“၁ ဟိုလိုတွေး ဒီလိုတွေး အပိုင်းအစလေးများ (၂၀၁၇) ” (မလိမ်စကောင်း လိမ်စကောင်း ) “ လေးလေး နဲ့ တိုင်ပင်စရာ ရှိလို့ ခုလေးလေး ကဘယ်မှာလဲ “ “ ငါက လက်ဖက်ရည်ဆိုင်မှာ ပြောလို့ရတယ်ပြော အေ“ “ သမီးနောက်လထဲ ယောက်ျားယူတော့မလို“ “ ဘာလဲ ငါ ယောက်ျားတောင်းပေးရမှာလား “ “ တောင်းစရာလား လို့ နောက်ပြီး အလုပ်လဲ ထွက်မှာလို့ ပြောမလို့“ “ဟ ယောက်ျားယူမှာနဲ့ အလုပ်ထွက်မှာဘာဆိုင်လို့ လဲ ညည်းယောက်ျားက အလုပ်ဆက်မလုပ်ရဘူးပြောလို့လား “ “ အဲလိုလဲ မဟုတ်ဘူး “ “ ဒါဆို ဘာဖြစ်လို့ ထွက်မှာလဲ “ “ ဟုတ်ဘူး […]


“သေခြင်းတရား၏နောက်ဆက်တွဲ   “   အိုပြီး   သေတဲ့လူ နာပြီး   သေတဲ့လူ ၉၆ ပါးနဲ့သေတဲ့လူ ဘာမှန်းမသိဘဲ သေတဲ့လူ   ဆေးမှားသောက်ပြီး သေတဲ့လူ အစားမှားပြီး   သေတဲ့လူ အစာငတ်ပြီး   သေတဲ့လူ စားပိုးနင့်ပြီးသေတဲ့လူ     သူများသတ်လို့ သေတဲ့လူ လူမှားသတ်လို့သေတဲ့လူ နှိပ်စက်ခံရလို့ သေတဲ့လူ တိရိစာ္ဆန် သတ်လို့ သေတဲ့သူ     အဆုံးစီရင်ပြီးသေတဲ့လူ အဆိပ်သောက်ပြီး သေတဲ့လူ ကြိုးဆွဲချပြီး သေတဲ့လူ ရေထဲခုန်ချ  သေတဲ့လူ   ရေနစ်ပြီးတော့သေတဲ့လူ ဆေးထိုးမှားပြီးသေတဲ့လူ ကားဝင်တိုက်ပြီးသေတဲ့လူ ကားပေါ်ကပြုတ်ကျ သေတဲ့လူ   ကားမှောက်ပြီးတော့ သေတဲ့လူ ဆိုင်ကယ်မှောက်ပြီးသေတဲ့လူ လှေမှောက်ပြီးတော့ သေတဲ့လူ […]


who whoJanuary 27, 20171min03
ကျနော်တို့ညီမနှစ်ယောက် အဘိဓမ္မာသင်တန်းစတက်ဖြစ်တော့သင်တန်းကအပြန် ထမင်းအတူတူစားရင်း ပြောဖြစ်ကြပါတယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပူပူလေးရယ်၊ ချဉ်ရည်ဟင်းလေးရယ်၊ ရှမ်းငရုတ်ရှုရှုရှဲရှဲလေးရယ်ဆိုတော့ ဘေးကနေငေးကြည့်နေတဲ့ ကြက်သားဟင်းလေး ခမျာ မျက်နှာငယ်ရှာပေါ့။ ထမင်းစစားတယ်ဆိုရင်ပဲ ကျနော်က စပြောမိပါတယ်။ “ညီမရေ ငါတို့ အရင်တုန်းကထင်ထားတာနော်။ ကိုယ့်ထမင်းကိုယ်စားတာ ဘာအပြစ်မှမဖြစ်ဘူးဆိုပြီးပေါ့။ အားရပါးရစားလိုက်ဝါးလိုက်ကြတာလည်း မပြောပါနဲ့အေ။ ခု အဘိဓမ္မာသင်တန်းတက်တော့ သင်ပေးလိုက်တဲ့ လောဘမူစိတ်(၈)ခု။ ကဲ ငါတို့စားနေတာက ဘယ်အခုနဲ့ကိုုက်မလဲ စဉ်းစားကြည့်ပါလား” ဆိုတော့ ကျနော့် ညီမက “အင်းနော်။ ခုမှပဲ ကိုယ့်ထမင်းကိုယ်စားတာတောင် အပြစ်က ဖြစ်နိုင်သေးတာပဲကိုး။ ငါတော့ အဲလို အပြစ်ဖြစ်မဖြစ် တစ်ခါမှတောင် မတွေးဖူးပါဘူး။ ကဲ ဒါဆို ညည်းအရင် စစ်ပြလေ။ ခု စားနေတာ ဘယ်စိတ်နဲ့လဲဆိုတာ” “အမယ် ညည်းလူလည်ကျလှချည်လား။ ငါမေးတဲ့မေးခွန်း ငါ့ကို ပြန်မေးနေတယ်။ […]


“ဆင်ခြင်စရာ”   လူအတော်များများက အောက်ကပုံလေးကို ပြပြပြီး အဆင့်ဆင့်ဖိနှိပ်ခံရပါတယ် မတရားခံရပါတယ်လို့ပြောကြပါတယ်။ မှန်လိုက်တာဆိုပြီးထောက်ခံကြပါတယ်။   ဟုတ်ပြီ ကျနော်မေးမယ် “ကိုယ်တိုင်ကရော ရုန်းထွက်ဘို့ကြိုးစားပါသလား?”   အခုခေတ်မှာ အရင်ကထက်စာရင် အလုပ်အကိုင်ပေါပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်က ဖိနှိပ်ခံရတယ်ထင်လို့ရုန်းထွက်ဘို့ကတော့ မိမိကိုယ်တိုင်အလုပ်ကြိုးစားဘို့လိုပါတယ် အလုပ်အပေါ်စေတနာထားလုပ်ဘို့လိုပါမယ် မိမိမှာပင်ကိုယ်အရည်အချင်းချို့တဲ့နေရင်တော့ သူများရဲ့ဝန်ထမ်းမဟုတ်ဘဲ ပိုင်ရှင်ဖြစ်နေရင်တောင်မှ ကိုယ့်ပြိုင်ဘက် က နင်းတာခံရမှာပါဘဲ။ ကိုယ်အနင်းခံရတယ်ထင်ရင် လာနင်းသူကိုအပြစ်မတင်ပါနဲ့ မိမိကြိုးစားမူ့နဲ့ရုန်းထွက်ဘို့ကြိုးစားပါ။ အခုခေတ်ကြီးမှာ အသားလွတ် ဖိနှိပ်လို့ရတဲ့ ခေတ် ကုန်ပါပြီ။ သူများကိုအပြစ်တင်မယ့်အစား ကိုယ့် ကိုယ် ကိုပြန်သုံးသပ်ပါ။   ”  သူများအနင်းခံရလောက်အောင် ကို ငါအတော်ညံ့ဖျင်းနေသလား  ” ဆိုတဲ့မေးခွန်းကိုမှန်ကြည့်ပြီးမေးပါ။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၂၆၁၁၇


alinsettJanuary 26, 20171min05
“ကိုယ်တွေက အပုပ်နံ့ ခံရလွန်းလို့ အသားကျနေပြီ” —————————————– အဟမ်းးးးး ပြောပြီဗျို့။ Dအစိုးရနှယ်, ကိုယ်တွေရဲ့ နေသားတကျ လူနေမှုဘဝကလေးကို ဖျက်လိုဖျက်ဆီး လုပ်ရက်တယ်ဗျာ။ ကိုယ်တွေက လမ်းဘေးမှာ တဲထိုးပြီး ကျူးကျော်အဖြစ်နဲ့ နေသားကျနေပြီ။ ဒါကို စာရင်းတွေကောက်ပြီး အိမ်တွေယာတွေ စီစဉ်ပေးဖို့လုပ်တယ်။ ဒီလို လမ်းဘေးမှာ အသားတကျနေ နေကြတာကို မကျေနပ်လည်း အရင်အစိုးရလို ဘော်ဒူဇာနဲ့လာထိုးပါတော့လား။ အခုတော့. . .ဗျာ။ သူတို့လုပ်တာနဲ့ပဲ လမ်းဘေးမှာ သာသာယာယာနေနေတဲ့ကျူးကျော်တွေ အိမ်နဲ့ယာနဲ့ ဖြစ်ကုန်တော့မယ်။ Dအစိုးရ မကောင်းဘူးဗျာ။ ———————————- ကိုယ်တွေက ကွမ်းတံတွေးတွေ တပျစ်ပျစ် ထွေးထားတဲ့လမ်းပေါ်မှာ လျှောက်ရတာ နေသားကျနေပြီ။ တစ်ခါတစ်ခါဆို ကားပေါ်ကနေ ဗျစ်ခနဲထွေးချသွားတဲ့ ကွမ်းတံတွေး- ထွေးသူတွေကြောင့် စိတ်တိုကြ ဒေါသထွက်ကြ ရန်တွေ ဖြစ်လိုက်ကြနဲ့ […]


ချင်းပြည်နယ်နဲ ့ ဆက်စပ်နေတဲ ့ အနောက်ဖက် အိန္ဒိယနိုင်ငံထဲက ပြည်နယ်က Mizo Ram လို ့ခေါ်တယ်။ Ram ဆိုတာက ပြည် မီဇိုး ပြည်နယ်ပေါ ့။ ဒီပြည်နယ်ထဲမှာ လုရှေ ခေါ် လုရှိုင်း ခေါ် lu sei လူမျိုး ကသည်းလူမျိုး မဏီပူရ် စသည်လူမျိုးကြီးတွေ အများကြီးရှိတယ်။ အားလုံးက ချင်းမျိုးနွယ်တွေ။ ခရစ်ယာန်တွေ။ မြန်မာပြည်ဖက် ချင်းလူမျိုးတွေနဲ ့ ဘာသာစကား ယဉ်ကျေးမှု အမျိုးအနွယ် ဆက်စပ်မှုရှိတဲ ့ အိန္ဒိယနိုင်ငံသားတွေပါ။ ကျနော် အဓိကပြောချင်တာက .. တဖက် လုရှေလူမျိုးတွေအကြောင်း။ ချင်းလူမျိုးတွေဟာ ဇာတိမွေးရပ်မြေကို အလွန်သံယာဇဉ်ကြီး ခင်တွယ်တတ်ကြတဲ ့လူမျိုးတွေ။ ဘယ်လောက်ခရီးဝေးဝေးဖြစ်ဖြစ် ရပ်ဝေးမှာ ဆုံးပါးခဲ ့ရင် […]


( 21 /1 /2017 ) နံနက် ရ နာရီခွဲလောက်က ကားမီးလောင်မှု ဖြစ်ပြီး ကျား ၁ ဦး မ ရ ဦး စုစုပေါင်း ၈ ဦးမီးလောင်သေဆုံးပြီး အမျိုးသားတစ်ဦး အသက်ရှင် လွတ်မြောက်ခဲ ့ပါတယ်။ ဒီသတင်းနဲ ့ပတ်သက်ပြီး ဝေဖန်သူတွေ ကော်မန် ့ပေးသူ အတော်များများက ရှေးရိုးစွဲယုံကြည်မှုတွေနဲ ့ လူ ၉ ယောက်အတူ ကားမစီးကောင်း မတော်တဆဖြစ်တတ်တယ်ဆိုတဲ ့ အမြင်တွေနဲ ့ ရေးသားနေကြတာ တွေ ့ရပါတယ်။ ၉ ဂဏန်းနဲ ့ပတ်သက်ပြီး တောတွင်းပျော်လည်း ခံလိုက်ဖူးသဗျ ဟီး! ဇာတ်ကြောင်းလေးက ဒီလိုပါ .. တောတွင်းပျော် ဆယ်တန်းအောင်တော ့ GTI […]


alinsettJanuary 23, 20171min06
“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ‌အထက်ပါ link ကတော့ ”မပြန်လမ်းတဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…”ဆိုတဲ့ အမည်နဲ့ အမြန်လမ်းအကြောင်း ပွစိပွစိနည်းနည်း ပြောထားတဲ့ပိုစ့် ဖြစ်ပါတယ်။     အဲ့ဒီပိုစ့်ကို ရေးတုန်းက နိုဝင်ဘာ ၂၂/၂၀၁၆ ။ အဲဒီပိုစ့်ထဲမှာ အမြန်လမ်းရဲ့ အလယ်က လမ်းအလယ်ကျွန်းကြီးဟာ မလိုအပ်ဘဲ သိပ်ကြီးပြီး ကျယ်နေလွန်းတယ်လို့ ကျနော် ဝေဖန်ခဲ့ပါတယ်။                                               […]


ေမာင္ရိုးJanuary 21, 20171min014
#တော်လှန်ရေး၏ တတိယမြောက်နေ့ “” လှည်းတန်း . . သမိုင်း . . အင်းစိန်ပန်းခြံ . . ” “အင်းစိန်ပန်းခြံအထိရောက်မယ် . . အခမဲ့ . . အခမဲ့ . . . ” . . အထက်ပါအသံမှာ မောင်ဆာမိတစ်ယောက် အာခေါင်ဖြဲ၍အော်လိုက်သောအသံဖြစ်သည် ။ မောင်ဆာမိသည်ကား လိုင်းကားဆွဲနေလေပြီ ။ ကြားကားမဟုတ် ။ YBS မဟုတ် ။ အခမဲ့ စာတန်းများ ပတ်လည်ကပ်လျှက် ဆူးလေရင်ပြင်၏လူစည်ကားရာကားမှတ်တိုင်တွင် ဝင်ရောက်ရင်းအော်လိုက်သောအသံဖြစ်လေတော့သည် ။ “ဘယ်ရောက်မလဲ ဘယ်ရောက်မလဲ . ” ” ပန်းခြံ. . အင်းစိန်ပန်းခြံအထိ ” မေးသူကမေး၏ ။ […]


– – – – ဟော  တော့  .. ဒီတစ်ခါလဲ  လမ်းမှားပြန်ပြီထင်ပါရဲ့တော်… ကျုပ်မှာက ပဲပြုတ်တစ်တောင်းခေါင်းရွက်ပြီး ကိုးကြောင်းကိုးကျင်းလှည့်နေကျဟာကို.. တခြားဘယ်ရွာဖြစ်ဖြစ်  မျက်စေ့မှိတ်သွားတောင် ရောက်တာချည်းပါတော်…. ဟောသည်  မန်းဂဇက်ဆိုတဲ့ရွာကြီးဘက်သွားမိပြီဆိုမှဖြင့် အရင်အိမ်တွေလဲမတွေ့.. အရင်လူတွေလဲမရှိသလောက်.. အရင်လမ်းတွေလဲ မမှတ်မိ.. ပေါ်လာလိုက်  ပျောက်သွားလိုက်နဲ့ … ကြည့်ရတာ  ငယ်ငယ်ကကြားဖူးတဲ့  ကြပ်တွေတည်တဲ့  ကြပ်ရွာကြီးများလားမသိပေါင်တော်.. ဒါဆိုလဲ  ကြပ်ရွာကြီးပဲဆိုဦးတော့  ရွာတစ်ရွာ သူကြီးတစ်ဦးတော့ ရှိရိုးမဟုတ်လား.. အဲ့ သူကြီးကိုက  ပေါ်လိုက်ပျောက်လိုက်ဆိုတော့  ကြပ်သူကြီးပဲဖြစ်မယ်ထင်ရဲ့.. အဲဒါ ဘာဖြစ်ဖြစ်ပါတော်.. ဒီရွာဘက်ရောက်မှတော့  ကျုပ်ဘဝါဘဝက ပြုပြုသမျှ ကုသလတွေကို မိတ်ဆွေရွာသား  ကြပ်အများကို အမျှ .. အမျှ .. အမျှရစေ   မေတ္တာဝေပါရဲ့ .. ကျန်းမာ ချမ်းသာ လန်းဖြာကြပါစေ… […]


ko sixJanuary 20, 20171min01
မင်းအပြောကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ငါ့အပြောကလည်း အောက်စီဂျင်ဖြစ်မလာ တစ်စတစ်စ ကမ္ဘာကြီး ပူနွေးလာတာပဲ အဖတ်တင်တယ် အပြောကိုချွေတာ ကြော်ငြာနေရုံနဲ့ ထမင်းမဝဘူး နေဝင်တိုင်း အိပ်တန်းမတက်ရတဲ့ ဘဝတွေ ရေရဲရင် ရေပြီးမှ ပြော။ ကိုစစ်(ရူပဗေဒ)


အင်း သားက မန်းဘာအသစ်လေးပါခင်ည… ဘာရယ်ဟုတ်ဘူး.. အဟောင်းတွေကို မေ့ထားချင်ပေမယ့် စိတ်ထဲသတိရနေတယ်…. ဘာရယ်ဟုတ်ဘူး.. သတင်းအတိုအထွာတွေ ဂျာနယ်ဖိုးအကုန်ခံပြီးတင်တတ်တဲ့ ဟိုလူဂျီးကို သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. လစ်ဘရယ် လစ်ဘရယ်နဲ.အော်အော်နေတဲ့ ဝိတ်နဲ.ဖိတတ်တဲ့ ဟိုဖက်တီးကြီးကို သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. ဟာသပါကွာဆိုတဲ့ ဦးကျော်ဟိန်းကြီးကိုလဲ သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး… လည်ကတုံး နဲ. ပုဆိုးအမြဲတမ်းဝတ် သူကိုသူ လူပျိုကြီး ဆိုတဲ့ လူကြီးကို လဲ သတိရနေတယ်… ဘာရယ်ဟုတ်ဘူး… မျက်မှန်လေးပင့်ကာပင့်ကာနဲ. ယောင်္ကျားပဲယူတော့မယ့် လွှတ်တော်ထဲ သွားသွားအိပ်တဲ့ လူကြီးကို သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး.. ကင်မရာတွေ လွယ်လွယ်ပြီး ဟန်ရေးပြတတ်တဲ့ လူကြီးတွေကို သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး… ပွဲတိုင်း အုပ်ထိန်းသူပါပါလာလို. ဖွန်းမကြောင်လိုက်ရတဲ့ အချောအလှလေးဒွေဂိုလဲ သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. ပွဲတိုင်းကျော်တဲ့ ဟိုအိုကြီးအိုမ အရမ်းတက်ကြွတဲ့ […]


ko sixJanuary 20, 20171min08
========///======== ဒီတစ်ခါက သိသိကြီးနဲ့ ကြုံရတာပဲ ဖြစ်သည်။ စ, ပါမည်။ ဝိညာဉ်ဆိုတာကို အယုံအကြည်ကင်းပေမေယ့် လူတစ်ယောက်သေသွားတဲ့အခါ အနည်းနဲ့အများ မကောင်းသော အာရုံ အသန္နကံအကြောင်းတရားကြောင့် အပါယ်ဘုံ လေးဘုံထဲက အသုရကာယ်ဘုံကိုတော့ ရောက်သွားနိုင်သည် မဟုတ်ပါလား။ သေချာတတ်အပ်တော့ အသိအမြင် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ကိုယ်တွေ့လေးတော့ ပြောပြပါရစေဦး။ အဲ … ဝိညာဉ်လေးနဲ့ပါ မိတ်ဆက်ပေးချင်ပါသည်။ (သေချာတော့ မပြောလိုပါဘူး) ××× ” ဟေ့.. မင်းအားရင် တစ်ခုခုသောက်ရအောင် ရွှေကုက္ကို ကို လာခဲ့ကွာ” ဒီလို ဖုန်းဆက်လာသူက ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ ခု သူက ပြည်ထဲရေးမှာ တိုက်နယ်ဒုစရိုက်နှိမ်နင်းရေး ရဲအရာရှိ တစ်ယောက်။ “အေးပါ။ ဘာကိစ္စ ရှိသေးလဲဟ” ဤသို့ […]