီနိုင်ငံရေးပါ) အာရှမှာ စစ်အေးတိုက်ပွဲအသစ် တရပ်ဝင်နေတယ်၊တချိန်ကရန်သူဗီယက်နမ်ကိုစည်းရုံးပြီးတရုပ်ကိုဝိုင်းရံ ( Contain) ဘို့လုပ်နေတယ်၊ ကချင် ဒေသခံတွေဆန္ဒပြတာကိုငွေတွေနဲ့ထောက်ပံ့ခဲ့တယ်။ (တရုပ်လုပ်တာကိုကောင်းတယ်လို့ဘယ်ပြောမလဲ?) အနောက်မီဒီယာနဲ့ ဩဇာခံတွေ NGOတွေ ကမြစ်ဆုံရေကာတာမကောင်းကြောင်း ရးတာတွေကိုဆန်းစစ်ရမှာပါ၊  (ဖီလစ်ပိုင်သမတသစ်လို)ကိုယ့်အတွက်အကျိုးရှိဘို့ကပိုအရေးကြီးတယ်၊ ‘ ‘There is a New Cold War in Asia’: Bertil Lintner Do you think the US’s engagement in Burma has more to do with countering rising Chinese influence than anything else? We […]


alinsettNovember 25, 20161min02
                                                  ”ဓါးတွေကို ထိုင်မျှားမိတဲ့သူ”   ——————————— ငါ့ဘက်အခြမ်းဆီကိုမှ ဓါးနဲ့ ပစ်ပေါက်ရတာ ကြိုက်တယ်ဆိုတဲ့သူတွေ ရှိလာလို့. . . ဓါးဖမ်းနည်းကိုပဲ ငါသင်ထားလိုက်ရတယ်။ ဓါးနဲ့ပေါက်မယ့်သူတွေ မရှိအောင် နေထိုင်နည်းက. . . ငါ့အတွက်တော့. . . သိပ်ခက်လွန်းတယ်လေ။ ——————————– သင့်အေးရိပ် ၂၀၁၆၊နိုဝင်ဘာ ၂၄         […]